Part 10

1.3K 113 4
                                    

ဟိန်းမြတ်​သူ Newsfeed ကြည့်​​နေရင်း Messenger မှ noti တက်​လာသည်​။

Hsu Mon Khaing is waving at you ဆိုပဲ။

ဆုမွန်​ခိုင်​ဆိုတာ သူနှင့်​ Workshop တစ်​ဖွဲ့တည်းကျ​သော IT ကတစ်​​ယောက်​။ မြူနှင်း​ဝေရဲ့ အခန်း​ဖော်​ဟုလည်းကြားမိသည်​။ သူက ဘာကိစ္စရှိလို့ပါလိမ့်​။ မြူနှင်း​ဝေ နှင့်​ပတ်​သက်​​နေသလား။
သူပြန်​ wave လိုက်​သည်​။

"ဟဲ့ နင်​က မြူနှင်း​ဝေ ရည်းစား​ဟောင်းမလား"

ထင်​သည့်​အတိုင်းပင်​။
သူများအမြင်​​တွင်​ သူက လူဆိုးကြီးပင်​။
မြူနှင်း အ​နေနှင့်​ အဲ့​လောက်​ထိခံစားမ​နေသင့်​​တော့။ သူ့သူငယ်​ချင်းများကလည်း သူ့ဘက်​မပါကြ။
မြူနှင်း ဘက်​ကသာပါသည်​။

"အခု မြူနှင်းအရမ်းငို​နေတယ်​။ ဘယ်​လိုလုပ်​ရမှန်းလဲမသိဘူး ။ အိပ်​ခိုင်းတာလည်းမရဘူး။ နင့်​ကိုပဲ​ခေါ်ခိုင်း​နေတယ်​"

ထိုမိန်းက​လေး အစွဲအလမ်းကြီးချက်​က​တော့။
ထပ်​မဆက်​သွယ်​​တော့လို့ ​မေ့​နေပြီထင်​တာ။
တစ်​ခုခုဆို အရမ်းခံစားတတ်​​သော အရင်​အကျင့်​ကမ​ပျောက်​​သေးဘူးထင်​သည်​။ ခုလည်း ​သောက်​ပြီးငို​နေတာဖြစ်​ရမည်​။ သူ ချုံးပွဲချငို​နေပြီဆိုရင်​​တော့ ​သောက်​ထားလို့ဆိုတာလုံးဝ​သေချာသည်​။

"အဲ့ဒါ ငါနဲ့ဆိုင်​လို့လား"

ဟိန်းမြတ်​၏ reply ကိုကြည့်​ပြီး ဆုမွန်​​ဒေါသထွက်​သွားသည်​။ ဘယ်​လို​ကောင်​လဲကွာ။ မြူနှင်း က​တော့ ဝရံတာဘက်​ထွက်​ပြီးငို​နေသည်​။ ငါ့သူငယ်​ချင်း​လေး​ရေ နင်​ဘယ်​လို​ကောင်​ကိုချစ်​မိ​နေတာလဲဟာ။

"သူငို​နေ​တော့ ငါမကြည့်​ရက်​​တော့လို့်ပါဟာ။
နင်​နည်းနည်းပါးပါး​ပြောကြည့်​ပါလား။ သူက နင်​​ပြောရင်​နား​ထောင်​မှာ"

မြူနှင်း နှင့်​ပြန်​ဆက်​သွယ်​မိလျှင်​ ပြန်​စိတ်​ယိုင်​သွားမည်​ဆိုး၍ မဆက်​သွယ်​ပဲ​နေပါတယ်​ဆို။ တခါတ​လေ အရမ်းစိတ်​ပင်​ပန်းချိန်​ဆို ချစ်​သူဖြစ်​သူ အိမ့်​မြတ်​ထက်​ မြူနှင်း ကိုသာ အရင်​သတိရမိသည်​ကို
သူ့ကိုယ်​သူသာသိသည်​။ သူနှင့်​ပြန်​ပတ်​သက်​မိ၍
မြူနှင်း ထိခိုက်​ခံစားရမည်​ကိုမလိုလား။
မြူနှင်း ကို သူ သံ​ယောဇဉ်​ ရှိပါသည်​။ မချစ်​နိုင်​တာ​လေးတစ်​ခုပါပဲ။

"ငါက..?"
"ဘာဆိုင်​လို့လဲ "

