ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 9 ဂေါတောင်တန်းက နွံတောကြမ်း
Chapter 15 ( မြကောင်းကင်မြွေ )
မူနော့စွန်းလည်း ကလေးလေး ညွှန်ပြတဲ့ အရပ်ကို လှမ်းကြည့်လိုက်ပါတယ်။ နင်က ကလေးကို ပွေ့ချီလိုက်ပြီးတော့
"သွားကြစို့.. ဘယ်နေရာလည်းဆိုတာ အကိုသိပြီ။"
သူ့ရဲ့ နတ်ဘုရား စိတ်စွမ်းအင်က တောင်တစ်တောင်လုံးကို လွှမ်းခြုံထားတယ်လေ။ သူမသိပဲ ဘယ်နေပါ့မလည်း။
ရွှစ် ရွှစ်
နှစ်ယောက်လုံး ပျံသန်းသွားကြပါပြီ။ တောင်ပေါ်မှာရှိနေတဲ့ တခြားမွန်းစတားတွေကတော့ အရမ်းကို ခြောက်ခြားသွားပြီး ပုန်းအောင်းကုန်ကြပါပြီ။ ဒီလိုနဲ့ နင်တို့ တောင်ကြားလေး တစ်နေရာကို ရောက်လာခဲ့ပါတော့တယ်။
"အဲ..."နော့စွန်း မြေပြင်ကို ငုံ့ကြည့်လိုက်ပြီးတော့ အောက်ကအဖြစ်အပျက်ကြောင့် မျက်နှာပျက်သွားခဲ့ပါတယ်။ နင်လည်း ဆွံ့အလို့ နေပါတယ်။ တောင်ကြားဒေသရဲ့ ချိုင့်ဝှမ်းကြီးက မီတာ ၃၀၀ လောက် ရှည်လျားပါတယ်။ အထဲမှာတော့ သစ်ရွက် ၀တ်စုံကိုပဲ ၀တ်ဆင်ထားတဲ့ လူသားတွေ ရှိနေတာပါ။ အားလုံးက ကလေးတွေ လူငယ်တွေချည်းပါပဲ။ လူကြီး တစ်ယောက်မှ မရှိပါဘူး။ သူတို့တွေက အပြင်လောက အကြောင်းကို မသိပဲ တောင်ကြားထဲမှာ နေထိုင်နေကြပါ။ တောင်ကြားဒေသ အပေါ်မှာတော့ လုံးဝကို ပိတ်ဆို့ထားတဲ့ သံကွန်ခြာကြီး တစ်ခုရှိနေပါတယ်။
"သူတို့တွေကို ဒီမှာ မွေးထားကြတာလား....."နော့စွန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံး တုန်လှုပ်လို့ နေပါတယ်။ သူ အံကို တင်းတင်းကြိတ်လိုက်ပြီးတော့
"ဒီ မိစ္ဆာမွန်းစတားတွေ အကုန်လုံး သေသင့်တယ်။ သူတို့တွေ တစ်ကောင်မကျန်ကို သေသင့်တယ်။"ရွှစ်
နော့စွန်း အောက်ကို ခုန်ချသွားပါတော့တယ်။ ဒီ တောင်ကြားဒေသကို စောင့်ကြပ်နေတဲ့ မွန်းစတားငယ် အစောင့်အကြပ်တွေ ရှိနေတုန်းပါ။ သူတို့ရဲ့ ဘုရင်ကြီး သေသွားတာကို သူတို့ မသိကြပါဘူး။

VOCÊ ESTÁ LENDO
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)
Fantasiaအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...