Untitled Part 3

1.5K 172 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 9 ဂေါတောင်တန်းက နွံတောကြမ်း

Chapter 3 (ကျွန်တော်တို့ ဆရာ ဂျိနင်..)

"မန်ရော့.."

နင်ရဲ့ ၀မ်းသာသွားပါတယ်။ စတေးဝါးတားကို အလာလမ်းမှာ တွေ့ခတည်းက ရော့ရဲ့ စိတ်ထားကို သူသဘော ကျခဲ့တာပါ။ မန်ရော့က သူ့အသက်ကို စတေးပြီးတော့ သူငယ်ချင်းတွေကို ကယ်တင်ခဲ့တယ်လေ။ ဒီလိုလူမျိုးက သူ့ရဲ့ အကူအညီကို ယူဖို့ ထိုက်တန်ပါတယ်။


"တိမ်သင်္ဘော.."

နင်က အသံအကျယ်ကြီးနဲ့ ပြောလိုက်ပါတယ်။

တိမ်သင်္ဘော ချက်ခြင်းပဲ ရောက်လာပြီး ဦးညွတ် အရိုအသေ ပေးလိုက်ပါတယ်။

"ဂိုဏ်းတူအကိုကြီး ဂျိနင်.. ဘာများဆောင်ရွက်ပေးရမလည်း ခင်ဗျာ..."

နင်က ခေါင်းညိတ်လိုက်ပြီးတော့ အနီးမှာ ရှိနေတဲ့ နော့မွန့်ပိုင်ဝေကို ညွှန်ပြလိုက်ပါတယ်။
"ပိုင်ဝေရေ တိမ်သင်္ဘောကို တစ်ယောက်ယောက် စီစဉ်ပေးပြီးတော့ မန်ရော့ နေရာကို ခေါ်သွားလိုက်ပါ။ တိမ်သင်္ဘောက မန်ရော့ကို အဖြူအနက် ကောလိပ် ပြန်ခေါ်လာပါလိမ့်မယ်။"

"ကောင်းပြီလေ..."
ပိုင်ဝေက ခေါင်းညိတ်လိုက်ပါတယ်...

နင်က

"တိမ်သင်္ဘော.. ကြားပြီးတော့ သဘောပေါက်တယ်နော်။"

သူ တိမ်သင်္ဘောကို ခိုင်းရတဲ့ အကြောင်းအရင်းကတော့ သူက အများနဲ့ လိုက်လျောညီထွေ နေတတ်သူဖြစ်ပြီးတော့ သင့်တော်သလို ဆုံးဖြတ်ချက် ချနိုင်လို့ပါ။ သူ့ကို နင် ဘာခိုင်းခိုင်း အကုန်လုံးကို ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။

တိမ်သင်္ဘော ချက်ခြင်းပဲ ခေါင်းညိတ်လိုက်ပြီးတော့
"ဂိုဏ်းတူအကိုကြီး ဂျိနင်.. စိတ်မပူပါနဲ့ ခင်ဗျာ။ ကျွန်တော် မန်ရော့ကို သေချာ ခေါ်လာခဲ့ပါ့မယ်။"

"ကောင်းတယ်.."

နင် ခေါင်းညိတ်လိုက်ပါတော့တယ်။

(နောက်ပိုင်းတွင်ပိုင်ဝေနှင့် ဂျိနင် ညီအကို အရင်းသဖွယ် ဖြစ်နေသလို ဂျိနင်ရဲ့ ကျင့်ကြံမှုအဆင့်က မြင့်သွားသည့်အတွက် မင်းနှင့်ငါသာ သုံးနှုန်းပါတော့သည်။)

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)Onde histórias criam vida. Descubra agora