ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 9 ဂေါတောင်တန်းက နွံတောကြမ်း
Chapter 2 ( နော့မွန့်ကျားနက် စတိုင် )
လှေပျံလေးက ဒက်နော့ တောင်ထိပ် အိမ်တော်ထဲကို ဆင်းသက်လာခဲ့ပါတယ်။
"ဂိုဏ်းတူအကိုကြီး ဂျိနင်..."
ဖောဂတ်၊ တိမ် သင်္ဘောနဲ့ တိမ်ကျောက်စိမ်း ဇီဖူတန်ခိုးရှင် ၃ယောက်က တလေးတစား နှုတ်ဆက်လိုက်ကြပါတယ်။ ရေမြေခွေးဖြူကြီးကလည်းနင်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်ပါတယ်။ နင်က သူ့ကို ကြည့်ပြီးတော့
"ဦးလေးဖြူ.. ကျွန်တော် တံခါးပိတ်တရားကျင့်လိုက်ဦးမယ်။ တကယ့်ကို အေ၇းကြီးတဲ့ ကိစ္စရှိမှ ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါခင်ဗျာ။"ရေမြေခွေးဖြူကြီးက ခေါင်းညိတ်ပြလိုက်ပါတယ်။ နင်လည်း သူ့ရဲ့ သီးသန့် လေ့ကျင့်ရေး ခန်းမထဲကို ၀င်သွားပါတော့တယ်။
တိမ်ကျောက်စိမ်းက နင်ကို ကြည့်ပြီးတော့ နှုတ်ခမ်းလှုပ်ရုံပဲ စကားပြောလိုက်ပါတယ်။
"သူက ငါ့ကို တစ်ချက်ကလေးပဲ ကြည့်သွားတာ။ သေချာတောင် မကြည့်သွားဘူး။ ဟင်း... ငါ့ရဲ့ မျိုးနွယ်စုထဲမှာ ငါနဲ့ တာအို လက်တွဲဖော် ဖြစ်ချင်တဲ့ သူတွေ အများကြီးပဲ။ ဒါပေမဲ့ ဒီ ဂိုဏ်းတူ အကိုကြီး ဂျိနင်က ငါ့ကို ဂရုတောင် မစိုက်ဘူး။"တိမ်ကျောက်စိမ်းရဲ့ ညှို့အားက အရမ်းကို ပြင်းထန်လွန်းပါတယ်။ အပူအပင်မဲ့ ဟော်နန်းမှာ တွေ့ခဲ့တဲ့ မြေခွေး နတ်မိမယ်တွေနဲ့ တခြား လှပတဲ့ အမှုထမ်းတွေ အားလုံးထက်ကို သူမက ပိုပြီး လှပပါတယ်။ ကြာပန်းကိုးပွင့်တောင်မှ သူမကို မမှီပါဘူး။ သူမရဲ့ အလှအပကို ယှဉ်နိုင်တဲ့သူက ပြန်လည်မွေးဖွားလာတဲ့ အင်မော်တယ်ဖြစ်တဲ့ သက်တန့် နတ်သမီး ယုဝေပါ။ ဒါကြောင့် တိမ်ကျောက်စိမ်းက အရမ်းကို ယုံကြည်မှု ပြည့်နေတာလည်း မဆန်းပါဘူး။
သူမက အဖြူအနက်ကောလိပ်ကို ရောက်လာတာက ဂျိနင်ကြောင့်ပါ။ ဂျိနင်ကို သူမရဲ့ တာအို လက်တွဲဖော် ဖြစ်လာဖို့ သူမ စိတ်ကူးယဉ်နေခဲ့ပါတယ်။ ဒါပေမဲ့ ဂျိနင်က သူမကို စကားတောင် တစ်ခွန်း မပြောသေးတာဆိုးပါတယ်။

STAI LEGGENDO
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...