ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 9 ဂေါတောင်တန်းက နွံတောကြမ်း
Chapter 12 ( စတင် ၀င်ရောက်ခြင်း )
သူ့ပတ်ဝန်းကျင်က စွမ်းအင်လှိုင်းတွေကို သူ ခံစားမိနေပါတယ်။ သူ တောင်ပံမြွေနဂါး ရေကန်ကနေပြီးတော့ ရေအောက်နန်းတော်ကို ပို့ဆောင်ခံရတုန်းက ခံစားချက်နဲ့ အတူတူပါပဲ။
"အဲ..."
သူ့ပတ်ဝန်းကျင်က တဖြည်းဖြည်းနဲ့ ကြည်လင်လာခဲ့ပါပြီ။ နော့စွန်းက တခြား သူတွေနဲ့ အတူ သူ့ဘေးမှာ မတ်တပ်ရပ်နေပါတယ်။
"ကျွန်တော်တို့တွေ ရောက်လာပြီ။"နော့စွန်းမျက်လုံးပြူးနေပါတယ်။
"တော်တော်ကို မြန်တာပဲ။"နင် ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်မိပါတယ်။ သူတို့တွေက မီတာ ၃၀၀ အမြင့် ရှိတဲ့ တည်နေရာေ၇ွှ့ပြောင်း ပို့ဆောင်ခြင်း အလင်းတန်း တစ်ခုကို ရောက်နေကြတာပါ။ ဒါက နဂါးနီ တောင်တန်းက ၇ှိနေတဲ့ တစ်ခုထက်ကို ပိုပြီး သေးငယ်ပါတယ်။ အဝေးမှာတော့ နွံတောကြမ်းကြီးတွေ တောင်တန်းကြီးတွေ ရေကန်ကြီးတွေ အဆုံးမရှိ မြင်နေရပါတယ်။
"မျက်စိ တစ်မှိတ်အတွင်းမှာ ကီလိုမီတာ ၂ သန်း ရောက်လာခဲ့တယ်လား။"ဘာဖြစ်သွားလည်းဆိုတာကို နင်သေချာသိနေပါတယ်။ သူကိုယ်တိုင် တွေ့ကြုံပြီးတဲ့ နောက်မှာတော့ တအံ့တသြ ဖြစ်သွားခဲ့တာပါ။
"တချို့ အင်မော်တယ်တွေက ကီလိုမီတာ သန်းနဲချီပြီးတော့ကို တစ်ချက်တည်း ခုန်သွားနိုင်တယ် ကြားခဲ့တယ်။ ငါ့မှာ ဒီလောက် အစွမ်းထက်ဖို့ ဘယ်လောက်တောင် ကြိုးစားရဦးမလည်း။"
"မင်းတို့အားလုံး ထွက်ခဲ့ကြတော့။"
"မြန်မြန်"အိုမင်းတဲ့ အသံနှစ်သံ ထွက်ပေါ်လာပါတယ်။ အပြင်ဘက်မှာတော့ သာမန်ဝတ်စုံကို ၀တ်ဆင်ထားတဲ့ အဖိုးအို ၂ယောက်က သူတို့ကို လက်ပြခေါ်လိုက်တာပါ။ အခုမှပဲ တန်ခိုးရှင်တွေအားလုံး တည်နေရာရွှေ့ပြောင်း ပို့ဆောင်ခြင်း အလင်းတန်းထဲကနေ ထွက်လာခဲ့ပါတယ်။

STAI LEGGENDO
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...