"ဘာလို့ မီးလောင်နေတာကို အဆောင်ထဲဝင်သွားရတာလဲ"
"ဘာလို့ဝင်သွားမိမှန်းမသိဘူး"
"အဲ့အကောင်ကိုရှာချင်လို့လား။ မီးလောင်တာ သူတို့ဘက်ခြမ်းနဲ့ အဝေးကြီးပဲ။သူ့ကိုရှာတာအရေးမကြီးဘူး နင်ပါ မီးထဲပါသွားရင် ဘယ်လိုလုပ်မလဲ"
"မဟုတ်ဘူး နင့်ကိုသွားရှာတာ"
မြူနှင်း ပြောပြီးခေါင်းငုံ့လိုက်မိသည်။
*****************
"ဟဲ့ လင်တရူးမ "
ဖုန်းကိုင်ကိုင်လိုက်ချင်း ဆုမွန်၏ ဆဲဆိုသံလေးကိုကြားလိုက်ရသည်။
"နင်တကယ်ရူးနေတာပဲ သိလား၊ မီးလောင်နေတာကို သေမလို့ဝင်သွားတာလား"
"အဲ့လိုမဟုတ်ပါဘူး ၊ ငါအဲ့လိုဖြစ်သွားတာ ငါ့ကိုယ်ငါတောင်မသိလိုက်ဘူး၊ ငါစိတ်လွတ်သွားတာထင်တယ်"
"ငါ မန္တလေး ပြန်ရောက်မှ နင့်ကိုသေအောင်သတ်ဦးမယ် ၊ ငါ့မှာကြားကြားချင်းစိတ်ပူသွားတာပဲ"
"ဒါနဲ့ ဆုမွန် ငါလေ...ဘုန်းဝေယျာညိမ်း ကိုချစ်မိနေပြီလားမသိဘူး"
"အစကတည်းက ချစ်နေတာမဟုတ်ဘူးလား"
"မဟုတ်ဘူးဟ၊ အစက ကြိုက်တာ ၊ crush တာဟာ၊ အဲ့လိုမျိုးကြီး ရင်ထဲက ချစ်တာမဟုတ်ဘူး ဟ၊
ငါသူ့ကိုတကယ်ချစ်သွားရင်ဘယ်လိုလုပ်မလဲဟာ
ငါမချစ်ချင်ဘူး၊ ငါ့ကိုကယ်ပါဦးဟာ""လူတိုင်းကတော့ ဟိန်းမြတ်သူ မဟုတ်ပါဘူးဟာ၊
အဲ့လောက်ထိကြောက်မနေပါနဲ့""ဒါပေမယ့် ငါသိနေတယ်၊ ငါတို့တွဲဖြစ်တယ်ပဲထားဦး၊ အချိန်တခုရောက်ရင်ပြတ်မှာ၊ ငါပြောချင်တာ ဘယ်လောက်ချစ်ချစ် အချိန်တန်ပြတ်မှာပဲဟ"
"နင်အဲ့လိုမျိုးအဆုံးထိမတွေးနဲ့လေဟာ"
"ငါကြောက်တယ်ဟာ၊ ထပ်ပြီးထားခဲ့ခံရမှာကြောက်တယ်၊ ထပ်ပြီးနာကျင်ရမှာကြောက်တယ်"
မြူနှင်း ကိုဘယ်လိုနှစ်သိမ့်ပေးရမယ်မှန်းမသိတော့။ စိတ်ဒဏ်ရာက တော်တော်ကြီးသွားတာကိုး၊
မြူနှင်း အကြောင်းတွေးမိတိုင်း ဟိုကောင် ဟိန်းမြတ်သူ ကိုပဲသွားသတ်ချင်မိသည်။"အချစ်ဆိုတာ တားလို့ရတဲ့အရာမျိုးမဟုတ်ဘူး
မြူနှင်း ရဲ့၊ နင့်နှလုံးသားရဲ့ ခံစားချက်အတိုင်းပဲလိုက်၊ နင့်နှလုံးသားကပြောတာကိုပဲ နားထောင်၊
ဟုတ်ပြီလား".................................................................
