"ဒီနေ့ည အများကြီးသောက်မနေနဲ့ဦးနော် အမူးသမားလေး"
ဘုန်းဝေက မြူနှင်းဆံပင်တွေကိုဖွလိုက်ရင်းပြောလိုက်သည်။ မြူနှင်းက မျက်စောင်းထိုးလိုက်ကာ..
"ငါမသောက်တာကြာနေပါပြီနော်"
ထိုအခါ ဘုန်းဝေက မြူနှင်း ကိုပြုံးပြီးကြည့်သည်။
"အဆောင်ပိတ်တော့မယ်မလား အဆောင်ထဲဝင်တော့။ ငါပြန်တော့မယ်"
မြူနှင်း ခေါင်းညိတ်ပြလိုက်သည်။
ပြီးပြည့်စုံသောထိုလူသားကို သူမ မြတ်နိုးစွာချစ်နေမိပြီဖြစ်ကြောင်း သူမကိုယ်သူမလက်ခံလိုက်ရသည်။သူ့မျက်ဝန်းတွေ၊ သူ့အပြုံးတွေ ၊ သူ့ရဲ့အရာရာတနုင်းကို သူမချစ်ပါသည်။ ဒါကိုသူလည်းခံစားမိမည်ထင်ပါသည်။
ဖုန်းမှ noti သံကြားလိုက်ရ၍ ကြည့်လိုက်ရာ
သူ့ဆီမှ "Happy New Year" ဆိုသော
message လေး။ အချိန်က ည၁၂နာရီတိတိ။
ဝိုင်တစ်ပုလင်းသောက်ပြီး အိပ်ပျော်သွားရာ
အခုမှနိုးလာခြင်း။ ခေါင်းထဲတွင် ရိပ်တိပ်တိပ်နှင့် ခေါင်းနောက်နေသလိုခံစားနေရသော်လည်း
သူ့message လေးကြောင့် ပြုံးနိုင်သွားသည်။"ငါနင်တို့အခန်းရှေ့မှာ"
"ခဏလောက်ထွက်လာခဲ့ပါလား"
ကျွန်မ တံခါးကိုအမြန်ဖွင့်ကာ ဝရံတာဘက်ထွက်လိုက်သည်။
ကျွန်မတို့အခန်းက ရှေ့မျက်နှာစာတွင်ဖြစ်၍ လမ်းဘက်ကိုအကုန်မြင်ရသည်။
သူတကယ်ပဲရောက်နေတာပဲ။
လမ်းမီးရောင်အချို့ကြောင့်သူ့ကိုလှမ်းမြင်လိုက်ရသည်။
မြူနှင်း ပြုံးလိုက်မိသည်။သူလည်းကျွန်မကိုတွေ့သွားပြီး ပြုံးပြသည်။
ထို့နောက်သူ့ဆီမှဖုန်းဝင်လာသည်။"Happy New Year ဘုန်းဝေ"
"နင့်ကိုလွမ်းလို့ မြူနှင်း "
"ဟင်"
"အများကြီးမသောက်ထားဘူးမလား။
ကိုကို့ကလေးက လိမ္မာတော့"ဘာ့ကြောင့်မှန်းမသိ ကျွန်မမျက်ရည်တွေဝဲလာသည်။
"ငါနင့်ကိုချစ်တာသိလားဟင်"
"အင်း ငါသိပါတယ် "ဟု ဖြေချင်သော်လည်း
ပါးစပ်က ဘာသံမှထွက်မလာ။
ဘုန်းဝေက ကျွန်မကိုလှမ်းကြည့်နေသည်။
သူ့မျက်ဝန်းတွင်လည်း မျက်ရည်တွေဝိုင်းနေသည်။ သူ့ကိုကြည့်နေရင်း ရင်ထဲဆို့နင့်လာပြီး
မျက်ရည်တွေကျလာသည်။"ငါလည်းနင့်ကိုချစ်ပါတယ်"လို့ပြောဖို့ကို
