Part 14

477 36 1
                                    

ဟူး..မောလိုက်တာ။
သူတို့တွေ ဘယ်လိုများ မမောနိုင်မပန်းနိုင် တက်နိုင်ကျပါလိမ့်။ သူတို့ကိုအမီလိုက်ရတာ အသက်ရှူတွေတောင်ကျပ်တယ်။
မေဂျာတောင်တက်ခရီးဖြစ်၍ မြူနှင်းဝေ မလိုက်ချင်ဘဲ လိုက်ခဲ့ရခြင်း။ အပင်ပန်းမခံနိုင်မှန်း သိလျက်သားနှင့် အားတင်းပြီးကြိုးစားတက်နေသော်လည်း
ကိုယ်ကနောက်ဆုံးဖြစ်နေသည်။
ခုမှအစပဲရှိသေး။ ပင်ပန်းနေလေပြီ။
အတွဲတွေကတော့ လက်ချင်းတွဲပြီးပျော်ပျော်ပါးပါးတက်နေကြသည်။ ကောင်မလေးကိုကျောပိုးပြီးတက်သည့်အတွဲလည်းရှိသေး။
အတက်ကြီးကို သူတို့မလို့မမောနိုင်၊ မပန်းနိုင်။

ထိုစဉ် မြူနှင်းလက်ကို တစ်ယောက်ယောက်ဆုပ်ကိုင်လိုက်သည်ကိုခံစားလိုက်မိသည်။  ခုနကအထိ အနားမှာဘယ်သူမှ မရှိပါဘူး။

"ဟိန်းမြတ်"

"ငါနင့်အနောက်ကနေ လိုက်တက်လာတာ။
မောနေပြီမလား။ ငါ့ကိုဆွဲပြီးလိုက်ခဲ့"

သူ့ကိုနာကျင်စေခဲ့သော ရည်းစားဟောင်းဆိုတာလည်းမေ့သွားသည်။ စခင်ကာစပုံစံလေးအတိုင်း။
မြူနှင်း ပြုံးလိုက်ပြီး ဟိန်းမြတ်လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။

ဟိန်းမြတ်က မြူနှင်းကိုတွဲပြီးတက်သည်။ နည်းနည်းတက်လိုက် ၊ ခဏနားလိုက်နှင့် ရှေ့ကအဖွဲ့တွေနှင့် တော်တော်လှမ်းသွားသည်။

ရှေ့သစ်ပင်ရိပ်အောက်တွင်ထိုင်နေတော အတွဲကိုတွေ့ပြီး ဘုန်းဝေ မျက်မှောင်ကြုတ်လိုက်မိသည်။ ဟိုဂျပုမလေး နှင့် ကိုယ်တို့မေဂျာ queen ရည်းစား။ သူတို့ပြန်တွဲနေကြတာလား။
ဘုန်းဝေတို့ မေဂျာလိုက်တောင်တက်ခရီးထွက်လာခြင်းဖြစ်သည်။ ဘုန်းဝေက အစကတည်းက ဖျတ်လတ်ပြီး လျင်မြန်သောကြောင့် ထိပ်ဆုံးကဖြစ်နေသည်။ ထို့ကြောင့် ရှေ့ကအတွဲကို တွေ့လိုက်ရခြင်းဖြစ်သည်။

ထိုကောင်မလေးနှင့် ဘာမှမဆိုင်ပါဘဲလျက်
စိတ်ထဲတမျိုးခံစားလိုက်ရသည်။ထိုဂျပုမလေးကို
သူမကြိုက်။ သူကြိုက်သည့်typeမျိုးမဟုတ်။
သနားမိတာ တစ်ခုပဲရှိသည်။သူခေါင်းခါလိုက်ပြီး
သစ်ပင်ရိပ်တစ်ခုတွင်ထိုင်ချလိုက်သည်။
သူ့မေဂျာကလူတွေကိုစောင့်ရဦးမယ်လေ။

"ဒီနေ့ IT တွေလည်း တောင်တက်ရှိတယ်တဲ့။
ဆုမွန်ပြောပြတာ"

မြူနှင်း က ဟိန်းမြတ်ကိုကြည့်ပြီးပြောလိုက်သည်။

"ဟုတ်လား ငါမသိဘူး "

ဟိန်းမြတ် ကိုကြည့်ရတာ အိမ့်မြတ်နှင့်ပြန်အဆင်ပြေသေးပုံမပေါ်။

"အိမ့်မြတ် နဲ့ ပြန်အဆင်မပြေသေးဘူးလား"

"အင်း အခုထိပဲ။"

ဟိန်းမြတ်က မတ်တပ်ရပ်လိုက်ရင်း လက်ကမ်းပေးလိုက်ကာ

"ထ ၊ သူများတွေနဲ့တော်တော်ဝေးနေပြီ။
ငါကျောပိုးရမလား"

မြူနှင်း က ဟိန်းမြတ်လက်ကိုဆွဲပြီးထလိုက်သည်။
ပြီးနောက် ဟိန်းမြတ်ကိုမော့ကြည့်လိုက်ကာ

"ငါ့ကိုနိုင်လို့လား"

ဟိန်းမြတ်ကရယ်လိုက်ပြီး
"ဘာလို့မနိုင်ရမှာလဲ ။ အရင်ကဆို.."

ဟိန်းမြတ်ပြောနေရင်း တစုံတခုကို သတိရသွားသည့်နှယ် ရပ်သွားသည်။

ဟုတ်သားပဲ။ အရင်က သူမြူနှင်းကို ကျောပိုးပြီး မနက်စောစော ကျုံးတလျှောက်လမ်းလျှောက်ခဲ့ဖူးသည်။ မြူနှင်းလည်း သတိရသွားဟန်ဖြင့်
ခေါင်းကိုငုံ့ထားလိုက်သည်။
တစ်မိနစ်ခန့် တိတ်ဆိတ်သွားကြသည်။
မြူနှင်းထံမှ ရှိုက်သံသဲ့သဲ့ထွက်လာသည်။
မြူနှင်း ငိုနေသည်ပဲ။

ဟိန်းမြတ် မြူနှင်းပါးကိုလှမ်းကိုင်လိုက်မိသည်။
သူ့ကိုယ်သူတောင် သတိမထားလိုက်မိခင်
မြူနှင်း မျက်ရည်တွေကိုသုတ်ပေးနေမိသည်။

"မငိုပါနဲ့ကွာ.."

ဟိန်းမြတ်သည်မြူနှင်းကိုရင်ခွင်ထဲထည့်ပြီးဖက်ထားလိုက်သည်။

ဘုန်းဝေတစ်ယောက်ကတော့ သူတို့နှစ်ယောက်ကိုထိုင်ကြည့်ရင်း မျက်မှောင်ကြုတ်နေမိသည်။
ထိုစဉ် တစုံတယောက်ကလည်း မြူနှင်း နှင့် ဟိန်းမြတ်ကို ကြည့်နေသည်ကို ဘုန်းဝေတွေ့လိုက်ရသည်။

"အိမ့်မြတ်သဇင်" ဟု ဘုန်းဝေ ရေရွတ်လိုက်မိ
သည်။

Girl With Philophobia (completed) Where stories live. Discover now