Part 2

1.3K 58 2
                                    

ဒီနေ့က ဗုဒ္ဓဟူးနေ့မို့ နေ့လည်ပိုင်းအတန်းချိန်မရှိ။
အတန်းဆင်းမှ ဟိန်းမြတ်သူ ကိုစောင့်ပြီးစကားပြောရမည်။ မြူနှင်း တစ်ယောက် စာထဲစိတ်မပါနေ။
နာရီကိုသာတကြည့်ကြည့်နှင့်။အတန်းဆင်းချိန်ကိုမျှော်နေမိသည်။
ဆရာမကိုနှုတ်ဆက်ပြီးသည်နှင့် သူများထက်အရင် အခန်းအပြင်ဘက်ရောက်အောင်အပြေးလေးထွက်ခဲ့ပြီး အနောက်ဘက်လှေကားမှ ဟိန်းမြတ်ထွက်အလာကို စောင့်နေလိုက်သည်။
အနောက်ဘက်လှေကားမှ ယောကျ်ားလေးများဆင်းတာများသည်။ မိန်းကလေးများကမူ အရှေ့ဘက်တံခါးပေါက်ကိုသာအသုံးပြုကြတာများသည်။
ဟိန်းမြတ်ထွက်လာပြီ။
သူကျွန်မကိုမြင်သည်။ ချက်ချင်းမျက်နှာလွှဲသွားသည်။
သူကျွန်မဘေးကဖြတ်သွားသောအခါ
"ငါတို့ခဏလောက်စကားပြောရအောင်"
ဟုသူကြားရုံလောက်ပြောလိုက်သည်။
သူကျွန်မကိုတစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
တခဏအကြာတွင် ကျောင်းသူကျောင်းသားများမရှိကြတော့။
မြူနှင်း နှင့် ဟိန်းမြတ် သာကျန်သည်။

"ငါဘာမှားတာရှိလို့လဲဟင်"

အရဲစွန့်ပြီးမြူနှင်းမေးလိုက်မိသည်။ဘာပဲဖြစ်ဖြစ်သူ့စိတ်ကြိုက်အကုန်ပြုပြင်မည်ဟုဆုံးဖြတ်ထားပြီးသား။ သူ့မျက်ဝန်းတွေထဲမှာ အချစ်ကိုရှာမတွေ့။
အကြည့်တွေကအေးစက်နေသည်။

"မရှိပါဘူး"

သူက အေးအေးစက်စက်ပြန်ဖြေလာသည်။
ဘာအမှားမှမရှိဘဲ ဘာလို့ဒီလိုလုပ်ရက်ရတာလဲ။

"အဲ့ဒါဆိုရင် ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့.."

မြူနှင်း အသံတွေတုန်နေသည်။သူ့ကိုသေချာစိုက်ကြည့်ပြီး လက်ကျန်သံယောဇဉ်ငွေ့ငွေ့လေးများရှိဦးမလားရှာဖွေမိသည်။ သူဆိုတာ သူများကို အရမ်းအားနာတတ်တဲ့သူ။ သူ့ကြောင့်သူများကိုမထိခိုက်စေချင်ဘူးလို့သူပြောဖူးတယ်။

"ငါနင့်ကိုတကယ်မချစ်ခဲ့ဘူး မြူနှင်းဝေ"

အေးစက်စွာထွက်ကျလာသောစကားလုံးများ။
ကျွန်မဆွံ့အသွားသည်။ ပြောရက်လိုက်တာ။
မချစ်တော့ဘူးတောင်မဟုတ်။ မချစ်ခဲ့ဘူးတဲ့။
မချစ်တော့ဘူးဆိုရင်တောင် ချစ်ခဲ့တာပဲလေဟု ဖြေသိမ့်လို့ရသေး။ အခုကျ မချစ်ခဲ့ဘူးတဲ့လား။
ပါးပြင်ပေါ်ကျဆင်းလာ သော မျက်ရည်များကို
သုတ်လိုက်ရင်းသူ့ကိုစိုက်ကြည့်လိုက်သည်။

Girl With Philophobia (completed) Where stories live. Discover now