"နင်နဲ့ ဘုန်းဝေယျာညိမ်း ဖြစ်နေကြပြီလား"
"ဟင့်အင်း "
မြူနှင်း အဖြေကြောင့် ဆုမွန် အံ့သြသွားသည်။
အဲ့လောက် တတွဲတွဲတွေ့နေရတာကို။ ဖြစ်နေလောက်ပြီထင်နေတာ။"တွဲကြတော့လေ။ အဲ့လောက် တတွဲတွဲနဲ့။
ဘယ်နှလတောင်ရှိနေပြီတုန်း၊ တွဲသင့်နေပြီ။
နင့်အတွက်ပြောနေတာ""မတွဲချင်ပါဘူးဟာ။ ငါပြောပြီးသားပဲလေ၊
ငါထပ်မချစ်ချင်တော့ဘူးလို့၊ ပြီးတော့သူလည်း
ငါ့ကိုမချစ်ဘူးလို့ခံစားနေရတယ်၊ သူငါ့နားမှာနေရတာပျော်လို့နေနေတာပဲရှိမှာ""အဲ့လိုလည်းပြောလို့မရဘူးလေဟာ ၊ နင်က တစ်ယောက်လေးချစ်ဖူးပြီး အဲ့လောက်ကြောက်မနေပါနဲ့"
"အဲ့တစ်ယောက်မှာ ငါ့နှလုံးသားအကုန်သေသွားတာလေ"
ဟိန်းမြတ်အကြောင်းပြောလျှင် ညှိုးနွမ်း သွားသော မျက်နှာနှင့် မျက်ရည်ဝဲနေသော မျက်ဝန်းတွေကို မြူနှင်းဆီမှာ ဆုမွန် တွေ့နေကြ။
မိန်းကလေးတစ်ယောက်ရဲ့ အစွမ်းကုန်ချစ်ခြင်းခံရတဲ့သူဟာ တကယ့်ကိုကံကောင်းတဲ့သူ။
ယောက်ျားလေးတိုင်းကတော့ အဲ့လိုကံကောင်းမှုကို တန်ဖိုးမထားတတ်ကြဘူး၊ တနည်းပြောရရင်
မထိုက်တန်ကြတာပေါ့။လူတစ်ယောက်ကိုရှိသမျှ မေတ္တာတွေအကုန်ပုံပြီး
ချစ်မိတဲ့အခါ၊ ကိုယ့်အတွက်ကိုယ်တောင်မကြည့်
ဘဲ သူ့ကို ပိုတန်ဖိုးထားမိတဲ့အခါ၊ အဲ့ဒီလူက ကိုယ့်အနားက ထွက်သွားတော့တာပဲ။အဲ့ဒါကြောင့်ပဲ ဘယ်သူ့ကိုမှ မချစ်ချင်တော့တာ၊
မေတ္တာမထားချင်တော့တာ၊ ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးလိုက်ရတာထက်စာရင် အဝေးက ငေးကြည့်နေရတာက ပိုကောင်းတာပေါ့။အချစ်နဲ့အမုန်းဆိုတာ အလွှာတစ်ခုပဲ ခြားထားတာ၊ တခဏလေးအတွင်း အချစ်ကအမုန်းဖြစ်သွားနိုင်သလို အမုန်းကလည်းအချစ်ဖြစ်သွားနိုင်တယ်။ တခါတလေ မှာ အချစ်နဲ့ အမုန်း တွဲနေတာမျိုးလည်းရှိတတ်သည်။ လူတစ်ယောက်ကို အရမ်းမုန်းနေတဲ့အခါ၊ တချိန်တည်းမှာပဲ အဲ့လူကို အရမ်းချစ်နေမိပြန်တယ်။
မြူနှင်း အတွက် ဟိန်းမြတ်က အဲ့လိုလူလားဆိုတာတော့ မြူနှင်း မှသိပါလိမ့်မည်။
ဘုန်းဝေကရော မြူနှင်း အတွက်ဘာလဲ...
