ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 9 ဂေါတောင်တန်းက နွံတောကြမ်း
Chapter 4 ( အခြေခံ ခိုင်ဖို့ လိုအပ်တယ် )
မန်ရော့ ပါးစပ်အဟောင်းသား ပိုဖြစ်သွားပါတယ်။ ဂျိနင်..? သူ ဂျိနင်ကို သိတာပေါ့။ သူ့ကို ကယ်ခဲ့တဲ့ အသက်သခင်ပဲလေ။ ပြီးတော့ အပူအပင်မဲ့ ဟော်နန်းမှာ ဂျိနင်နဲ့ နောက်ထပ် လူငယ်လေး တစ်ယောက်ကို ခမ်းခမ်းနားနား ကြိုဆိုနေကြတာကိုလည်း တွေ့ခဲ့တယ်လေ။
"အကို့ရဲ့ ဆရာ ဂျိနင်ဆိုတာ ဘယ်သူလည်း သိပါရစေ ခင်ဗျာ။ သူက..."
မန်ရော့ နည်းနည်း တွေဝေနေမိပါတယ်။ ဒါက သူ သိတဲ့ ဂျိနင်ပဲလား....
"ကျွန်တော့် ဆရာက အဖြူအနက် ကောလိပ်ရဲ့ တပည့်ရင်းပါခင်ဗျာ။"၀တ်စုံဖြူဝတ် လူငယ်လေးက ဖြေလိုက်ပါတယ်။
"သူက ကျောင်းကို ရောက်ရောက်ချင်းမှာပဲ အစွမ်းပြခဲ့တယ်လေ။ ဂိုဏ်းတူ အကိုအမတွေ တော်တော်များများကို သူ ဆက်တိုက် အနိုင်ယူနိုင်ခဲ့တယ်။ ပြောရရင်တော့ ၀မ်ရှင်း သူတော်စင် တော်တော်များများတောင် သူ့ကို ရှုံးနိမ့်သွားခဲ့တယ်။ အကို မန်ရော့... အကို့ကို ကျွန်တော့်ဆရာက ဖိတ်ခိုင်းလိုက်တာပါ။ အကို လိုက်ခဲ့ချင်လားခင်ဗျာ။"
"လိုက်ခဲ့ဖို့လား.. အို .. သူသေချာပေါက် လိုက်ခဲ့မှာပါ။"ဦးလေးမင်က မန်ရော့ကို ချက်ခြင်းပဲ လိုက်သွားဖို့ လောလိုက်ပါတယ်။ သူက မန်ရော့ကို စိတ်နဲ့ပါ တစ်ခါလှမ်းပြီး စကားပြောလိုက်ပါတယ်။
"ရော့ကီ.. မင်းအတွက် ကံကောင်းခြင်းတွေ လာခဲ့ပြီလေ။ ဒီ ဂျိနင်က ကြောက်စရာ ကောင်းအောင်ကို ပါရမီရှိတဲ့အပြင်ကို အဖြူအနက်ကောလိပ်ရဲ့ တပည့်ရင်းလည်း ဖြစ်သွားခဲ့ပြီ။ အဖြူအနက် ကောလိပ်က တပည့်ရင်းတွေက နောက်လိုက် ၁၀ယောက် လက်ခံခွင့် ရှိတယ်လေ။ ကြည့်ရတာ ဒီလူငယ်လေးက နောက်လိုက် တစ်ယောက် နေလိမ့်မယ်။ ဂျိနင်က မင်းကို ဖိတ်ခေါ်လိုက်တယ်ဆိုတော့ .. ဖြစ်နိုင်တာက သူက ၁၀နေရာမှာ မင်းအတွက် တစ်နေရာ ချန်ထားတာ ဖြစ်နိုင်တယ်။"

VOCÊ ESTÁ LENDO
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)
Fantasiaအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...