Untitled Part 1

3.3K 201 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 9 ဂေါတောင်တန်းက နွံတောကြမ်း

Chapter 1 ( ကျောက်စိမ်းပင်လယ်)

ဝတ်စုံနက် ၀တ် မိန်းမပျိုလေး ယုဝေရဲ့ စိတ်သဘောထားကို နင်နားမလည်နိုင် ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း ဆံပင်ဖြူအဖိုးအို ဆီမှာ ရှိနေတဲ့ အဖြူအနက် ဓာတ်လုံးတွေနဲ့ အရည်ဖွဲ့ ဓာတ်စွမ်းအင် အမြူတေတွေကြောင့် နင် ပျော်ရွှင်လို့ နေခဲ့ပါတယ်။ ပြောရရင် ဒီတာအိုဆွေးနွေးပွဲတွေဟာ သူ့အတွက် ကောင်းတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ဒါတွေကြောင့် သူ ဆင့်ကဲ တိုးတက် ပြောင်းလဲလာခဲ့တာကို နားလည်လိုက်ပါတယ်။

"ဂိုဏ်းတူအကိုကြီး ဂျိနင်!!"

ဝမ်းသာစွာ အော်ခေါ်လိုက်သံ ထွက်ပေါ်လာခဲ့ပါတယ်။ နင် လှည့်ကြည့်လိုက်တော့ ပိန်ပိန်ပါးပါး သေးသေးသွယ်သွယ် မူနော့စွန်းက ပျော်ရွှင်စွာ ပြေးလာနေတာကို တွေ့လိုက်ရပါတယ်။
"ဂိုဏ်းတူအကိုကြီး ဂျိနင်... အကိုကြီးက အရမ်းကို ကြမ်းတာပဲ။ ၀မ်ရှင်းသူတော်စင်တွေ ဒီလောက် အများကြီး အနိုင်ယူနိုင်ခဲ့တယ်။ အရမ်းကို အစွမ်းထက်တဲ့ နော့မွန့် ရေစီးနက်ကိုလည်း အနိုင်ယူနိုင်ခဲ့တယ်လေ။ အခုပဲ ကျွန်တော် ဂိုဏ်းတူအမကြီး ဆောင်းမိုးကို မေးခဲ့တာ။ အကိုကြီးကို အနိုင်ယူခဲ့တဲ့ ဂိုဏ်းတူအမတော် ယုဝေက ပြန်လည်မွေးဖွားလာတဲ့ အင်မော်တယ်တဲ့လေ။ ပြီးတော့ ကျွန်တော်တို့ထက် ဆယ်နှစ်ဝန်းကျင်လောက် စောပြီးတော့ လေ့ကျင့်ထားခဲ့တဲ့အပြင်ကို ကျောင်းတော်ကို ရောက်နေတာလည်း ကြာလှပြီတဲ့။"


"စိတ်မပူပါနဲ့။ အကိုကြီး စိတ်မညစ်ပါဘူး။"

နင် ရယ်မောလိုက်ပါတယ်။

နော့စွန်းက ၀မ်းသာစွာနဲ့
"ပြောရရင်တော့ အကိုကြီးက အရမ်းကို အစွမ်းထက်လွန်းတယ်။ ဂိုဏ်းတူအမကြီးဆောင်းမိုးပြောတာကတော့ အကိုကြီးလို လူမျိုးက အဖြူအနက် ကောလိပ်မှာတောင် အရမ်းရှားတယ်တဲ့။ အကိုကြီးက တကယ့်ကို အရမ်းကြမ်းတဲ့ပါရမီရှင်ပဲ။ ပြောရရင် နှစ်ပေါင်း တစ်ထောင်ဝန်းကျင်.. ဒါမှ မဟုတ်ရင် နှစ်ပေါင်း တစ်သောင်း ၀န်ကျင်ရောက်သွားတဲ့အခါမှာ အဖြူအနက်ကောလိပ်က အကိုကြီးကို မော်ကွန်းတင်ထားလိုက်တော့မှာ ထင်တယ်။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)Where stories live. Discover now