Part 30

457 32 0
                                    

ကျွန်တော်နှင့်သူမ အတူရှိသောအချိန် ပိုများလာသည်။ သူမမွေးနေ့နှင့် ကျွန်တော့မွေးနေ့တွင်
ဘုရားကို နှစ်ယောက်အတူတူ သွားဖြစ်ကြသည်။
ကျောင်းဆင်းပြီး ညနေခင်းများတွင် မုန့်အတူသွားစားဖြစ်ကြသည်။ အားလပ်ရက်များတွင်အတူစျေးဝယ်ထွက်ပြီး ရုပ်ရှင်ကြည်ု့ဖြစ်ကြသည်။ သူမလေး
ကျွန်တော့ကို ချစ်နေတယ်ဆိုတာ ပိုပိုပြီးသေချာလာသည်။ သူမဘေးနားမှာ နေရတာ ကျွန်တော်ပျော်သည်။ ဒီလိုလေး သူမနှင့်အတူ တသက်လုံးနေသွားချင်မိပါရဲ့။

MC ဋ္ဌာနရှေ့ သစ်ပင်အောက်က ခုံတွင် မြူနှင်း ထိုင်နေသည်။ ဘာလိုလိုနှင့် တတိယနှစ်တောင် တဝက်ကျိုးတော့မှာပါလား။ အချိန်တွေက ဘာမှမကြာလိုက်သလိုပင်။ Dinner တွင်မသောက်ဟု ဘုန်းဝေကို ကတိပေးထားသဖြင့် မသောက်မိအောင်
အပြင်ထွက်ပြီးလာထိုင်နေခြင်းဖြစ်သည်။
တစ်ခွက်လောက်တော့ သောက်ချင်မိသည်။
သူသောက်တာသိသွားရင် ဘုန်းဝေက စိတ်ဆိုးဦးမည်။ မသောက်တော့ပါဘူးလေ။
မြူနှင်း မထင်ထားမိသည်က ဟိန်းမြတ်ရောက်လာလိမ့်မယ်လို့။ ခုတုန်းက ဟိန်းမြတ် အတော်သောက်နေတာတွေ့ခဲ့သည်။ အခုလည်း အတော်မူးနေပုံပင်။

"မြူနှင်းဝေ ငါပြောစရာရှိလို့ "

"ငါ့ကိုမနှောင့်ယှက်စမ်းပါနဲ့ဟာ။
ငါ့ဘာသာငါ အေးအေးဆေးဆေးထိုင်နေပါရစေ၊
နင်ပြန်ဝင်ပါတော့"

ကျွန်မတကယ်သူနှင့်စကားပြောချင်စိတ်မရှိ။
သူ့ကိုလည်းမမြင်ချင်၊ သူမူးနေလျှင် ဘယ်လိုတွေ ရစ်တတ်မှန်း ကျွန်မ အသိဆုံး။

"ငါပြောမှဖြစ်မှာမလို့ပါဟာ"

"နင်မူးနေပြီ ၊ အထဲပြန်ဝင်လိုက်တော့။
ငါတို့နှစ်ယောက်ကိုတွေ့ပြီးအထင်လွဲသွားရင်မကောင်းဘူး"

"ငါ..ငါ.."

"ငါ့ကောင်မလေးကိုမနှောင့်ယှက်ပါနဲ့"ဟုသောအသံနှင့်အတူ ကျွန်မပုခုံးကို ဖက်လိုက်သော ဘုန်းဝေ။ ဘယ်တုန်းကရောက်လာပါလိမ့်။

"မင်းမသွားရင် ငါတို့သွားမယ်"

ဘုန်းဝေ နှင့် ဟိန်းမြတ် တယောက်နှင့်တယောက်
စူးရဲစွာ စိုက်ကြည့်နေကြသည်။

Girl With Philophobia (completed) Donde viven las historias. Descúbrelo ahora