ဘယ်လိုမှပြောမထွက်။ဘာလို့လဲ...။ ဘာလို့အဲ့လောက် သတ္တိနည်းရတာလဲ။ ကိုယ်ချစ်တဲ့သူကို ချစ်တယ်လို့ပြောဖို့ကို ကျွန်မအတွက် ဘာလို့အဲ့လောက်တောင်ခက်ခဲနေရပါလိမ့်။
သူ့ကိုလှမ်းကြည့်နေရင်း သူ့ပုံရိပ်က တဖြည်းဖြည်း
ဝေဝါးလာသည်။မျက်လုံးဖွင့်ဖွင့်ချင်း မျက်နှာကြက်အဖြူရောင်က
ဆီးကြိုနေသည်။ သူမ အိပ်မက်မက်နေခဲ့တာပါလား။ အိပ်မက်ထဲမှာတောင် သူ့ကိုချစ်ပါတယ်လို့
မပြောရဲခဲ့ပါလား။ မပြောလိုက်ရပါလား။နာရီကိုကြည့်မိတော့ ည၂နာရီ။
"Happy New Year "ဟူသော message လည်း ရောက်မနေပါချေ။မဖြစ်နိုင်မှန်းသိနေသော်လည်း တံခါးကိုဖွင့်ကာ ဝရံတာဘက်ပြေးထွက်ခဲ့မိသည်။
အကယ်၍ သူများရှိနေခဲ့မလားဟူသော
မျှော်လင့်ချက်ရောင်ခြည်သဲ့သဲ့လေးဖြင့်....
လမ်းဘက်တွင် လမ်းမီးတိုင် ၂တိုင်မှ တပါး သက်ရှိဟူ၍ တကောင်တမြီးမှ ရှိမနေ။စိတ်ပျက်လက်ပျက်ထိုင်ချပြီး ငိုချလိုက်မိသည်။
ဆောင်းလေအေးအေးကိုလည်း သူမ မမှုတော့ပါ။
သူမရင်ထဲတွင် အပူမီးတွေ တောက်လောင်နေသည်ပဲ။ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းဖြစ်နေမှတော့ ရလဒ်ကိုလည်းကျေနပ်ရမှာပေါ့။
အကောင်းဆုံးထင်လို့ ရွေးချယ်ခဲ့ပြီးမှတော့
အကောင်းဆုံးမဖြစ်ခဲ့ရင်တောင်လက်ခံရမှာပဲလေမျက်ရည်များကြားမှ ကောင်းကင်ကိုမော့ကြည့်လိုက်ရင်း မိုင်ပေါင်းများစွာအဝေးမှ သူ့ဆီသို့..
"Happy New Year ပါ ငါချစ်ရတဲ့ကြယ်လေးရေ။ ပျော်ရွှင်ပါစေ ။ တောင်းပန်ပါတယ်
ပြီးတော့....
ငါနင့်ကိုချစ်ပါတယ်ဟာ။
နင်မသိနိုင်ပေမယ့်ပေါ့"***********************
A/N : New Year ညကတည်းကတင်မလို့ရယ်။
အဲ့နေ့ကရေးမပြီးလိုက်လို့😁
မြူနှင်း နဲ့ ဘုန်းဝေကိုအရမ်းတွေသတိရနေလို့ရယ်😁😪
YOU ARE READING
Girl With Philophobia (completed)
Romance(Zawgyi) ချစ်ရမှာကြောက်နေတဲ့ကောင်မလေးတစ်ယောက် နဲ့ မချစ်တတ်တဲ့ကောင်လေးတစ်ယောက်။ ပြီးတော့ နောင်တတွေတပွေ့တပိုက်နဲ့ကောင်လေးတစ်ယောက်။ ချစ်ခြင်းမေတ္တာကို ကိုယ်မယုံဘူး ဘာလို့လဲမေးရင် အဖြေမရှိဘူး ...