မြူနှင်း ကရော ဘုန်းဝေအတွက် ဘာလဲ...********************************
"On your wedding day "
ဇာတ်လမ်းကိုအဆုံးထိကြည့်ပြီး ဘုန်းဝေ ငိုင်သွားမိသည်။ အချစ်ဦးဆိုတာ တော်တော်အရေးပါတာပဲ။ ဘယ်သူတွေနဲ့ပဲ ဘယ်လိုတွေ့တွေ့ အချစ်ဦးဆိုတာ အမြဲတမ်းရင်ထဲရှင်သန်နေမယ့်သူ။
ဘယ်သူတွေနဲ့ပဲ အစားထိုးထိုး လုံးဝမမေ့နိုင်တဲ့သူ။တကယ်တော့ မြူနှင်း က ဟိန်းမြတ်ကိုမေ့ချင်လို့
ကျွန်တော့ကို အသုံးချခဲ့တာပဲ။ ကျွန်တော်က အသုံးချခံဖြစ်ခဲ့တာ။ အဲ့တာကိုတောင် ကျွန်တော်ကရူးပြီး ကျွန်တော့ကိုချစ်တယ်ထင်ခဲ့သေးတာ။လူတချို့က သူတို့အချစ်တွေကိုကျ အရမ်းအနစ်နာခံပြီး မြင့်မြတ်တယ်ထင်ကြတယ်။ သူတို့တန်ဖိုးထားတဲ့အချစ်အတွက် တခြားသူတွေရဲ့ နှလုံးသားကိုချနင်းဖို့ ဝန်မလေးကြဘူး။
သူတို့ နှလုံးသားဒဏ်ရာကသာ အနာကျင်ရဆုံးထင်ပြီး သူတို့ကြောင့် နာကျင်ခဲ့ရတဲ့ နှလုံးသား တွေကိုတော့ လစ်လျူရှုထားတတ်ကြတယ်။သနားဖို့ကောင်းတယ်လို့ထင်ခဲ့မိတဲ့၊ ခိုကိုးရာမဲ့ မျက်ဝန်းတွေနဲ့ ရွက်ကြမ်းရေကျို မိန်းကလေးတစ်ယောက်ကလည်း လူတစ်ယောက်ရဲ့ နှလုံးသား ကို ကစားတတ်ပါလား။
မိန်းမတွေ ကြောက်စရာကောင်းလိုက်တာ။သနားခဲ့မိတဲ့ကျွန်တော်မှားတာ။ အဲ့လိုမိန်းကလေးမှန်းမသိခဲ့တဲ့ ကျွန်တော်ပဲ မှားတာပါ။
မဟုတ်ဘူး..။ သူကအဲ့လိုမဟုတ်ပါဘူး။ သူ ကျွန်တော့ကို ချစ်နေလောက်မှာပါ၊ သူ့ကိုယ်သူ မသိသေးတာ၊ သူကျွန်တော့ကိုချစ်တယ်။
အမှောင်ချထားတဲ့အခန်းလေးထဲမှာ ကောင်လေးတစ်ယောက် နံရံကိုမှီထားပြီးထိုင်နေရင်း..
စီးကရက်ငွေ့တွေကို မှုတ်ထုတ်ရင်း..
မသေချာခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်ကို အဖြေထုတ်ရင်း...
YOU ARE READING
Girl With Philophobia (completed)
Romance(Zawgyi) ချစ်ရမှာကြောက်နေတဲ့ကောင်မလေးတစ်ယောက် နဲ့ မချစ်တတ်တဲ့ကောင်လေးတစ်ယောက်။ ပြီးတော့ နောင်တတွေတပွေ့တပိုက်နဲ့ကောင်လေးတစ်ယောက်။ ချစ်ခြင်းမေတ္တာကို ကိုယ်မယုံဘူး ဘာလို့လဲမေးရင် အဖြေမရှိဘူး ...