"ခေတ်နေ ဘာတွေဖြစ်လို့လဲ နင့်မျက်နှာလေးလည်း ချောင်ကြသွားလိုက်တာ "
မြင့်မိုရ်ရဲ့စကားကို ရွှန်းကလည်း ထောက်ခံတယ်။
"ဟုတ်တယ် နင့်မှာဘာစိတ်ညစ်စရာတွေရှိနေတာလဲ မှူးသက်တန့်ကြောင့်လား "
"ငါတို့နှစ်ယောက်ပြတ်သွားပြီ "
"ဟယ် ဘယ်လိုဖြစ်တာလဲ ငါတို့ OTP လေး ငါတို့ဘာမှလည်းမသိရပါလား "
"ငါလည်း သူ့ကိုချစ်လွန်းလို့ ဆုံးဖြတ်လိုက်ရတာပါဟာ ငါ့ရင်ထဲမှာ နာကျင်ရလွန်းလို့ ထုံနေပါပြီ သူငါ့အပေါ် တကယ်မချစ်ခဲ့ဘူးလို့ ငါထင်တယ် "
"ငါတို့ကို သေချာနားလည်အောင် ပြောပြပါဦး "
" သူအခုထိ ကောင်မလေးနဲ့မပြတ်သေးဘူးလေ ငါဖြစ်စေချင်တာက သူတစ်ယောက်ကို ပြတ်ပြတ်သားသား ရွေးချယ်သင့်တယ် သူအခုလို ငါးရံ့နှစ်ကောင်ဖမ်းတာမျိုး ငါလက်မခံနိုင်ဘူး အဲ့ဒါကြောင့် ငါသူ့ကိုလမ်းခွဲလိုက်တာ ပြီးတော့ ငါကနောက်လူမဟုတ်လား ငါပဲနောက်ဆုတ်ပေးသင့်တာပေါ့ ငါ့ကြောင့် သူ့ကို ပတ်ဝန်းကျင်က လက်ညှိုး ထိုးကြမှာလည်း မလိုလားဘူး "
ခေတ်နေ ပြောရင်း မျက်ရည်လေးဝဲလာတယ် ။
"ခေတ်နေ ငါတို့စိတ်မကောင်းပါဘူးဟာ တကယ်တော့ အခုလိုတွေဖြစ်ရတာ ငါတို့အပြစ်လည်းမကင်းဘူးပဲ နင့်ကိုမြှောက်မပေးခဲ့သင့်ပါဘူး "
"မဟုတ်တာပဲ မြင့်မိုရ် ရယ် နင်တို့ဘယ်လောက်ပဲ မြှောက်ပေးနေပါစေ ငါတို့ကိုယ်တိုင်မပါရင် မဖြစ်ပါဘူး "
"ခေတ် နင်တို့တကယ်ပဲ လမ်းခွဲလိုက်ပြီပေါ့နော် 😔😔 "
"ငါ စိတ်မကောင်းပါဘူး ရွှန်းရယ် နင်အရမ်းမျှော်လင့်ထားတာ ငါသိပါတယ် "
"နင်မမှားပါဘူး နင်ဆုံးဖြတ်တာမှန်တယ်လေ နင့်နေရာမှာ ငါဆိုလည်း ဒီလိုပဲ တွေးမိမှာပဲ "
" ငါနင်တို့ကိုရင်ဖွင့်လိုက်ရတာ ငါဝမ်းသာတယ် အနည်းဆုံးတော့ တစ်ယောက်တည်း ကြိတ်ခံစားနေစရာမလိုတော့ဘူးပေါ့ ဒါနဲ့ ဟိုကောင်မလေးကို အပြင်ထွက်ခိုင်းလိုက်ရတာ အားနာစရာကြီး ပြန်ခေါ်လိုက်ပါဦးဟာ "
"အေး မေ့တောင်နေတယ် 😂😂 ရွှန်း ငါ ယုယကိုခြံထဲမှာသွားခေါ်လိုက်ဦးမယ်နော် "
မြင့်မိုရ် ယုယကိုခေါ်ဖို့ ခြံထဲဆင်းသွားတယ် ။
"ခေတ် မပြန်နဲ့ဦးဟာ ငါတို့မုန့်လုပ်စားနေကြတာ နင်လည်းစိတ်ပြေလက်ပျောက် ငါတို့နဲ့နေဦးလေ "
"အေးပါ ရွှန်းရယ် နင်တို့နဲ့တွေ့လိုက်ရတော့ ခံစားရတာနည်းနည်းပေါ့သွားသလိုပဲ 😅😅 "