"မင်း မြူနှင်းဝေ ကိုပြန်လိုက်မလို့လား"
"အင်း ၊ ဒါပေမယ့် သူ့ဘက်က ငါ့ကိုအရမ်းကို ခါးခါးသီးသီးဖြစ်နေတာကွာ၊ ငါသွား add တာလည်း လက်မခံဘူး"
"သူမင်းကိုသေအောင်ချစ်တာဆို ၊ အဆင်ပြေသွားမှာပါ "
"ငါမှားတာပါကွာ၊ အဲ့တုန်းက သူ့အချစ်တွေကို တန်ဖိုးမထားမိဘူး။ အခုချိန်လည်း ငါသူ့ကိုချစ်လားဆိုတာမသေချာဘူး ။ ငါသူ့ကိုပြန်လိုချင်တာပဲသိတယ်"
ကန်တင်းတွင် ထမင်းစားနေရင်း ဟိုဘက်ဝိုင်းမှ စကားသံများကို အတိုင်းသားကြားနေရသည်။
ယောက်ျားလေးချင်းမို့ ဘုန်းဝေသိသည်။
သူ မြူနှင်းဝေကို မချစ်၊ မြူနှင်းဝေ သူ့ကိုချစ်တာကိုပဲချစ်တာဖြစ်သည်။ အခုလည်း ထိုကောင်မလေးကို ကစားချင်နေတာပဲ ဖြစ်ရမည်။ ဟိုနွားမလေးကလည်း ဒီအကောင်ကိုပြတ်နိုင်တာမဟုတ်၊ စိတ်ထဲရှိနေသေးသည်။"ဟိန်းမြတ်သူရာ ၊ first year ကတည်းက ငါမင်းကိုမပြောခဲ့ဘူးလား၊ ကောင်မလေးက မင်းကို အသေကြွေနေတာလို့၊ မိန်းကလေး ဘက်က အဲ့လောက်ဖြစ်နေတာကို မင်းအားနာ လို့ငါတို့မပြောခဲ့ဘူးလား ။ မင်းတို့စပြတ်တုန်းကကွာ သူ့ခဗျာ ငါ့ကိုလာပြောသေးတယ်။ မင်းအဆင်ပြေနေလား မူးနေလား မူးရင်ထိန်းပေးဖို့ စုံလို့ပဲကွာ။ မင်း အိမ့်မြတ် နဲ့ဖြစ်သွားမှ သူလာမပြောတော့တာ"
ဘုန်းဝေက မကျေမနပ်ဖြင့် "နွားမလေး "ဟု ရေရွတ်လိုက်သည်။ ထိုကောင်မလေးကို အဲ့လောက် အစွဲအလမ်းမကြီးစေချင်။
"သူငါ့ဆီပြန်လာပါ့မလားကွာ"
"စိတ်မပူနဲ့ ပြန်လာမှာ၊ မင်းနဲ့ပြတ်ကတည်းက သူအခုထိ ရည်းစားမထားသေးဘူးမလား။ မင်းကိုစောင့်နေတာနေမှာ။ အချစ်ဦးကိုမြေးဦးရတဲ့အထိမမေ့ဘူး ဆိုတဲ့စကားရှိတယ်မလား။ မင်းကိုမမေ့နိုင်သေးဘူးဆိုတာ လုံးဝသေချာတယ်။ မင်းကို ဆယ်တန်းကတည်းက ကြိုက်တာဆို"
CZYTASZ
Girl With Philophobia (completed)
Romans(Zawgyi) ချစ်ရမှာကြောက်နေတဲ့ကောင်မလေးတစ်ယောက် နဲ့ မချစ်တတ်တဲ့ကောင်လေးတစ်ယောက်။ ပြီးတော့ နောင်တတွေတပွေ့တပိုက်နဲ့ကောင်လေးတစ်ယောက်။ ချစ်ခြင်းမေတ္တာကို ကိုယ်မယုံဘူး ဘာလို့လဲမေးရင် အဖြေမရှိဘူး ...