ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 9 ဂေါတောင်တန်းက နွံတောကြမ်း
Chapter 7 ( ဆရာ တပည့် စတင်ခွဲခွာခြင်း )
"မကောင်းဘူး..."
အရင်တုန်းက ဂျိနင် သူ့ဆရာနဲ့ တိုက်ခိုက်ရင် သူ့ဆရာက ဒီပညာကို ထုတ်မသုံးခဲ့ပါဘူး။ ဒီလို ကြယ်တာရာ တစ်ထောင်လိုမျိုး ဓားအလင်းတန်းတွေရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင် လိုက်ရတဲ့အခါမှာ သူ့ရဲ့ သုံးမျိုးပေါင်း ကြိတ်ဆုံက မတောင့်ခံနိုင်တော့တာကို သိလိုက်ရပါတော့တယ်။
နင်ရဲ့ ကိုယ်ခန္ဓာကနေ ဖြာထွက်နေတဲ့ ဓားစိတ်ဆန္ဒဟာ အစွမ်းကုန် သိပ်သည်းလာခဲ့ပါတယ်။
"ဖောက်ထွက်သွားစမ်း"ဒါပေမဲ့လည်း တားဆီးထားတဲ့ ကြိုးတစ်ချောင်းက ရှိနေသလိုပါပဲ။ ရစ်ပတ်ချည်နှောင်ထားတဲ့အတွက် သူ့ရဲ့ ဓားက အတင်းပဲ ရုန်းကန်ထိုးဖောက်ထွက်လိုက်ရပါတယ်။ လှုပ်ရှားမှုက အရမ်းကို နှေးကွေးပေမဲ့လည်း တကယ်တော့ ဒါက ထင်ယောင် ထင်မှား အခြေအနေပါ။ ဓားရဲ့ အလျင်ဟာ အရမ်းကို မြန်ဆန်လွန်းပါတယ်။
ရွှစ်
ဓားချက်က ဥက္ကာခဲ တစ်ခုလိုပါပဲ။ အဆုံးမရှိတဲ့ အမှောင်ထုကို ဖောက်ထွက် အတားအဆီးအားလုံးကို ဖျက်ဆီးပြီး ကြယ်တာရာ တစ်ထောင် ဓားအလင်းကို တစဆီ ဖြိုခွဲပစ်လိုက်ပါတော့တယ်။ သူ့ရဲ့ဓားလင်းလည်း တဖြည်းဖြည်းနဲ့ လုံးပါးပါးလာသလို အနားမှာ ရှိနေတဲ့ ကြယ်တာရာ ဓားအလင်းတွေလည်း လွင့်ပျယ် ပျောက်ကွယ်သွားခဲ့ပါပြီ။
နင်ကတော့ ၀ိဥာဉ် တစ်ကောင်လို သူ့ရဲ့ ဆရာဆီကို တဟုတ်ထိုး ပြေးဝင်သွားပါတယ်။ သူ့ရဲ့ ညာဘက်လက်မှာ ရှိတဲ့ ဓားက ကြယ်တာရာ တစ်ထောင်ဓားအလင်းကို ဖြတ်သန်းသွားသလို သူ့ရဲ့ ဘယ်ဘက်လက်ထဲက ဓားကလည်း အင်မော်တယ် ဒန်ချိုင်ကို ထိုးသွင်းလိုက်ပါတော့တယ်။
"ပြိုကွဲစမ်း"အင်မော်တယ် ဒန်ချိုင်က ပြုံးလိုက်ပြီးတော့ စကား တစ်ခွန်း ပြောလိုက်ပါတယ်။ သဏ္ဍာန်မဲ့ ဓားစွမ်းအင်တွေက နင်ရဲ့ ဒက်နော့ ဓားနဲ့ ရင်ဆိုင်မိလိုက်ပါပြီ။ ဒါက အရမ်းကို အစွမ်းထက်တဲ့အပြင်ကို စွမ်းအင်တွေကလည်း မကုန်နိုင် မခမ်းနိုင်စီးဆင်းပါဝင်နေပါတယ်။ နင် တော်တော် ဝေးဝေးကို လွင့်သွားပြီးတော့မှ မြေပြင်မှာ ရပ်တန့်လိုက်နိုင်ပါတော့တယ်။

YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...