ဒီကိစ္စ ဒီတိုင်းထားလို့မရတော့ဘူး ။ စာပေးပြီး ချိန်းခြောက်တာတောင် ဒင်းတို့က ကြောက်ပုံမရဘူး ။ ကိုယ်တိုင် သွားပြောမှရမယ် ။ ကန်တင်းမှာထိုင်နေရင်း ရွှန်းနဲ့မြင့်မိုရ် က်ု တွေ့လို့ ခေတ်နေ နောက်ကလိုက်သွားလိုက်တယ် ။
"ရှေ့ကနှစ်ယောက် ခဏရပ်ပါဦး ပြောစရာရှိလို့ "
ရွှန်းတို့ လှည့်ကြည့်ပြီး
" ရှေ့က ဘယ်နှစ်ယောက်ကို ပြောတာလဲ "
"နင်တို့နှစ်ယောက် ကိုပြောတာလေ ဘယ်သူ့ကိုဖြစ်ရမှာလဲ "
"Aww ငါတို့ကိုလား မသိဘူးလေ ရှေ့မှာက လူတွေအများကြီးဆိုတော့ မသေချာလို့မေးကြည့်တာ ဟီးးးး "
"ဒါ နောက်နေရမယ့် အခြေနေမဟုတ်ဘူးထင်တယ် နင်တို့နဲ့ စကားအေးဆေးပြောချင်တယ် ငါ့နောက်ကလိုက်ခဲ့ "
ရွှန်းနဲ့မြင့်မိုရ် လည်း ခေတ်နေမျက်နှာတည်နဲ့ပြောနေတော့ အပိုးကျိုးပြီး လိုက်သွားတယ် ။ လူနည်းနည်းရှင်းတဲ့နေရာရောက်မှ ခေတ်နေက
" နင်တို့ ဘာလို့ အဲ့လိုလုပ်နေတာလဲ "
"ငါတို့ဘာလုပ်လို့လဲ "
"စာရေးတဲ့ကိစ္စကို ပြောနေတာ "
"ငါတို့ ထပ်မလုပ်တော့ဘူး လို့ ပြောပြီးပြီလေ "
"ဒါပေမယ့် နင်တို့ကြောင့် ငါပိုခက်ခဲတယ် နင်တို့ ဘာလို့ ငါတို့ကို အဲ့လို လိုက်စရတာလဲ "
"နင်ဘာပြောချင်တာလဲ ခေတ်နေ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ "
"အေးပြောမယ် ယောကျာ်းလေးတစ်ယောက်နဲ့ အစနောက်ခံရတာ ပျော်စရာ ကောင်းတယ်ထင်နေလား "
"နင်တို့ကို ထပ်မစတော့ဘူး ပြောပြီးပြီလေ ဘာဖြစ်နေတာလဲ "
"အချိန်တွေကလွန်ကုန်ပြီ နင်တို့သိလား ငါ့ခံစားချက်တွေကို ငါဘယ်လိုရပ်တန့်ပစ်ရမှာလဲ ပြီးတော့ သူ့မှာလည်း ချစ်သူရှိတယ် ငါ့အတွက် သူ့ဆီမှာ နေရာမရှိဘူး "
"ဘာ ခေတ်နေ နင်ဘာပြောလိုက်တာလဲ "
"ဟုတ်တယ် ငါသူ့ကိုချစ်မိသွားပြီ အဲ့ဒါနင်တို့နဲ့ အများကြီး သက်ဆိုင်မှုရှိတယ် နင်တို့လုပ်ရပ်တွေကြောင့် ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ခဲ့ဘူး နင်တို့ဘာလုပ်ပေးမှာလဲ "
