ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 9 ဂေါတောင်တန်းက နွံတောကြမ်း
Chapter 11 ( ဂေါတောင်တန်းက နွံတောရိုင်း )
တိမ်တိုက်ပေါ်ကနေ အောက်ကို ငုံ့ကြည့်လိုက်တော့ တောင်ပေါ်မှာ ပြန့်ကျဲနေတဲ့ အင်မော်တယ် အိမ်တော် တွေကို မြင်နေရပါတယ်။ မကြာခန ဆိုသလိုပဲ မှော်ရတနာတွေကို စီးနင်းသွားသူတွေကို တွေ့နေရပါတယ်။ သူတို့ကတော့ မိုးနဂါး အစောင့်အရှောက်တွေ ဖြစ်ပါလိမ့်မယ်။
ဂျိနင်နဲ့ မူနော့စွန်းတို့ ငေးနေကြတုန်းမှာပဲ တိမ်တိုက်က တဖြည်းဖြည်း ဆင်းသက်သွားခဲ့ပါပြီ။
"ဒါက..."
အဝေးမှာတော့ မိုးထိအောင် ထိုးနေတဲ့ တောင်ထိပ်မှာ တည်ဆောက်ထားတဲ့ မျှော်စင်သဏ္ဍာန် ၀င်္ဂဘာကို တွေ့လိုက်ရပါတယ်။
ဝုန်း
တိမ်တိုက်က ဆင်းသက်သွားခဲ့ပါပြီ။ အားလုံး ဒီ မျှော်စင် သဏ္ဍာန် ၀င်္ဂဘာကို ကြည့်နေမိကြပါတယ်။ မျှော်စင်သဏ္ဍာန် ၀င်္ဂဘာကနေ မိုးခိုးရောင် အလင်းတန်းတွေ ဖြာထွက်နေပြီးတော့ မျှော်စင်ကလည်း ၂၄၀၀ မီတာလောက်မြင့်မားပါတယ်။ မျှော်စင်ရဲ့ လုံးပတ် အချင်းဝက်က ၃၀၀ မီတာလောက် ရှိပြီးတော့ ခန်းမကြီး ၉ ခုခွဲထားသလိုပါပဲ။ ဒီ အဆောက်အဦးကြီး တစ်ခုလုံးကို မြေဒြပ်စင် တစ်မျိုးနဲ့ တည်ဆောက်ထားပုံရပြီး မှော်သင်္ကေတတွေ အပြည့် ရေးထွင်းထားပါတယ်။ မှော်သင်္ကေတတွေ မီတာ ၂၄၀၀ မြင့်တဲ့ မျှော်စင်ကြီး တစ်ခုလုံးကို ဖုံးအုပ်နေတာပါ။
မျှော်စင်ကြီး တစ်ခုလုံးကနေပြီးတော့ မီးခိုးရောင် အလင်းတွေ ဖြာထွက်နေသလို မျှောစင်ရဲ့ ထိပ်ဆုံးနေရာကနေလည်း အဖြူရောင်အလင်းတွေ တောက်ပလို့ နေပါတယ်။ ၀င်္ဂဘာကြီးရဲ့ အနားမှာတော့ သာမန်အ၀တ်အစားကို ၀တ်ဆင်ထားတဲ့ အဖိုအို ၁၀ ဦးစောင့်ကြပ်လို့ ရှိနေပါတယ်။
"ဒါက တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ခြင်း အလင်းတန်းလား။...?"နော့စွန်းရဲ့ မျက်လုံးတွေ တောက်ပလို့ နေပါတယ်။
"ဖြစ်နိုင်တယ်။"

YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...