တတိယနှစ်တက်ရသောအခါ ကျွန်တော်နှင့်မြူနှင်းပိုရင်းနှီးလာသည်။ တခါတလေ ကျောင်းတူတူသွားတာမျိုး ရှိလာသည်။ သံယောဇဉ်ကြိုးက တရစ်ထက်တရစ်တိုး၍ ရစ်ပတ်ချည်နှောင်သည်။
MC major welcome တွင် ကျွန်တော်နှင့်သူ
ခုံတစ်ခုတွင်အတူထိုင်နေကြသည်။ ကျွန်တော်တို့ မေဂျာ Welcome တုန်းကလည်းသူလာသည်။"အခုတခါ အလှည့်ကျလာတာကတော့ 3rd year က အစ်ကိုဟိန်းမြတ်သူက သူ့သက်ဆိုင်သူလေးအတွက် သီချင်းလေးတစ်ပုဒ် သီဆိုမှာပဲ ဖြစ်ပါတယ် "
ကျွန်တော် မျက်မှောင်ကြုတ်လိုက်မိသည်။
ဟိုအကောင်က ဘာတွေကြံနေတာတုန်း။
ဒီမှာ လူအရှင်လတ်လတ်ကြီးတစ်ယောက်လုံး
ဘေးမှာထိုင်နေတာကို""ကြယ်ပန်းလေးတွေ ပျိုးခဲ့
မင်းလေးပန်ဖို့အတွက်
ရှိသမျှအချိန်တွေရယ် မင်းအရိပ်များထဲ လွင့်ပျောက်သွားဆဲ၊ မင်းတစ်ယောက်သာငါ့ရဲ့ အမြဲမက်တဲ့အိပ်မက်"သီချင်းသံ စတင်ပျံ့လွင့်လာစဉ်
ကျွန်တော့ဘေးမှ သူ့ကိုကြည့်မိတော့ သူမလေးက
စင်ပေါ်က သူ့ရည်းစားဟောင်းကို စိုက်ကြည့်နေလေရဲ့။ဟိုအကောင်ကလည်း အကျင့်သာတစက်မှမကောင်းတာ ၊ အသံလေးကတော့ တော်တော်ကောင်းသား ။ ဘုန်းဝေတစ်ယောက် ဟိန်းမြတ်ကို အလိုမကျစွာကြည့်နေမိသည်။"အချစ်ကြောင့်ပါပဲ
ထွက်သက်ဝင်သက်တွေတိုင်းလည်း
အတူမဆုံပေမယ့် အတူရှိကြသလိုပဲ"သီချင်းဆုံးသွားသောအခါ ဟိန်းမြတ်က စင်ပေါ်မှနေ၍ မြူနှင်း ဘက်ကိုလှမ်းကြည့်လိုက်ပြီး
"ဒီနေ့ကျွန်တော် ဒီသီချင်းလေးကို ဘယ်သူ့အတွက်ဆိုတာလည်းဆိုတော့..၊ first year တုန်းက ကျွန်တော့ကိုအရမ်းချစ်တဲ့ ချစ်သူကောင်မလေးရှိပါတယ်။ ကျွန်တော်သူ့အပေါ် အရမ်းဆိုးခဲ့မိပါတယ်။ အခု ဒီသီချင်းလေးနဲ့သူ့ကို တောင်းပန်ချင်ပါတယ်"
ပရိသတ်၏ သြဘာသံများဆူညံသွားသည်။
မြူနှင်း ကတော့ ရယ်လဲမရယ်၊ပြုံးလဲ ပြုံးမနေ။
ကျွန်တော် သူ့လက်လေးကိုလှမ်းဆုပ်ကိုင်လိုက်သည်။ သူမလေး မရုန်းပါ။ သူ့မျက်ဝန်းထဲမှာတော့ မျက်ရည်စအချို့တွေ့လိုက်ရသလိုပဲ။အချို့က "မြူနှင်းဝေ မြူနှင်းဝေ"ဟု ဝိုင်းအော်ကြသည်။ ဟိန်းမြတ်ကပြုံးနေသည်။ မြူနှင်း ကတော့
