Part 27

440 32 0
                                    

ည ၃နာရီ..။ မြူနှင်းအိပ်မပျော်သေးပေ။
တခါတလေ ညဘက်တွေအိပ်မပျော်။ ကျောင်းပိတ်ရက်ဖြစ်၍ ဘေးအခန်းများတွင်လူမရှိ၊ ဆုမွန်ကလည်း အိမ်ပြန်သွားသည်ဖြစ်ရာ အခန်းထဲတွင် ကျွန်မ တစ်ယောက်တည်း။ In-house training
ရှိသည်ဖြစ်ရာ ဒုတိယထပ် တစ်ထပ်လုံးတွင် မြူနှင်း တို့မေဂျာမှ ငါးယောက်ခန့်သာရှိသည်။ အချို့က တတိယထပ်မှာ။
"တောင်..တောင်..တောင်"
ညအမှောင် တိတ်ဆိတ်လျှက်ရှိနေချိန်တွင် သံချောင်းခေါက်သံကဟိန်း၍ထွက်ပေါ်လာသည်။
သံချောင်းကိုအဆက်မပြတ်ခေါက်နေသည်။

"မီး မီး မီးလောင်နေတယ်"

ညစောင့်ဦးလေးကြီး၏ အော်သံနှင့်အတူ သံချောင်းခေါက်သံလည်း ဆက်တိုက်ထွက်ပေါ်လာသည်။မြူနှင်း ဝရံတာဘက်ထွက်ပြီး ကြည့်လိုက်သော်
မိမိတို့အဆောင်လောင်နေခြင်းတော့မဟုတ်။
အဆောင်ဟိုဘက်တွင်တော့ မီးညွန့်အချို့ကို
မြင်နေရသည်။ တောမီးလောင်တာလား။
မဖြစ်နိုင်။ မန်းသဇင်နှင့် ကနောင်ဆောင်က အလယ်တွင် သစ်ပင်ချုံနွယ် အနည်းငယ်သာခြားကာ
တည်ရှိနေခြင်းဖြစ်သည်။
ကနောင်ဆောင်ဒီဘက်ခြမ်းတွင် လူရှိမည်မဟုတ်။
ကျောင်းပိတ်ရက် အိမ်ပြန်ကြတာများသည်။
ဟိုဘက်ခြမ်းတွေတော့ မြူနှင်းတို့မေဂျာက ယောက်ျားလေးတွေနေသည်။
ဒါပေမယ့်.. .ဘုန်းဝေ။
သူဘယ်ဘက်ခြမ်းမှာနေတာပါလိမ့်၊ သူအိမ်မပြန်ဘူးလေ။
အခန်းထဲမှအမြန်ပြေးထွက်ကာလှေကားကို အမြန်ပြေးဆင်းလာမိသည်။
အောက်ထပ်တွင် စီနီယာအစ်မများက ရေပုံးများဆွဲကာ ကနောင်ဆောင်ဘက်ပြေးသွားနေကြသည်။ အဆောင်မှူးရော ဆရာမတွေရော အများအပြား ပြေးသွားနေကြသည်။

ဘယ်ဘက်အခြမ်းကိုမီးလောင်နေခြင်းဖြစ်သည်။ ညာဘက်ခြမ်းကိုတော့မီးမကူးသေး။ အခြားအဆောင်မှစီနီယာအစ်ကိုများလည်း ရေပုံးကိုယ်စီနှင့် မီးငြှိမ်းနေကြသည်။
လူအုပ်ကြားထဲတွင် ဘုန်းဝေကိုရှာရသည်မှာမလွယ်။
သူ ဘာမှမဖြစ်ပါစေနဲ့ ဟုဆုတောင်းနေရင်း လူအုပ်ကြားထဲ တိုးဝှေ့ရင်း ယောက်ျားလေးအုပ်စုကြားထဲရောက်သွားသည်ကိုလည်း သတိမထားမိ။
မီးညွှန့်တလူလူတက်နေသောအဆောက်အအုံကိုကြည့်လိုက်ကာ ခြေလှမ်းများက အဆောင်တွင်းဆီသို့။ အနားရောက်သည်နှင့်အပူရှိန်ကိုခံစားလိုက်မိသည်။ အတွင်းသို့ဝင်လိုက်သော် မီးခိုးလုံးတွေ။ လှေကားအထိမီးမစွဲသေးတာတော်သေးသည်။
မီးခိုးများကို ရှူ ရှိုက်မိရင်း ဒုတိယထပ်ရောက်သော်
မီးခိုးပိုထူလာသဖြင့် အသက်ရှူ ကျပ်လာသည်။
"အဟွတ် အဟွတ်"

Girl With Philophobia (completed) Tahanan ng mga kuwento. Tumuklas ngayon