"ငါပြောတာက ငါ့အတွက် အချစ်ရဲ့ အဓိပ္ပါယ် ကိုပြောချင်ရုံပဲ။ ငါအချစ်ကိုမယုံဘူး ၊ ဘာလို့လဲဆိုတော့ ငါ့ဘဝမှာ အတုအယောင် မေတ္တာတွေနဲ့ဘဲတွေ့ခဲ့ရလို့ထင်တယ်။ ငါနားခိုလို့ရမယ့် ချစ်ခြင်းမေတ္တာကို ငါရှာခဲ့တယ်။ ဒါပေမယ့်လည်း မတွေ့ခဲ့ဘူး"
"ငါကကျတော့ မေတ္တာဆိုတာဘာမှန်းကိုမသိခဲ့တာဟ"
မြူနှင်း ငြိမ်ကျသွားသည်။ မေတ္တာဆိုတာဘာမှန်းမသိခဲ့ဘူးတဲ့လား။ တကယ်တော့ သူလည်း မြူနှင်း လို မေတ္တာကိုရှာဖွေနေတဲ့သူတစ်ယောက်ပဲ။
ကြံ့ခိုင်ချင်ယောင်ဆောင်နေပြီး ဝမ်းနည်းမှုတွေကို
သိုဝှက်ထားတယ်။
သူက တကယ်သနားစရာကောင်းတယ်။
ပျော်ပျော်နေတတ်သလိုဟန်ဆောင်တယ်။ သူတကယ်ပျော်မနေဘူး။ ရင်ထဲမှာ စိတ်ဒဏ်ရာတွေဘယ်လောက်တောင်များခဲ့သလဲ ဘုန်းဝေရယ်။"တကယ်တော့ အချစ်တို့မေတ္တာတို့ဆိုတာ ငါ့အတွက် အရေးမကြီးပါဘူး။ ငါ ရည်းစားတွေထားတယ်။ သူတို့နဲ့ရှိနေချိန်ငါပျော်တယ်။ ငါ့ပျော်ရွှင်မှုငါရှာတာ။ သူတို့ငါ့ဘေးနားကထွက်သွားရင်လည်း ဘာမှမခံစားရဘူး။ ငါကအမြဲတမ်း တစ်ယောက်တည်းပဲလေ"
ဘုန်းဝေကဆက်ပြောသည်။"ဆုမွန် ကရော။ အဲ့လိုမျိုးထဲကတစ်ယောက်ပဲလားဟင်"
"အင်းပေါ့၊ သူက ဖော်ရွေတယ် ၊ သူများကိုနှစ်သိမ့်ပေးတတ်တယ်၊ သူထွက်သွားတော့ ငါနည်းနည်းတော့ခံစားရတယ်။ သူက ငါဆိုးတာတွေမခံနိုင်လို့ထွက်သွားတာ ။ တကယ်တော့ ဘယ်သူမှ ငါ့ဒဏ်ကိုမခံနိုင်ကြပါဘူးလေ"
လျှောက်လာရင်းဖြင့် ကျောင်းပေါက်ဝသို့ရောက်လာသည်။ ပြန်လှည့်ကာ လာရာလမ်းအတိုင်း ကျောင်းတွင်းသို့ပြန်လျှောက်လာကြသည်။
မိုးက မသည်းတော့၊ ဖွဲဖွဲလေးသာရွာနေသည်။"ငါတို့ကျောင်းကလေ COE ကျောင်းတစ်ကျောင်းဖြစ်ပြီး ကြည့်ပါဦး လမ်းတွေက ချိုင့်ခွက်တွေချည်းပဲ။ ပြင်သင့်ပါတယ်၊ တခြားလမ်းတွေမပြင်ရင်တောင် အဓိပတိလမ်းလေးတော့ပြင်မှပေါ့"
လမ်းမပေါ်မှ ချိုင့်ခွက်များကိုကြည့်ပြီး မြူနှင်း မကျေမနပ်ရေရွတ်လိုက်မိသည်။
YOU ARE READING
Girl With Philophobia (completed)
Romance(Zawgyi) ချစ်ရမှာကြောက်နေတဲ့ကောင်မလေးတစ်ယောက် နဲ့ မချစ်တတ်တဲ့ကောင်လေးတစ်ယောက်။ ပြီးတော့ နောင်တတွေတပွေ့တပိုက်နဲ့ကောင်လေးတစ်ယောက်။ ချစ်ခြင်းမေတ္တာကို ကိုယ်မယုံဘူး ဘာလို့လဲမေးရင် အဖြေမရှိဘူး ...