Part 34

429 34 1
                                    

မုန်းတယ်..လောကကြီးကိုမုန်းတယ်။
ကျွန်မကို ဒီလိုဖြစ်အောင်ဖန်ဆင်းပေးလိုက်တာကိုလည်း မုန်းတယ်။ တခါတခါကျ ကံတရားက မတရားဘူး။ ကိုယ်ချစ်ရတဲ့သူကို ချစ်ပါတယ်လို့မပြောရဲရလောက်အောင် အချစ်ကိုကြောက်မိသွားတဲ့အခါ၊ ကိုယ့်ကိုယ်ကိုလည်း ဒေါသတွေထွက်မိ ။

ကံတရားက တစ်ခါလောက်တောင် ကျွန်မကို မျက်နှာသာမပေးခဲ့ဖူးဘူး။ ကိုယ့်ကိုမချစ်တဲ့သူတွေနဲ့ပဲ ဆုံတွေ့စေခဲ့ပြီး ကျွန်မကျတော့ သူတို့ကို အရမ်းချစ်မိသွားအောင်လုပ်တယ်။

သတ်ချင်တိုင်းသာ သတ်လို့ရမယ်ဆိုရင် ကံကြမ္မာ ဆိုတဲ့အကောင်ကို အရင်ဆုံးသတ်ချင်မိတယ်။
အဲ့ ကံကြမ္မာ ဆိုတဲ့ကောင်ကြောင့်သာ ကျွန်မတို့တွေ ဆုံတွေ့ပြီး ခွဲခွာရတာမို့လို့။
အဲ့ ကံကြမ္မာ ကြောင့်သာ ကျွန်မတို့တွေ လွဲချော်ခဲ့ပြီး ငိုကြွေးရတာမို့လို့။

တကယ်လို့ နောင်ဘဝသာရှိခဲ့တယ်ဆိုရင် ချစ်တတ်တဲ့နှလုံးသား မပါလာပါစေနဲ့။
ကိုယ့်ကိုထားသွားမယ့်လက်တွေကို မဆွဲမိပါစေနဲ့။
ကိုယ့်ကို ပစ်ပယ်သွားမယ့်သူတွေကို သံယောဇဉ် မတွယ်မိပါစေနဲ့။

တကယ်တော့အချစ်ဆိုတာ ကျိန်စာပဲ။
ချစ်မိတဲ့သူတိုင်းက ကျိန်စာသင့်တာပဲ
အချစ်ဆိုတာနဲ့အတူ တွဲပါလာတဲ့ အမုန်းတွေ၊ အာဃာတတွေ၊ အလွမ်းတွေ၊ စိတ်ဆင်းရဲခြင်းတွေ၊ နာကျင်ခြင်းတွေ။
အဲဒါကြောင့် အချစ်ဆိုတာ ကျိန်စာလို့ပြောတာ။
နောက်တခါထပ်ပြီး ကျိန်စာမသင့်ပါရစေနဲ့။

မွေးကတည်းက ပျော်ရွှင်ခြင်းတွေထည့်ပေးလိုက်ခြင်း မခံရတဲ့ ကလေးတစ်ယောက် အဖြစ်ကြီးပြင်းလာခဲ့ပြီး ပထမဆုံးသံယောဇဉ်တွယ်မိသူရဲ့ ရက်စက်ခြင်းကိုခံခဲ့ရပြီး ဒုတိယမြောက် သံယောဇဉ်တွယ်မိသူကျ ဘာထူးလို့လဲ။ မချစ်ပဲနဲ့ သူ့ပျော်ရွှင်မှုအတွက် အသုံးချချင်နေတာ။ ဟက်..

မြူနှင်း အော်ရယ်လိုက်မိသည်။
ရူးသွားရင်လည်းကောင်းသား..
အကုန်လုံးကိုမေ့ပြီး ရူးသွားရင်ကောင်းမှာ။
ဟိန်းမြတ်ကိုလည်းမသိတော့ဘူး၊ ဘုန်းဝေကိုလည်းမသိတော့ဘူး။

နားကြပ်မှတဆင့် နားထဲတိုးဝင်လာသော သီချင်းကလည်း

"တယောက်တည်းမရပ်တည်ချင်ပါ နင်မရှိတော့
ငါတို့အသက်ရှင်နေတာ ဝေးဖို့မဟုတ်
အတူပျော်ခဲ့ကြတဲ့ အချိန်နာရီတွေ မေ့နိုင်မလား

Girl With Philophobia (completed) Where stories live. Discover now