Untitled Part 16

1.3K 145 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 9 ဂေါတောင်တန်းက နွံတောကြမ်း

Chapter 16 ( မြကောင်းကင် မြွေနှင့် ဂျိနင် )

လှိုဏ်ဂူထဲက ရေခဲကန်ထဲမှာတော့....

မြကောင်းကင် မြွေကလေးက ရေခဲကန်ထဲက စွမ်းအင်တွေကို မရပ်မနား စုပ်ယူပြီးတော့ သူ့ရဲ့ မိစ္ဆာရေခဲ ခန္ဓာကိုယ်ကို အင်အားပြည့်အောင် ဖြည့်လို့ နေပါတယ်။ ရုတ်တရက် သူ မျက်လုံးဖွင့်လိုက်ပါတော့တယ်။ သူ့အနားဝန်းကျင်မှာ မြူခိုးတွေ ထွက်ပေါ်လာခဲ့ပြီးတော့ မိုးပြာရောင် ၀တ်စုံ ၀တ်ဆင်ထားတဲ့ ကောင်မလေး တစ်ယောက် အဖြစ်ပြောင်းလဲသွားပါတော့တယ်။ ဆွေးဆွေးနီနေတဲ့ နှုတ်ခမ်းတွေ ဖြူဖွေးနေတဲ့ သွားကလေးတွေ မျက်လုံးနက်လေးတွေနဲ့ သူမက အရမ်းကို လှပလွန်းပါတယ်။

"သူတို့က ငါ့ရဲ့ နေရာကိုတောင် ကျူးကျော်လာရဲတယ်လား။"

မိုးပြာရောင် ၀တ်စုံဝတ် မိန်းမပျိုလေး တီးတိုးရေရွတ်လိုက်ပါတယ်။
"ငါ့ကိုယ်ထဲက မိစ္ဆာရေခဲကို နည်းနည်းလေး ထပ်ပြီးတော့ အင်အားဖြည့်ချင်တာ.... ဒါပေမဲ့ သူတို့က လိုက်လာပြီးတော့ကို ဒုက္ခလိုက်ပေးနေတယ်။ ငါကလည်း ထင်သလောက်အစွမ်းမထက်သေးဘူး... အခုအချိန်က ငါ့အတွက် တိုက်ခိုက်ဖို့ မကောင်းဘူး။"

မိုးပြာရောင် ၀တ်စုံနဲ့ကောင်မလေး မြကောင်းကင်မြွေအသွင်ကို ပြန်လည် ပြောင်းလဲလိုက်ပါတော့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ခါလိုက်တာနဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။

....

အဖြူရောင်နဲ့ မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားတဲ့ တန်ခိုးရှင် နှစ်ယောက်က လှိုဏ်ဂူဆီကို တိတ်တဆိတ် ချဉ်းကပ်လာခဲ့ပါတယ်။ အဝေးမှာ မြရောင် တစ်ချက် လက်သွားတာကို သူတို့ မြင်လိုက်ပါတယ်။ မြကောင်းကင်မြွေကလေပေါ်မှာ ပျံဝဲပြီးတော့ ဒေါသတကြီး အော်ဟစ်လိုက်ပါတော့တယ်။
"မင်းတို့ လူသားတန်ခိုးရှင် နှစ်ယောက် ငါ့နေရာကို ကျူးကျော်လာရဲတယ်လား။ မင်းတို့သေနေ့စေ့ပြီပဲ။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)Donde viven las historias. Descúbrelo ahora