Untitled Part 19

1.4K 153 1
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 9 ဂေါတောင်တန်းက နွံတောကြမ်း

Chapter 19 ( ၀မ်ရှင်း သူတော်စင်အဖြစ် အဆင့်တက်ခြင်း )

ဂျိနင်နဲ့ မူနော့စွန်းတို့ သတ်ခဲ့တဲ့ ၀မ်ရှင်း သူတော်စင် လေးယောက်ရဲ့ မှော်ရတနာတွေကို ဆက်ပြီးတော့ ချည်နှောင်ပေါင်းစည်းလို့ နေကြပါတယ်။ တန်ခိုးရှင်တွေက အရေးအကြီးဆုံး အရာတွေကို ကိုယ်နဲ့ မကွာ သယ်ဆောင်လာတတ်ကြတယ်လေ။ ဘာလို့လည်းဆိုတော့ ကိုယ့်ဘာသာ သိမ်းထားရင် အလုံခြုံဆုံးမို့လို့ပါ။ ဒါပေမဲ့လည်း သူတို့ သေသွားခဲ့ရင်တော့ ဒီရတနာတွေက သူတို့အတွက် အဖိုးမတန်တော့ပါဘူး။ ဒါကြောင့်လည်း တန်ခိုးရှင်တွေက မှော်၇တနာတွေကို အမြဲ သယ်ဆောင်လာခဲ့ကြပါတယ်။

"ကျွန်တော်တို့ အကုန် ချည်နှောင်ပေါင်းစည်းပြီးပြီ။"

နော့စွန်း သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

နင်က ရယ်မောလိုက်ပြီးတော့
"သူတို့က တော်တော်ကို ၀ဖီးနေကြပြီလေ။ တန်ခိုးရှင် တစ်ယောက်ကို သတ်ရတာက ၀မ်ရှင်းမွန်းစတား တစ်ကောင်ကို သတ်ရတာ ထက်ကို အများကြီး အကျိုးရှိတာပေါ့။"

ဝမ်ရှင်းမွန်းစတားတွေက ၀င်္ဂဘာတွေ မဟာမိတ်တွေ အကူအညီနဲ့ တန်ခိုးရှင်တွေကို သတ်ဖြတ်ပေမဲ့လည်း သတ်ခဲ့တဲ့ တန်ခိုးရှင်တွေဆီက မှော်ရတနာတွေကို အသုံးပြုပြီးတော့ အ၇ည်ဖွဲ့ ဓာတ်စွမ်းအင်တွေ တချို့လိုအပ်တာတွေ ပြန်ဝယ်ကြတယ်လေ။ ဒါကြောင့် နင်တို့က ၀မ်ရှင်း မွန်းစတား ၃ကောင်ကို သတ်ခဲ့ပေမဲ့လည်း ဘယ်လောက်မှ အကျိုးမများခဲ့ပါဘူး။


"မြောက်ပိုင်းမြစ် ကျိုး၊ ရှုမန်ကွမ်၊ နွန်ဆန်၊ ဂျီဟီ.."

နော့စွန်း သက်ပြင်းချလိုက်ပါတယ်။
"တော်တော်များများက ၀င်္ဂဘာ အမျိုးအစားမှော်ရတနာတွေချည်းပဲ။ မြောက်ပိုင်းမြစ် ကျိုးရဲ့ မြေကမ္ဘာအဆင့် မှော်ဓားပျံတွေက.. ဒီဓားတွေ အားလုံးက ထိပ်တန်းအဆင့် မြေကမ္ဘာမှော်ရတနာတွေ ဖြစ်မယ်ထင်တယ်နော်။"

"ဟုတ်တာပေါ့။"

နင်ခေါင်းညိတ်လိုက်ပါတယ်။
"သူတို့က ၀မ်ရှင်း သူတော်စင်တွေထဲမှာ တော်တော်ကို အစွမ်းထက်တဲ့ သူတွေလို့ ပြောလို့ရတယ်။ သူတို့မှော်ရတနာတွေက သာမန်တွေ မဟုတ်ဘူး။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)Tempat cerita menjadi hidup. Temukan sekarang