Untitled Part 9

1.5K 159 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 9 ဂေါတောင်တန်းက နွံတောကြမ်း

Chapter 9 ( စတေးဝါးတား နယ်မြေရဲ့ မိုးနဂါး အစောင့်အရှောက် )

ဂျိနင်က မထွက်သွားခင်မှာ နော့မွန့်ကျားနက် အိမ်တော်ကို ၀င်နှုတ်ဆက် လိုက်ပါသေးတယ်။ သူ့ရဲ့ မိတ်ဆွေကောင်း ပိုင်ဝေကို ၀င်နှုတ်ဆက်တာပါ။ နော့မွန့်ပိုင်ဝေက နင် ထွက်သွားတော့မယ် ဆိုတာ သိလိုက်တော့ အကြံဥာဏ်တချို့ ထပ်ပေးလိုက်ပါတယ်။ အပြင်လောကကို ခရီးကြမ်း ထွက်တာ ဘယ်လောက် ခက်ခဲလည်းဆိုတာကို သူ နားလည်ပါတယ်။ ဒါပေမဲ့ နောင်တချိန်မှာ တကယ့်ကို အစွမ်းထက်သူ တစ်ယောက် ဖြစ်ဖို့အတွက် ဒီလို အတွေ့အကြုံ အထုအထောင်းတွေကို ရင်ဆိုင်မှ ရမှာပါ။

စတေးဝါးတား မြို့တော် အပြင်ဘက် တောအုပ် တစ်ခုထဲမှာတော့

ခလွမ် ကလစ် ကလစ်

နဂါးနီ ယန္တရား စက်ရုပ်ကြီးက ချက်ခြင်းပဲ နဂါးဦးခေါင်းပါတဲ့ သင်္ဘောကြီး တစ်စင်းအသွင်ကို ပြောင်းလဲသွားခဲ့ပါတယ်။

နင်က နဂါးသင်္ဘောကြီးကို တလှည့် မူနော့စွန်းကို တလှည့် ကြည့်လိုက်မိပါတယ်။

"ဂိုဏ်းတူညီလေး နော့စွန်း...ညီလေးရဲ့ ယန္တရား စက်ရုပ်က အသွင်လည်း ပြောင်းလဲနိုင်သေးတယ်လား။ တကယ့်ကို စွမ်းပါပေတယ်။"


"အကိုကြီးက ယန္တရား အကြောင်းကို ဘာမှ မသိတဲ့ အပြင်လူပဲလေ။ အသွင်ပြောင်းလဲတာက သိပ်ပြီးတော့ မထူးဆန်းပါဘူး။"

နော့စွန်း ပြုံးလိုက်ပါတယ်။
"စတေးဝါးတား နယ်မြေထဲက မိုးနဂါးအစောင့်အရှောက်တွေက နဂါးနီတောင်မှာ ရှိနေတာလေ။ ဒီကနေတော့ တော်တော်ဝေးသေးတော့် ကိုယ့်ဖာသာကိုယ် ပျံသန်းတာထက် စာရင် ပျံသန်းနိုင်တဲ့ သင်္ဘောနဲ့ ပဲ ဆက်ပြီး သွားကြတာကောင်းတယ်။"

နင် ရယ်မောလိုက်ပါတယ်။ နော့စွန်းကတော့ သင်္ဘောဦးပိုင်းမှာ သူရဲကောင်းဆန်စွာရပ်လို့နေပါတယ်။ သင်္ဘောက ချက်ခြင်းပဲ အမြန်ဆုံး ပျံသန်းသွားခဲ့ပါပြီ။
"ကျွန်တော့် ယန္တရားမှာ အမြူတေ စွမ်းအင် စုဆောင်း ၀င်္ဂဘာရှိတယ်လေ။ ဒါကြောင့် ဒီလောက် အမြန်နှုန်းနဲ့ ပျံသန်းရင်တောင်မှ ဓာတ်စွမ်းအင်ကို အသုံးပြုဖို့ မလိုပါဘူး။ သူ့ဘာသာသူ စုပ်ယူထားတဲ့ စွမ်းအင်တွေက လုံလောက်ပါတယ်။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)Tempat cerita menjadi hidup. Temukan sekarang