Untitled Part 13

1.4K 162 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 9 ဂေါတောင်တန်းက နွံတောကြမ်း

Chapter 13 ( လူနှစ်ယောက်နှင့်မွန်းစတား သုံးကောင် တိုက်ပွဲ)

ဂျိနင်ရဲ့ နတ်ဘုရား စိတ်အာရုံနဲ့ တောင်တစ်တောင်လုံးကို အတွင်းအပြင်မကျန် စစ်ဆေးလိုက်ပါတယ်။

"ဂိုဏ်းတူအကိုကြီး ဂျိနင်... အခြေအနေ ဘယ်လိုရှိလည်း။"

နင်က ပြုံးပြလိုက်ပါတယ်။
"ဂိုဏ်းတူညီလေး နော့စွန်း မေးနေစရာလိုသေးလား။ ဒီတောင်ပေါ်မှာ မွန်းစတား တော်တော်များများရှိနေတယ်။ သူတို့တွေရဲ့ အော်ရာတွေ အရဆိုရင်တော့ ၀မ်ရှင်းသူတော်စင် အဆင့်မွန်းစတား တစ်ကောင်ရှိပြီးတော့ ဇီဖူအဆင့်မွန်းစတား ဆယ်ဂဏန်းလောက် ရှိမယ်။ လူသားအသွင်ကို ပြောင်းလဲနိုင်တဲ့ ဇင်တျန်အဆင့် မွန်းစတားတွေလည်းတော်တော်များများရှိတယ်။ မွန်းစတားငယ်လေးတွေကတော့ တော်တော်ကြီးကို များတယ်။"


"တစ်ကောင်တည်းလား...?"

နော့စွန်း နှုတ်ခမ်းကို တစ်ချက် ကိုက်လိုက်ပြီးတော့
"ကျွန်တော်တို့က ၂ယောက်လေ။"

"ဒါကြောင့် ညီလေးရဲ့ အကြံပြုတာ မှန်တယ်ပြောတာပေါ့။ အကိုတို့တွေ အရင်ဆုံး သာမန်ထင်ရတဲ့ တောင်တစ်တောင်မှာ မွန်းစတားကို ရှာကြမယ်လေ။ ဒီလိုတောင်တွေက မွန်းစတားတွေက အရမ်းတော့ အစွမ်းမထက်လောက်ပါဘူး။"

နင် ရယ်မောလိုက်ပါတယ်။
"ဒီလို တောင်မျိုးကို အကိုတို့ ၂ယောက်တည်းနဲ့ စိစိညက်ညက် ကြေအောင် လုပ်လိုက်လို့ ရတယ်လေ။ ဒါပေမဲ့ ဒီနေရာက ဂေါတောင်တန်းရဲ့ နွံတောကြမ်းဆိုတော့ နည်းနည်းတော့ သတိထားတာ ပိုကောင်းတယ်။"


"ကျွန်တော် အကိုကြီး ပြောတဲ့စကားကို နာခံပါ့မယ်ခင်ဗျာ။"

နော့စွန်း ဖြေလိုက်ပါတယ်။


"လာလာ တိတ်တိတ်လေး သွားကြည့်ရအောင်။"

နင်က တောင်ထိပ်ကို ညွှန်ပြလိုက်ပါတယ်။

နော့စွန်းက စိတ်ပူစွာနဲ့

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)Where stories live. Discover now