ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 9 ဂေါတောင်တန်းက နွံတောကြမ်း
Chapter 17 ( အဖြူအနက် ကောလိပ်ကျောင်းသားတွေကို ထောင်ချောက်ဆင် တိုက်ခိုက်ခြင်း )
ဆံပင်ရှည် လွင့်နေတဲ့ လူငယ်တစ်ယောက်က အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ်။
"ငါတို့တွေ သူတို့ကို သတ်ပစ်ရမှာပဲ။ ဒါပေမဲ့လည်း တချက်တော့ သတိထားဦး။ ခုနတုန်းက အရှေ့မြစ်က မောင်နှမ နှစ်ယောက်ကို ငါတို့ စုပေါင်းတိုက်ခိုက်တော့ အရှေ့မြစ် တိမ်ပျံက လွတ်သွားခဲ့တယ်လေ။ ဒီနှစ်ယောက်က အဖြူအနက် ကောလိပ်ကပဲ။ တစ်ယောက်က အလယ်အဆင့် ၀မ်ရှင်းသူတော်စင် ဖြစ်ပြီးတော့ နောက်တစ်ယောက်က အစောပိုင်း ၀မ်ရှင်း သူတော်စင် ဖင်းဂေါ့ ပေမဲ့လည်း သူတို့မှာ မှော်ရတနာတွေ အများကြီး ပါလာမှာပဲလေ။ ငါတို့ သတိမထားလိုက်ရင်တော့ သူတို့တွေ လွတ်သွားလိမ့်မယ်နော်။ သူတို့တွေသာ အသက်ဆက်ရှင်မယ်ဆိုရင် ငါတို့အတွက် ရန်သူတိုးလာမှာပဲလေ။"
"ဂိုဏ်းတူအကိုကြီး ဂျီဟီရဲ့ စကားက စဉ်းစားသင့်တယ်။ "ရွှေရောင် ၀တ်စုံနဲ့ တုံနံပါတ် ၁က ခေါင်းညိတ်လိုက်ပြီးတော့
"ဂျိနင်နဲ့ ကျွန်တော်တို့ နှင်းနဂါးတောင်နဲ့ ရန်ကြွေး ရှိနေတယ်လေ။ ဒါကြောင့် သူ့အကြောင်းကို ကျွန်တော် တော်တော်များများ သိပါတယ်။ သူက အရမ်းကို ပါရမီ ကောင်းသလို တိုးတက်တာလည်း အရမ်းကို မြန်တယ်။ သူငာ လွတ်သွားမယ်ဆိုရင် ကျွန်တော်တို့မှာ အစွမ်းထက်တဲ့ ရန်သူတော်ကြီး တစ်ယောက် တိုးလာမှာအမှန်ပဲလေ။"သူတို့တွေက ဒီအချက်တွေကို ထည့်သွင်းစဉ်းစားနေပေမဲ့လည်း ၀မ်ရှင်းသူတော်စင် ၆ယောက်လုံးမှ ဘယ်တစ်ယောက်မှ ရန်သူတော် မလိုချင်ကြပါဘူး။ သူတို့တွေ အင်မော်တယ် လမ်းစဉ်ပေါ်မှာ လျှောက်နေကြပြီဆိုတော့လည်း အင်မော်တယ် ဖြစ်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားကြမှာပါ။
"ငါတို့တွေ ဘယ်လိုလုပ်ရမယ်ဆိုတာကို သေချာ စီစဉ်သင့်တယ်။"သူတို့အဖွဲ့ထဲက တစ်ယောက်တည်းသော အမျိုးသမီးက ပြောလိုက်ပါတယ်။

YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...