ဆုမွန်​ အခုချက်​ချင်း ​ယောက်ျား​လေး​ဆောင်​သွားပြီး ထိုအ​ကောင်​ကို လည်​ပင်းညစ်​သတ်​ချင်​စိတ်​​တွေ​ပေါ်လာသည်​။

"နင်​သူ့ကိုနားချကြည့်​ပါ။ သူ အခုတ​လော စာလည်းမလုပ်​ဘူး။ ဒီ​နေ့ဆို​သောက်​ထားတာ။ အရမ်းလည်းငို​နေတယ်​။ သူငယ်​ချင်းလိုပဲ ဖြစ်​ဖြစ်​ ပြန်​​နေ​ပေးပါလားဟင်​။ ငါ​တောင်းဆိုတာပါ"

"သူ့ဘာသာသူ feel ​နေတာ ငါနဲ့ဘာ​ဆိုင်​လဲဟင်​။
သူအဲ့လိုလုပ်​​နေလို့ ငါ့မှာလူမုန်းများရပြီးပြီ။
သူနဲ့ထပ်​ပြီးမပတ်​သက်​ချင်​​တော့ဘူး။
အိမ့်​မြတ်​ သိရင်​လည်းမ​ကောင်းဘူး"

ဖုန်းထဲက​နေပါးလှမ်းရိုက်​လို့ရ​သော app သာရှိလျှင်​ ဆုမွန်​ အရင်​ဆုံးရိုက်​မိမှာ ဟိန်းမြတ်​သူဆို​သောထိုအ​ကောင်​ပင်​။ ဘယ်​လို​တောင်​​ပြောရက်​တာ။ ကိုယ့်​အ​ပေါ်ကို အရမ်းချစ်​​ပေးခဲ့တဲ့မိန်းက​လေးတစ်​​ယောက်​ကို ..ဘယ်​လို​တောင်​။
ဆဲချင်​စိတ်​ကိုမနည်းထိန်းထားရသည်​။
လူလိုမသိတဲ့​ကောင်​...။

မြူနှင်း တစ်​​ယောက်​ ဝရံတာမှာရပ်​​နေရင်း​ကောင်းကင်​ကို​မော့ကြည့်​​နေမိသည်​။ ဒုတိယထပ်​ဖြစ်​၍ ​အောက်​ဘက်​ကိုလည်း​ကောင်း​ကောင်းမြင်​ရသည်​။
အ​ဆောင်​​ရှေ့တွက်​ ​ယောက်ျား​လေးများရှိ​နေသည်​ထင်​သည်​။ သီချင်းလာဆိုကြတာပဲ​နေမည်​။
သစ်​ပင်​ကွယ်​​နေ​သော​ကြောင့်​တစ်​ချက်​၊ ​မှောင်​​နေ​သော​ကြောင့်​ တချက်​၊ သဲသဲကွဲကွဲ မမြင်​ရ။

အ​ဆောင်​​ရှေ့က ​ကောင်​​လေးတစ်​​ယောက်က​တော့ အ​ဆောင်​မီးအလင်း​ရောင်​​ကြောင့်​ မြူနှင်း​ဝေ
ကို ​ကောင်း​ကောင်းမြင်​​နေရသည်​။ဝရံတာမှာလက်​​ထောက်​ပြီး ​အောက်​ကိုငုံ့​နေသည်​။ တချက်​တချက်​ မျက်​ရည်​သုတ်​​နေသည်​ထင်​သည်​။
ဒီ​ကောင်​မ​လေး ငိုပဲငိုနိုင်​လွန်းတယ်​​။
ငါနဲ့ဆုံဖြစ်​တိုင်း ဘာလို့ငို​နေပါလိမ့်​။

"သူငယ်​ချင်း ​ရှေ့ဆက်​မင်းဘဝမှာအမြဲ​အောင်​မြင်​ပါ​စေ။ ​ပျော်​ရွှင်​ပါ​စေ တခါတ​လေမှာခါးသီးလည်း​ကျော်​ဖြတ်​လိုက်​​ပေါ့​လေ"

သီချင်းသံ​ကြောင့်​မြူနှင်းအ​ဆောင်​​ရှေ့ကိုကြည့်​မိသွားသည်​။ အုပ်​စုလိုက်​ဆို​နေသာအသံမဟုတ်​ဘဲ
တစ်​​ယောက်​တည်းအသံဖြစ်​​နေ၍ ကြည့်​မိလိုက်​ခြင်းဖြစ်​သည်​။

Girl With Philophobia (completed) Where stories live. Discover now