Part 16

457 34 1
                                    

မနက်ဖြန်Mechanic test 2 ဖြေရမည်ဖြစ်၍ မြူနှင်း ကြိုးစားပမ်းစား စာကြည့်နေသည်။ တောင်တက်သွားသောနေ့မှစ၍ ဟိန်းမြတ်မဆက်သွယ်လာတော့။
ဘုန်းဝေနှင့်ကတော့ ဂိမ်းအတူဆော့ဖြစ်သည်။
မြူနှင်း က စာပုံမှန်မလုပ်တတ်သူမို့ tuto တွေ test တွေနားနီးမှ အသည်းအသန် စာလုပ်ရသည်။ ဒီနေ့ညတော့အိပ်ရမည်မထင်။ ၃ခန်းထဲဆိုပေမယ့် အပုဒ်က ၁၀၀နားနီးနီး။ တခါမှ မကြည့်ခဲ့ဖူးသောစာများဖြစ်၍ မြူနှင်း ခေါင်းတွေထူပူနေသည်။
ကြည့်ရတာ မနက်ဖြန် တော့ ဟိုလှည့်ဒီလှည့်နှင့်ကူးချရတော့မယ်ထင်တယ်။

ထိုအချိန်တွင် အခန်းထဲသို့ ဆုမွန်ဝင်လာကာ
မြူနှင်း ကိုကြည့်လိုက်ပြီး

"မြူနှင်း နင်ဘာတွေလုပ်နေတာလဲဟင်။ သူများအပြောအဆိုခံရပြီး အဲ့ကောင်ကို အဲ့လောက်ထိချစ်နေလား"

ဆုမွန် သူ့မေဂျာကလူတွေနဲ့ စာသွားလုပ်နေတာဖြစ်သည်။အခု ဒေါကြီးမောကြီးနှင့်ဝင်လာပြီး မြူနှင်း ကိုအော်နေသည်မှာ အကြောင်းမဲ့မဖြစ်နိုင်။
ဘာတွေကြားလာလို့ပါလိမ့်။

"ငါနင့်ကိုအဲ့လောက်ထိမထင်ထားဖူးဟာ။
နင်သူ့ကိုအရမ်းချစ်တာသိပေမယ့် တဖက်မိန်းကလေးကိုတော့အားနာလေဟာ။ ခုဟာက ဒီကျောင်းတက်နေတဲ့ကျောင်းသူတစ်ယောက်အနေနဲ့ ရှက်ဖို့ကောင်းလွန်းတယ်။"

"နင်ထင်နေသလိုမျိုး မဟုတ်ဘူးဟ၊ ဆုမွန်"
မြူနှင်း ကဆက်ပြီး
"ငါ အိမ့်မြတ်ကိုလည်းအားနာပါတယ်။
ဟိန်းမြတ် ကသူငယ်ချင်းလိုပြန်နေမယ်ပြောလို့။
ငါ သူ့ကိုစနိုက်ကြော်တာမဟုတ်ဘူး။ အဲ့လိုလုပ်ဖို့စိတ်လဲမကူးဖူးဘူး။ ငါ့အချစ်တွေကြောင့်ဘယ်သူ့ကိုမှမထိခိုက်စေချင်ခဲ့ဘူးဟာ"

ထိုအချိန်တွင် ထမြည်လာသော မြူနှင်း ဖုန်း ringtone သံကြောင့် မြူနှင်းရော ဆုမွန်ပါ ဖုန်းဆီ အကြည့်ရောက်သွားကြသည်။
ဟိန်းမြတ် ဟူသော contact name လေးက screen ပေါ်တွင်ပြေးနေသည်။

"ဟိုအကောင်ဆီကပဲ"ဟု ဆုမွန်ရေရွတ်လိုက်ပြီး
မြူနှင်းကိုစိုက်ကြည့်လိုက်သည်။
"နင့်ကို မတားတော့ဘူး။နင့်ဘာသာနင် လုပ်ချင်တာသာလုပ်တော့"ဟုပြောကာ တံခါးကိုဆွဲဖွင့်ပြီး
ပြန်ထွက်သွားသည်။

Girl With Philophobia (completed) Donde viven las historias. Descúbrelo ahora