ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 9 ဂေါတောင်တန်းက နွံတောကြမ်း
Chapter 10 ( အင်မော်တယ် မိုးနဂါးအစောင့်အရှောက် )
နင်ပတ်ဝန်းကျင်ကို ကြည့်လိုက်မိပါတယ်။ လွန်ခဲ့တဲ့ တစ်လလုံး ကတော့ အင်မော်တယ် တန်ခိုးရှင်တိုင်းက သူတို့ရဲ့ အိမ်လေးတွေတိုင်းမှာပဲ နေထိုင်ပြီးတော့ အေးအေးဆေးေးဆ လေ့ကျင့်နေခဲ့တာပါ။ သူတို့အတွက်တော့ တစ်လလောက် လေ့ကျင့်ပြီး စောင့်ဆိုင်းရတာက အေးအေးလူလူပါပဲ။ ဒါကြောင့် သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် မသိကျွမ်းခဲ့ကြပါဘူး။
"တစ်ရာပဲ..."
နင် အားလုံးကို ဝေ့ကြည့်လိုက်ပြီးတော့ သူတို့အပါအ၀င် စုစုပေါင်း အယောက် ၁၀၀ ရှိနေတာကို သိလိုက်ပါတယ်။ နင် ရှေ့ကို ပြန်လှည့်လိုက်ပါတယ်။
လေထဲမှာတော့ လူ ၃ယောက်က မိုးနဂါး အစောင့်အရှောက် အဖွဲ့ဝင် ဖြစ်ချင်တဲ့ နင်တို့ကို စိုက်ကြည့်လို့ နေပါတယ်။ သူတို့ ၃ယောက်မှာ ငွေရောင် ဆံပင်နဲ့ ၀တ်စုံနက်ကို ၀တ်ဆင်ထားတဲ့ အဖိုးအိုကတော့ ခေါင်းဆောင် ဖြစ်ပုံပေါ်ပါတယ်။ သူ့ကိုယ်ကနေပြီးတော့ သတ်ဖြတ်မှု အော်ရာတွေ ဖြာထွက်နေတာ တော်တော်ကို ပြင်းထန်ပါတယ်။ သူ အားလုံးကို ဝေ့ကြည့်လိုက်တဲ့အချိန်မှာ မမြင်ရတဲ့ ဖိအားတစ်ခုက အောက်မှာ ရှိတဲ့ လူတိုင်းကို ဖိနှိပ်လိုက်သလို ခံစားလိုက်ကြရပါတယ်။ နဂါးနက်ကြီး တစ်ကောင်က လူစုလေးကို စိုက်ကြည့်နေသလိမျိုးပါပဲ။
"အင်မော်တယ်......"နင် တွေးတိုက်မိပါတယ်။ ဆံပင် ငွေရောင် ၀တ်စုံနက် အဖိုးအိုရဲ့ စူးရှတဲ့အကြည့်က သူတို့အားလုံးရင်ထဲကို ဓားတစ်ချောင်းအသွင် ဖြတ်သန်းသွားသလို ခံစားမိလို့ ခြောက်ခြားသွားကြပါတယ်။ သူက...
"မင်းတို့ အယောက် ၁၀၀ ပြည့်ပြီဆိုတော့ ဂေါတောင်တန်းက နွံတောကြမ်းကို သွားဖို့ အချိန်တန်ပြီ။"နင်တို့ အယောက် ၁၀၀ လုံး သေချာ နားစွင့်နေကြပါတယ်။
"မင်းတို့တွေက မိုးနဂါး အစောင့်အရှောက် မဖြစ်ကြသေးဘူးနော်။ ဒါကြောင့် မင်းတို့ကို တောင် အနောက်ဘက်ခြမ်းမှာ သီးသန့် နေရာချထားတာ။ မင်းတို့ တကယ့် မိုးနဂါး အစောင့်အရှောက် ဖြစ်လာခဲ့ရင် နဂါးနီတောင်ရဲ့ အတွင်းဘက်အထိကို ၀င်ခွင့်ရလာလိမ့်မယ်။"
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...