"ခုံပေါ်မှာ နာမည်လေးရေးမိတာ အဲ့လောက်အပြစ်ကြီးသွားတာလား 😑😑 Ok ပါ နင်ပြောသလို ငါတို့ကြောင့်ဆိုလည်း ငါတို့ တာဝန်ယူနိုင်တယ် "
"နင့်စကားကဘာလဲ ရွှန်း "
"ဒီမှာ ခေတ်နေ ငါတို့ Fujoshi သက်တမ်းအရ အတွေ့ကြုံတွေအများကြီးရှိပါတယ်ဟ 😁😁 သူ့စိတ်ထဲမှာ နင့်အတွက်နေရာရှိကိုရှိတယ် သူ့ကောင်မလေးအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာတော့ မပြောတတ်ပေမယ့် နင့်အပေါ်မှာလည်း သူငယ်ချင်းဆိုတာထပ်ပိုတယ် "
"ဟုတ်တယ် ခေတ်နေ ရွှန်းပြောတာမှန်တယ် အဲ့ကောင် ဘာတွေတွေးနေတယ် ဆိုတာ ငါတို့ဖော်ထုတ်ပေးမယ် လက်ခံလား "
"မဖြစ်သေးပါဘူး ဟာ သူက နင်တို့ပြောသလို မရိုးဘူးပဲထားပါဦး ငါသိတော့ရော ဘာမှလုပ်လို့မှမရဘဲ "
"တွဲလို့ရတယ်လေ 😌😌"
"ဟာ ယောကျာ်းလေးအချင်းချင်း တွဲတော့ ပတ်ဝန်းကျင်က ပြောကြမှာပေါ့ "
"ပတ်ဝန်းကျင်က အပြောမခံရအောင်နေမယ်ဆို ဘာသောက်လုပ်မှ လုပ်မနေနဲ့တော့ အဲ့လိုနေရင်တောင် စောက်ပျင်းဆိုပြီး ကင်းပွန်းတပ်ပေးချင်ပေးဦးမှာ အဲ့ပတ်ဝန်းကျင်ကို ဂရုစိုက်နေလို့ကတော့ ဘာအလုပ်မှမဖြစ်ဘူး "
"သူ့မှာက ရည်းစားကြီးနဲ့လေ "
"အဲ့ဒါဆို နင့်အနားဘာလို့ကပ်နေသေးလဲ သူ့ရည်းစားထပ်တောင် နင့်အနားပိုကပ်သေးတယ် "
"အေးပါ ဟုတ်ပါပြီ ကြည့်ကြသေးတာပေါ့ "
"ဒါပေမယ့် ငါတို့ လုပ်လို့မရဘူး နော် နင်ကိုယ်တိုင် လုပ်မှရမှာ "
"ဟမ် ပြောတော့ နင်တို့ဖော်ထုတ်ပေးမှာဆို "
"အေးလေ ငါတို့က ဖော်ထုတ်ပေးမယ် ဒါပေမယ့် နင်ကိုယ်တိုင်လည်း ပါမှရမှာပေါ့ "
"ငါက ဘာလုပ်ရမှာလဲ "
" နင်နောက်နေ့ကစပြီး မှူးသက်တန့် နဲ့ ဝေးဝေးနေဟာ အရင်ကလောက် ပူးပူးကပ်ကပ် မလုပ်နဲ့ စကားလည်းလိုအပ်မှပြော မေးထူးခေါ်ပြောလောက်ပဲနေ "
"အဲ့တော့ သူက ဘာဖြစ်မှာမို့လို့လဲ "
"Aww ခေတ်နေရယ် ဝေးလိုက်တာ သူသာ နင့်ကို မရိုးသားစိတ်ရှိရင် အဲ့အခါ ပေါ်လာလိမ့်မယ် သူနင့်အနားမကပ်ဘဲ နေနိုင်မယ်မထင်ဘူး "
" သူငယ်ချင်းမို့လို့ကပ်တာပါဟာ တခြားစိတ်မရှိလောက်ပါဘူး "
"စောင့်ကြည့်နေပါ ခေတ်လေးရယ် မားတို့ပြောတာ မှန်စေရမယ် "