အတည်လိုက်အတိုင်းပင်။"ငါတောင်းပန်ပါတယ် မြူနှင်းဝေ
ပြီးတော့ ငါနင့်ကိုချစ်တယ် "ပရိတ်သတ် သြဘာသံနှင့်အတူ အားလုံး က မြူနှင်း ထိုင်နေရာသို့ကြည့်လာသည်။
ဘုန်းဝေကတော့ ဒေါသထွက်နေသည်။"ကလေး သွားရအောင် "
"ဟင်"
"သွားရအောင်လို့ ဒီမှာဆက်နေမလို့လား"ကျွန်တော် မတ်တပ်ထရပ်လိုက်သည်။
သူမက ကျွန်တော် စိတ်ဆိုးနေမှန်းသိသွားဟန်တူသည်။
သူမက ကျွန်တော့လက်ကိုဖြုတ်လိုက်ပြီးထရပ်လိုက်ကာ"သွားမယ်လေ"
အားလုံးဝိုင်းကြည့်နေသည့်ကြားမှ ကျွန်တော်တို့နှစ်ယောက် အပြင်ထွက်လာသည်။
"မမကလေးလေး ဘာဖြစ်နေတာလဲ"
သူမက ကျွန်တော့ထက် ၂လကြီးသည်။ သူမမွေးနေ့က ၉၉ခုနှစ် ၁၀လပိုင်းဖြစ်ပြီး ကျွန်တော်က ၂၀၀၀ခုနှစ် ၁လပိုင်းဖြစ်သည်။ ကျွန်တော် စိတ်ဆိုးနေသည့်အခါများတွင် သူ့ကိုယ်သူ "မမ" ၊ ကျွန်တော့ကို "ကလေးလေး" ဟု သုံးနှုန်းလေ့ရှိပြီး
သူမ စိတ်ကောက်သည့်အချိန်များတွင်တော့ ကျွန်တော်က "ကိုကို" "ကလေးလေး" ဟု သုံးနှုန်းပြီး
ချော့လေ့ရှိသည်။ "မမကတော့ မောင်လေးကိုပဲ ဂရုစိုက်၊ မောင်လေးကတော့ တခြားကောင်မလေးလှလှလေးတွေကို ဂရုစိုက်မယ်"ဟုစမိသည့်အခါများတွင်တော့ မျက်စောင်းလှလှလေးထိုးလေ့ရှိပါသည်။"မမ ကိုစိတ်ကောက်နေတာလား၊ မောင်လေး"
"ဟင့်အင်း "
"ဒါဆို ဘာဖြစ်နေတာလဲ "
"အဲ့ကောင်ကိုမကျေနပ်လို့"
သူမ ရယ်တော့သည်။ ကျွန်တော် သဝန်တိုတာ
ရယ်ရလို့လား။"အင်းပေါ့ သေအောင်ချစ်ခဲ့တဲ့သူကြီးက သီချင်းဆိုပြတော့ ပျော်နေမှာပေါ့၊ ငါ့ကိုလာမခေါ်နဲ့တော့၊
သွား..အဲ့ကောင်နားသွားနေ""ဟဲ့ အဲ့လိုမဟုတ်ပါဘူးဆို နင်ကလည်း"
ယောက်ျားဖြစ်ပြီး စိတ်ကလည်းကောက်တတ်သေးတာ ကြယ်လေးက...
ВЫ ЧИТАЕТЕ
Girl With Philophobia (completed)
Любовные романы(Zawgyi) ချစ်ရမှာကြောက်နေတဲ့ကောင်မလေးတစ်ယောက် နဲ့ မချစ်တတ်တဲ့ကောင်လေးတစ်ယောက်။ ပြီးတော့ နောင်တတွေတပွေ့တပိုက်နဲ့ကောင်လေးတစ်ယောက်။ ချစ်ခြင်းမေတ္တာကို ကိုယ်မယုံဘူး ဘာလို့လဲမေးရင် အဖြေမရှိဘူး ...