Part 36

983 32 2
                                    

အဖြေလွှာကိုတောင်ပြန်မစစ်နိုင်ဘဲ အပြေးအလွှား အခန်းထဲမှထွက်ကာ ကျောင်းသားရေးရာဆီ အပြေးလာခဲ့သော်လည်း သူကမရှိ။ စာရေးမ တွေကိုမေးကြည့်တော့ လာယူသွားပြီဟုပြောသည်။
အဲ့ဒီတော့ မြူနှင်း တစ်ယောက် သူ့အဆောင်ကိုလိုက်သွားသည်။ အဆောင်ရှေ့တွင်ရပ်နေရင်း
သူ့ဖုန်းကိုခေါ်သော်လည်း မကိုင်။ သူတို့အဆောင်ထဲက အန်တီကြီးတစ်ယောက်ကိုမေးကြည့်တော့လည်း သူမရှိဟုဆိုသည်။ သူဘယ်တွေသွားနေပါလိမ့်။ သူလာတဲ့အထိ အဆောင်ရှေ့မှာစောင့်နေဖို့ဆုံးဖြတ်လိုက်သည်။
ယောကျ်ားလေးဆောင်ဖြစ်၍ အဆောင်ပြန်လာသော ယောကျ်ားလေးများက ကြည့်ကြည့်သွားကြသော်လည်း ဂရုမစိုက်မိတော့။ မြူနှင်း အတွက် ဘုန်းဝေကို တွေ့ရရေးက အရေးကြီးနေသည်။

ဒုတိယထပ်ပြတင်းပေါက်မှတဆင့် အဆောင်ရှေ့တွင်ရပ်နေသော ဂျပုမလေးကိုကြည့်နေသော
အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်။
ငါ့ကိုဘာလို့လာရှာတာလဲကွာ။
ငါသွားမှာကို သိသွားလို့လား။
နင့်ကိုတွေ့လိုက်ရင် ငါမသွားနိုင်ပဲ ဖြစ်သွားလိမ့်မယ်။
နေ့လယ် ၁နာရီထိုးပြီဖြစ်၍ နေက ခြစ်ခြစ်တောက်ပူနေသည်။ ထိုကောင်မလေးကတော့ အဆောင်ရှေ့မှာရပ်နေဆဲ။

"အဲ့လောက်ပူနေတာကို ရူးနေလားမသိဘူး"ဟု မကျေမနပ်ရေရွတ်လိုက်ရင်း ကျောပိုးအိတ်ထဲမှ မီးခိုးရောင် ထီးကိုထုတ်လိုက်သည်။

"သမီး သမီး"

မြူနှင်း လှည့်ကြည့်လိုက်တော့ ခုနက အန်တီကြီး။
မြူနှင်း ကို ထီးတစ်လက် လှမ်းပေးနေသည်။

"သမီး နေအရမ်းပူတယ်၊ ထီးလေးယူလိုက်ပါလား။
ယောကျ်ားလေးဆောင်ဆိုတော့ သမီးကိုအထဲမခေါ်တာ"

"ဟုတ်ကဲ့ ၊ ကျေးဇူးပဲရှင့်"ဟုပြော၍ ထီးကိုလှမ်းယူလိုက်သည်။ ထီးက မီးခိုးရောင်လေး၊ ဘုန်းဝေ ကြိုက်သောအရောင်ပဲ ဟုတွေးမိရင်း ပြုံးမိသွားသည်။

၂နာရီထိုးသွားသည်။ ဘုန်းဝေကတော့ပေါ်မလာပေ။ ဆုမွန်ဆီ ဖုန်းခေါ်လိုက်သည်။

"ငါ အဆောင်ရှေ့မှာစောင့်နေတာ ၃နာရီလောက်ရှိနေပြီ။ သူအဆောင်မှာလည်းမရှိဘူးတဲ့"

Girl With Philophobia (completed) Where stories live. Discover now