Part 9

666 41 2
                                    

Second year ရောက်ပြီဖြစ်၍ ၂ယောက်ခန်းတွဲအဆောင်ကိုပြောင်းရသည်။ မြူနှင်းအခန်းဖော်က IT ကတဲ့လေ။ ဆုမွန်ခိုင်တဲ့။ ဆုမွန်က သွက်သည်၊ ဖော်ရွေသည်၊ လူတိုင်းနှင့်ခင်အောင်ပေါင်းတတ်သည်၊ ရုပ်ရည်ကလည်း ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသည့်ထဲပါသည်။ Popular ဖြစ်သော Queen တို့ Style တို့မဟုတ်တာတောင်သူ့ကိုကြိုက်တဲ့သူများသည်။
မြူနှင်း သူ့ကိုအားကျမိပါသည်။ သူ့လိုပေါင်းတတ်သင်းတတ်ခဲ့လျှင် အခုလောက်အထီးကျန်ဆန်နေမည်မဟုတ်။ လူတိုင်းနှင့် ခပ်တန်းတန်းနေသော
မြူနှင်း တောင် ဆုမွန်ကို အတော်ကြီးခင်မင်သွားမိသည်။ Minor တွေလည်းအတူသင်ရသည်ဖြစ်ရာ ကျောင်းကိုအတူတူသွားဖြစ်ကြသည်။
Workshop မှာလည်း အဖွဲ့အတူတူပင်။
ဆုမွန် နှင့် roll နီးသော ဘုန်းဝေယျာညိမ်း သည်လည်း မြူနှင်း နှင့်တစ်ဖွဲ့တည်းပင်။
ဘာကြောင့်ရယ်မှန်းမသိ မြူနှင်း ပျော်သွားမိသည်။
မြူနှင်း နှင့် roll နီးသော ဟိန်းမြတ်သည်လည်း
တစ်ဖွဲ့တည်းပင်။

Workshop က တစ်ပတ်လျှင် တစ်ရက်လုပ်ရသည်။Shop လေးခုရှိရာ Fitting Shop နှင့် Welding Shop တို့တွင် တစ်ဦးချင်းလုပ်ရပြီး၊
Carpentary Shop တွင်မူ ယောကျ်ားလေးနှင့်မိန်းကလေး နှစ်ဦးတွဲလုပ်ရသည်။ Machine Shop တွင်တော့ အဖွဲ့လိုက်လုပ်ရသည်။

Workshop တွင် ဆုမွန်က စောပြီးတတ်သည်။ ထိုအခါမျိုးတွင် မြူနှင်း ကိုလာကူလုပ်ပေးသည်။
ဆုမွန်က ဘုန်းဝေနှင့်လည်း အတော်ခင်ပုံပင်။
အားသည့်အချိန်များတွင် နှစ်ယောက်သားစကားတပြောပြောနှင့်။ ရိုးရိုးခင်မင်ကြတာပဲ ဖြစ်မှာပါ ။
ဆုမွန်က သူ့မြို့မှာ ချစ်သူရှိတယ်လေ။

ဟိန်းမြတ်ကစောပြီးလျှင် သူ့ကောင်မလေး ရှိရာ Shop သို့သွားစောင့်လေ့ရှိပြီး၊ အိမ့်မြတ် စောပြီးလျှင် အိမ့်မြတ် ကလာစောင့်လေ့ရှိသည်။
မြူနှင်း ရင်ကွဲမတတ်နာကျင်နေသော်လည်း ဟန်ဆောင်ပြုံးကာ ဂရုမစိုက်သလိုနေ၏။

မြူနှင်းအတွက် ဟိန်းမြတ်သူက အချစ်ဦးဖြစ်သည်။ နှစ်နှစ်ကျော် ခိုးချစ်ခဲ့ရသော crush ဖြစ်သည်။
ဘယ်လိုကြိုးစားကြိုးစား မမေ့နိုင်။
မိန်းကလေး တွေက သူတို့ကိုနာကျင်စေတဲ့သူကို
ပိုချစ်ကြတယ်တဲ့။

ဝဋ်ကြွေးဆိုရင်တောင် ဆက်လက်ဆုပ်ကိုင်ထားမည့် လှပသည့်ဝဋ်ကြွေးတစ်ခုဟု ယူဆထားသည်။

******************************
ဆုမွန်ခိုင်သည် မြူနှင်းဝေအတွက် အရာရာဖွင့်ပြောတိုင်ပင်ဖော် သူငယ်ချင်းတစ်ယောက် ဖြစ်လာသည်။ ဟိန်းမြတ်သူနှင့်ကိစ္စကိုလည်း အကုန်ပြောပြထားသည်။
မြူနှင်း ဘက်ကအခုထိမမေ့နိုင်ဘဲ အချစ်မပျက်နိုင်ဘဲ နေနေတာကိုတော့ သဘောမကျလှ။ ဆုမွန်သာဆိုလျှင် လုံးဝအပြီးပြတ်မေ့ပစ်မည်ဖြစ်သည်။
ပြတ်ပြီဆိုလျှင် သံယောဇဉ်အကုန်ဖြတ်ပြီးမေ့ပစ်တာအကောင်းဆုံး။ ဆုမွန်၏ ချစ်လှစွာသော အခန်းဖော်လေးကတော့ Mechanic test ပြီးသည့်အထိမ်းအမှတ်ဟုဆိုကာ Fullmoon တစ်ပုလင်းသောက်ပြီး "ဟိန်းမြတ်ကိုခေါ်ပေးပါ"ဟုရစ်နေသဖြင့် ချော့မော့ထားရသည်။ ဟိန်းမြတ်ဆီဖုန်းဆက်မည် တကဲကဲလုပ်နေသဖြင့် ဖုန်းသိမ်းပြီး အတင်း
အိပ်ခိုင်းထားရသည်။ အမှန်တော့ မြူနှင်း အရမ်းခံစားနေရတယ်ဆိုတာ ဆုမွန်သိသည်။ မြူနှင်း နဲ့တုန်းကတော့ မိဘတွေသိမှာစိုးလို့ဆိုပြီး Facebook ပေါ် နှစ်ယောက်တွဲပုံမတင်၊ love react တောင်မပေး သော သကောင့်သားက၊
နောက်ကောင်မလေးနဲ့ကျတော့ Mention ခေါ်ပြီး ro လိုက်၊ message တွေ ss ရိုက်ပြီး myday တင်လိုက်နှင့် ပလူပျံနေသည်။ ဒီနေ့လည်း အိမ့်မြတ် နှင့် 2 months ဆိုပြီး surprise လုပ်ပေးသည့်ပုံတွေတက်လာသည်။ မြူနှင်းအကောင့်ကို ဘလော့ထားသော်လည်း မြူနှင်း က ဆုမွန်အကောင့်နှင့် ဝင်ဝင်ကြည့်လေ့ရှိရာ ထို့postကိုတွေ့ပြီး
ချုံးပွဲချ ငိုတော့သည်။

ဆုမွန်လည်း မြူနှင်း ကိုကြည့်ပြီးသနားလာရာဆုံးဖြတ်ချက်တစ်ခုချပြီး ဟိန်းမြတ်သူကို Cb မှာသွား၍ wave လိုက်သည်။

Girl With Philophobia (completed) Dove le storie prendono vita. Scoprilo ora