ငမှူးနဲ့ ခေတ်နေ ပြန်ထွက်လာတာမြင်တာနဲ့ ရွှန်းနဲ့မြင့်မိုရ် လည်း အခန်းဘက်ကို အမြန်ဝင်ပြေးရတယ် ။ အခန်းထဲလည်းရောက်ရော သိန္ခက
"နင်တို့နှစ်ယောက်ဘာဖြစ်လာတာလဲ အမောတကောနဲ့ "
"ဘာမှမဖြစ်ပါဘူးဟာ ငါတို့ကိစ္စနဲ့ ငါတို့ပါ "
ပြောလို့တောင်မဆုံးသေးဘူး ။ မှူးသက်တန့်နဲ့ လင်းခေတ်နေ လည်း အခန်းထဲဝင်လာတယ် ။
"မင်းတို့နှစ်ကောင်လည်း စောနကထွက်သွားတုန်းက ရုပ်နဲ့အခုရုပ် မတူတော့ပါလား သက်တန့် မင်းခုဏကကျတော့ ခေတ်နေကို အသေသတ်တော့မယ့်ပုံနဲ့ အခုကျတော့ပြုံးဖြီးလို့ "
"မင်းကလည်းကွာ စပ်စုလိုက်တာ ငါတို့ကိစ္စနဲ့ငါတို့ပေါ့ "
"လာပြန်ပြီလား ငါတို့ကိစ္စနဲ့ငါတို့ ဟိုနှစ်ယောက်မေးတော့လည်း အဲ့လိုပဲ မင်းတို့နှစ်ယောက် မေးတော့လည်း အဲ့လိုပဲ "
"ဘယ်နှစ်ယောက်လဲ သိန္ခ "
"မမေးနဲ့ ဘယ်သူဖြစ်ဖြစ် အဲ့ဒါငါ့ကိစ္စ 😕😕 "
ဆရာဝင်လာတာနဲ့ ဆက်မမေးတော့ဘဲ နေလိုက်တယ်။ ငမှူးက ခေတ်နေနားတအားကပ်နေလို့ ခေတ်နေကအတင်းတွန်းထုတ်နေတာတောင် မရဘူး ။ ကော်နဲ့ကပ်နေသလားထင်ရတယ်။
"ငမှူး ငါ့နားကပ်မနေနဲ့ စာလိုက်ကြည့် ဆရာတွေ့ရင်အဆူခံရလိမ့်မယ် "
"မရဘူး baby နားပဲ ကပ်ချင်တာ "
"အားး ဆိုးလိုက်တာကွာ မင်းရုပ်ကြီးနဲ့များ နွဲ့နေလိုက်တာ လွှတ်စမ်းပါ အနားမကပ်နဲ့ "
"ကိုကိုလို့ခေါ်ရင် လွှတ်ပေးမယ် "
"ဘာ ⚽လို ကိုကိုရမှာလား "
"ကိုကိုက ပေပီလေးထက်အသက်ကြီးတယ်လေ ပေပီရဲ့ "
"ဟိုနှစ်ကောင် စာလိုက်မကြည့်ဘဲ စကားပြောနေကြပြန်ပြီလား ထစမ်း မတ်တပ်ရပ် လက်မြှောက်ထား "
ဆရာအပြစ်ပေးတော့မှ မျက်နှာငယ်လေးတွေနဲ့ အပ်ုးကျိုးသွားတော့တယ် ။သင်တန်းပြန်တော့ မြင့်မိုရ် က
"ရေး ငါတို့ OTP လေး Comfirm သွားပြီကွ ရွှန်း.ဘာဖြစ်နေတာလဲ မျက်နှာကြီးကလည်း နင်ရောမပျော်ဘူးလား "
"ပျော်တော့ပျော်တာပေါ့ဟာ ဒါပေမယ့် နင်မေ့နေတာတစ်ခုရှိသေးတယ်နော် "
"ဘာလဲဟ "
"မြင့်မိုရ် မှူးသက်တန့်က သူ့အစစ်မနဲ့ပြတ်သေးတာမဟုတ်ဘူးနော် ခေတ်နေကို အပျော်ကစားသွားတာမျိုးဖြစ်မှာစိုးရိမ်မိတယ် "
" အာ ရွှန်း ဟုတ်ပါ့ဟာ ငါမေ့သွားတာပဲ မှူးသက်တန့်က နှစ်ယောက်လုံးကို တွဲပြီး လှေနံနှစ်ဖက်နင်းလို့ရမလား တစ်ယောက်တော့ရွေးရမှာပေါ့ "
"ငါတို့ကလေးကို ထိခိုက်မှာ စိတ်ပူတယ် သူသာတစ်ခုခုခံစားခဲ့ရရင် ငါတို့အပြစ်မကင်းဘူးနော် "
"ဟူးးး ရွှန်းရယ် ပျော်နေတာလေးတောင် ပျောက်သွားပြီ "
"ခေတ်နေကိုတော့ သတိပေးထားဦးမှပါ "