ထိုကောင်မလေးဆီမှာ အမြဲတမ်းတွေ့ရလေ့ရှိသော ခိုကိုးရာမဲ့မျက်ဝန်းများကို သနားစိတ်ဝင်မိရာမှ မမြင်နိုင်သော ကြိုးလေး ငြိတွယ်နေမိပြီထင်သည်။ မြူနှင်း ဘယ်သူ့ကိုချစ်နေသလဲ ကျွန်တော်
မသိပါ။ တခါတလေ ကျွန်တော့ကိုချစ်နေတယ်လို့
ခံစားရပြီး တခါတလေကျ ဟိန်းမြတ်သူ ကိုချစ်နေတယ်လို့ခံစားနေရပြန်သည်။
ထိုကောင်မလေးက ခံစားချက်ကိုဖုံးကွယ်တတ်သောမိန်းကလေးမဟုတ်။ သူ့ရဲ့ ကျွန်တော့အပေါ်ဂရုစိုက်မှုတွေ၊ အပြန်အလှန်ပို့သော message
များ၊ ကျွန်တော့ကိုကြည့်သော မျက်ဝန်းများမှတဆင့် သူ့နှလုံးသားထဲမှ ခံစားချက်ကို ကျွန်တော်ဖတ်မိပါသည်။
ကျွန်တော်ကရော..
ကျွန်တော်လည်း သူ့အပေါ် သံယောဇဉ်ရှိနေသည်ထင်ပါသည်။ ချစ်နေမိလားဆိုတာတော့မသိ။
ကျွန်တော်ဘယ်သူ့ကိုမှလည်း မချစ်ဖူးခဲ့။
ကျွန်တော်သိတာတစ်ခုကတော့
သူ့အသံစူးစူးလေးကိုသတိရသည်၊
သူ့ကို မြင်နေရရင်ပျော်သည်၊
သူ့ကို စနေရရင်ပျော်သည်။
သူ့ကို ဟိန်းမြတ်သူနှင့်တွဲမမြင်ချင်။အရင်က သူ့ကိုသတိရတိုင်း သူ့အဆောင်ရှေ့သွားပြီး သူ့အခန်းလေးကိုငေးကြည့်နေခဲ့ဖူးသည်။ အခုတော့သွားဖို့မလွယ်တော့။
အဆောင်တခြမ်းမီးလောင်သွားသဖြင့် ပြန်ပြင်နေဆဲဖြစ်သဖြင့် ပုသိမ်ကြီးထဲရှိ အပြင်ဆောင်တွင်နေနေရသည်။
အခုလည်း အရမ်းသတိရနေတယ် ဂျပုမလေးရာ။မြူနှင်း တစ်ယောက် ဝရံတာမှနေ၍ လမင်းကြီးကိုကြည့်နေသည်။ ဆောင်းရာသီထဲရောက်တော့မည်ဖြစ်၍ လေကအေးစိမ့်စိမ့်။ တစ်ယောက်သောသူကို သတိရနေမိသည်။ ငါနင့်ကိုချစ်မိနေပြီလားဟင်။ နင့်ကိုအရမ်းသတိရနေတယ်ဟာ၊ ရူးမတတ်သတိရနေတယ် ငါ့ရဲ့ကြယ်လေး။
KAMU SEDANG MEMBACA
Girl With Philophobia (completed)
Romansa(Zawgyi) ချစ်ရမှာကြောက်နေတဲ့ကောင်မလေးတစ်ယောက် နဲ့ မချစ်တတ်တဲ့ကောင်လေးတစ်ယောက်။ ပြီးတော့ နောင်တတွေတပွေ့တပိုက်နဲ့ကောင်လေးတစ်ယောက်။ ချစ်ခြင်းမေတ္တာကို ကိုယ်မယုံဘူး ဘာလို့လဲမေးရင် အဖြေမရှိဘူး ...