Part 17

460 32 1
                                    

ဆုမွန် အခန်းထဲ ပြန်ရောက်ရောက်ချင်းတွေ့လိုက်ရသောမြင်ကွင်းကြောင့် လန့်သွားသည်။ ဝရံတာလက်ရန်းဘောင်ပေါ်တက်ဖို့ကြိုးစားနေသော မြူနှင်း ။ သူဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ဆုမွန် အမြန် ဝရံတာဆီပြေးပြီး မြူနှင်း ကိုလှမ်းဆွဲထားလိုက်သည်။ မြူနှင်း မျက်ရည်တွေကျနေသည်။
ဆုမွန် မြူနှင်း ကိုဖက်ထားလိုက်ပြီး

"မြူနှင်း ဘာမှလျှောက်မလုပ်ပါနဲ့ဟာ နော်"

"ငါမရှိရင်အကုန်အဆင်ပြေသွားမှာ။
ငါသာမရှိရင် အခုလိုတွေဖြစ်လာမှာမဟုတ်ဘူး"
မြူနှင်း ငိုရင်းပြောနေသည်။

"မငိုပါနဲ့တော့ဟာ။ နင့်မှာငါရှိသေးတယ်လေ။
နင့်ဘက်မှာ ငါရှိတယ် သူငယ်ချင်း ။"

"ငါရှိနေလို့ သူစိတ်ဆင်းရဲနေရတာ။ ငါ့ကြောင့်.. .
ငါ့ကြောင့် "

"တိတ်ပါတော့ဟာ။ အဲ့လိုကောင်အတွက် နင်ဖြစ်နေတာတွေ လုံးဝမတန်ဘူးဟ။ အရူးမရဲ့ သိရဲ့လား"

မြူနှင်း ငိုနေဆဲပင်။

"နင့်အတွက်နင် မစဉ်းစားရင်တောင် နင့်မိဘအတွက်နင်စဉ်းစား"

"ငါ့မိဘလား။ ငါ့ကိုစိတ်ထဲတောင်ရှိမှာမဟုတ်ဘူး။
ငါဆိုတာ ဘယ်သူ့အတွက်မှ အရေးမပါတဲ့သူ"

"နင်ကအရေးမပါဘူးလို့ ဘယ်သူပြောလဲဟင်။
နင်က ငါ့အတွက် အရေးပါတဲ့သူ၊ ငါ့အချစ်ဆုံးသူငယ်ချင်း ။ သိလား မသာမရဲ့၊ ရူးကြောင်ကြောင်တွေ
ထပ်မတွေးစမ်းပါနဲ့ဟာ"
ဆုမွန်က ဆက်ပြီး

"နင်တကယ်သူ့ကိုစနိုက်ကြော်ခဲ့တယ်ဆိုရင်တောင်ငါနင့်ဘက်ကပဲနေမှာ သိလား။နင်မှားမှားမှန်မှန် နင့်ဘက်ကပဲ ရပ်တည်မှာ။ အိမ့်မြတ်တို့ပြောရင် ငါရှေ့ကနေဝုန်းပေးမယ်"

ဆုမွန်စကားကြောင့် မြူနှင်း ပြုံးလိုက်မိသည်။

**************************

စာမေးပွဲနောက်ဆုံးနေ့....
မေဂျာဘာသာဖြစ်သော Digital ဖြေသောနေ့ဖြစ်သဖြင့် မြူနှင်းဝေ အဖြေလွှာကို စောအပ်ကာထွက်လာခဲ့သည်။ မေဂျာဘာသာတွေထဲတွင် Digital ကအလွယ်ဆုံးပင်။
ဆုမွန်နှင့် စာဖြေခန်းမတူသဖြင့် ဆုမွန်အခန်းရှေ့ထိလျှောက်လာခဲ့သည်။
ဆုမွန်ကိုစောင့်ရင်း အမိကျောင်းတော်ကြီး၏ ရှုခင်းများကို ကြည့်နေမိသည်။Main building အလယ်ရှိ စက်သွားပုံရေပန်းနှင့် အလှစိုက်ပန်းများကို အပေါ်စီးမှမြင်နေရသည်။ ထိုစဉ် တစုံတယောက်က ခေါင်းကိုလာပုတ်သည်ကိုခံစားလိုက်ရသည်။

Girl With Philophobia (completed) Where stories live. Discover now