Part 15 (Rated - M)

3.8K 228 11
                                    

မနက်စောစော အိမ်ရှေ့က ဘဲလ်သံကြောင့် ရွှန်းနိုးသွားတယ် ။ ခြံတံခါးထဖွင့်တော့
"ဟယ် နင်နင်တို့နှစ်ယောက် ဘယ်လို ……"
" အရမ်းမအံ့သြပါနဲ့ဟ ငါနဲ့ငမှူး ပြန်အဆင်ပြေသွားပြီ "
"ဟင် ယုယမေ ရော "
"ငါတို့က နဂိုတည်းက ချစ်သူတွေမှ မဟုတ်ခဲ့တာ "
" wae ဘာတွေလဲဟာ "
မှူးသက်တန့် နဲ့ လင်းခေတ်နေ အကြောင်းစုံရှင်းပြပြီးနောက်
"Aww ယုယမေက ငမွှေထိုးမပဲ တော်တော်ပြသနာရှာတယ် "
"ငါ မြင့်မ်ုရ် ကို တောင်းပန်ချင်တယ် ရွှန်း အဲ့ဒါ ငါမျက်နှာပူလို့ နင်ပါလိုက်ခဲ့ပေးနော် "
"အေးပါ အခုတော့ ခဏနေဦး မျက်နှာတောင် မသစ်ရသေးဘူး "

မြင့်မိုရ်ကလည်း အရင်ကတည်းက ခေတ်နေပေါ်မှာ  အပြစ်မြင်ခဲ့တာ မဟုတ်တော့ အများကြီး ရှင်းပြနေစရာ မလိုပါဘူး ။ သူတို့နှစ်ယောက် အဆင်ပြေတာမြင်ရင်ပဲ ကျေနပ်နေတာဆိုတော့ ။ ဖြစ်နိုင်ရင် ဘယ်လို အနှောက်အယှက် အတားအဆီးမှ ထပ်မရှိစေချင်တော့ဘူး ။

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

ကျွန်တော် ခေတ်နေပေါ်မှာ မှားခဲ့သမျှ ဆိုးခဲ့မိသမျှ ပြန်ပေးဆပ်ပြီး သူ့ကို အတတ်နိုင်ဆုံးပျော်အောင်ထားမယ် ။ ချစ်ရသူလေး အမြဲပြုံးနေစေရမယ် ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု အပြည့်နဲ့ လက်တွဲသွားနိုင်ရင် ဘယ်သူမှကြားဝင်ဖြတ်နိုင်တော့မှာ မဟုတ်ပါဘူး ။ အခုမှ ချစ်စခင်စ ချစ်သူတွေလိုပဲ တစ်စက္ကန့်လောက်လေးတောင် ခွဲမနေချင်ဘူး ။ တစ်ချိန်လုံး ရင်ခွင်လေးထဲမှာပဲ ထည့်ထားချင်တာ ။ Baby ကို့ရဲ့အရာရာတိုင်းက မင်းအတွက်ပါကွာ ။
" ငမှူး ဘာတွေစဉ်းစားနေတာလဲ "
ကုတင်ပေါ်မှာ အိပ်မှုံစုံမွှား လေးနဲ့ ငုတ်တုတ်ထိုင်ပြီး လှမ်းမေးနေတဲ့ ခေတ်နေ ။ မှူးသက်တန့် ပြတင်းပေါက်ကနေ အပြင်ကိုငေးနေရာက လှည့်ကြည့်ပြီး
" အားးး ကိုယ့် baby လေးက အိပ်ယာနိုးကာစမှာလည်း ဆွဲဆောင်မှုရှိနေတာပဲနော် "
ခေတ်နေ အနားသွားပြီးတော့ morning kiss လေး ပေးလိုက်တယ် ။ ခေတ်နေ ပြန်တုံ့ပြန်နမ်းလိုက်တော့ မှူးသက်တန့် က တွန်းလှဲလိုက်တယ် ။
"ငမှူး မင်းဘာလုပ်ဦးမလို့လဲ အခုမှ မိုးလင်းတာနော် ပေါက်ကရထပ်လုပ်ဖို့မကြံနဲ့ "
"Baby က ဒီလောက် ချစ်ဖို့ကောင်းနေတာ ကိုယ်က မချစ်ဘဲနေနိုင်ပါ့မလားကွာ "
"ငါ အိမ်ပြန်ရမယ် မေမေ့ကို မနက်စောစောပြန်လာမယ်ပြောထားတာ "
"ကိုယ့်နားမှာပဲ အမြဲမနေပေးနိုင်ဘူးလားကွာ "
"ငါလည်းနေချင်တာပေါ့ ဒါပေမယ့် ငါက မင်းလိုတစ်ယောက်တည်းနေတာ မဟုတ်ဘူးလေကွာ ငါ့မေမေကို ပြစ်ထားလို့ရမလား "
"ငါလည်း မင်းလို မိဘ တွေနဲ့နေဖူးချင်လိုက်တာ "
မှူးသက်တန့် စကားကြောင့် ခေတ်နေ စိတ်မကောင်းဖြစ်သွားတယ် ။ ဟုတ်တယ် သက်တန့်ရဲ့ မိဘတွေက သက်တန့်ငယ်ငယ်ကတည်းက ကွဲသွားပြီး တစ်ယောက်တစ်အိမ်ထောင်စီနဲ့ ဖြစ်ကုန်ကြတယ် ။.သက်တန့်ကိုတော့ သူ့အဘိုးနဲ့အဘွားကပဲ ခေါ်ပြီး စောင့်ရှောက်ထားတာ ။ သူ့အဘိုးနဲ့အဘွား ဆုံးတော့ သူခမျာ တစ်ကောင်ကြွက်လို ဖြစ်ခဲ့ရတာ ။  သူက သူ့မိဘတွေကို အရမ်းစိတ်နာနေတဲ့သူ ။ ပြီးတော့ မိဘတွေရှိလျက်နဲ့ မိဘမဲ့လိုဖြစ်နေရတဲ့ မှူးသက်တန့် က သူ့လိုဘဝတူလေးတွေကို စာနာတတ်တဲ့စိတ်တော့ ရှိပါတယ် ။ အမြဲတမ်း မိဘမဲ့ဂေဟာမှာ လှူဒါန်းမှုလုပ်လေ့ရှိတယ် ။
"စိတ်မကောင်းမဖြစ်ပါနဲ့ကွာ ငါ့အမေကိုမင်းအမေလိုပဲ သဘောထားပေါ့ "
"စိတ်မကောင်းမဖြစ်စေချင်ရင် ကိုယ့်ကို ကိုကိုလို့ခေါ် "
"ဟမ် ဘာမှလည်းမဆိုင်ဘူး မခေါ်နိုင်ပါဘူးနော် ငမှူးက ငမှူးပေါ့ "
"မခေါ်ဘူးလား ရတယ်လေ baby အိမ်ပြန်ဖို့ စိတ်မကူးနဲ့တော့ "
"Yarr မှူးသက်တန့် "

Fujoshi ရေးတဲ့ဖူးစာ (Complete) Where stories live. Discover now