ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 9 ဂေါတောင်တန်းက နွံတောကြမ်း
Chapter 14 ( အစွမ်းပြပြီ )
လူရိပ်နှစ်ခု တောင်ပေါ်က ဂူနန်းကို အလျင်အမြန် ပျံသန်းလို့ လာနေပါတယ်။ တစ်ယောက်ကတော့ ရွှေရောင် ၀တ်စုံကို ၀တ်ဆင်ထားတဲ့ နှာခေါင်းကောက်ကောက် လူကြီး ဖြစ်ပြီးတော့ နောက်တစ်ယောက်ကတော့ အသားမဲမဲ ပိန်ပိန် လူငယ်တစ်ယောက်ပါ။ သူတို့တွေက အနီးဝန်းကျင်မှာရှိနေတဲ့ တောင်ကြီးတွေက မွန်းစတာ ဘုရင်တွေပါပဲ။ ဂေါတောင်တန်းက နွံတောကြမ်းဟာ အရမ်းကို အန္တရာယ်များလွန်းပါတယ်။ ဒါကြောင့် မွန်းစတားတွေတောင် မဟာမိတ်ဖွဲ့ပြီးတော့ နေထိုင်ကြရပါတယ်။
ဒီပတ်ဝန်းကျင် နယ်မြေတွေမှာတော့ ၀မ်ရှင်းသူတော်စင်အဆင့် မွန်းစတား ၁၈ ကောင်က မဟာမိတ်ဖွဲ့ထားပါတယ်။ တစ်ယောက်ယောက်က အန္တရယ်တွေ့ပြီဆိုတာနဲ့ ချက်ခြင်းပဲ သူတို့ရဲ့ မှော်ဆွဲပြားကို ဖျက်ဆီးလိုက်ပါတယ်။ ဒါဆို တခြား ကျန်တဲ့ ၁၇ ယောက်လုံးက အမြန်ဆုံး ပြေးလာနေပါပြီ။
ဝမ်ရှင်း မွန်းစတား ၁၈ကောင်လုံးက မိုးကောင်းကင်တာအို တိုင်တည်ပြီး ကျမ်းသစ္စာကျိန်ဆိုထားတာပါ။ ဒီ ၁၈ယောက်လုံး မဟာမိတ်ဖွဲ့ထားတဲ့အတွက်ကြောင့်လည်း ဒီနယ်မြေမှာ မွန်းစတားတွေ သေကြေတာက မရှိသလောက် အရမ်းကို နည်းပါးပါတယ်။
"အကိုကြီးက သူ့ရဲ့ မှော်ဆွဲပြားကို ဖျက်ဆီးလိုက်ပြီ။ သူ ကြောက်ဖို့ကောင်းလှတဲ့ တစ်ကောင်တည်း လေလွင့် လျှောက်သွားနေတဲ့ မွန်းစတားတစ်ကောင် ဒါမှမဟုတ် တန်ခိုးရှင် တစ်ယောက်ယောက်ကိုများ ရင်ဆိုင်နေရတာလား။"
"ငါတို့ ၂ယောက်လုံးက အကိုကြီးထက် အစွမ်းထက်ပါတယ်။ ငါတို့တွေ ပူးပေါင်းလိုက်ရင် လေလွင့်နေတဲ့ မွန်းစတားဖြစ်ဖြစ် တန်ခိုးရှင် ဖြစ်ဖြစ် သေရမှာပဲလေ။"မွန်းစတား အိုကြီး ၂ကောင်က စိတ်နဲ့ စကားပြောနေကြတာပါ။ မွန်းစတား ၁၈ကောင်ကို အသက်အရွယ်ပေါ်မူတည်ပြီးတော့ ၀ါစဉ် ခွဲထားတာပါ။ သူတို့ရဲ့ အကိုကြီးက အစွယ်နက် ဆင်ကြီး ဖြစ်ပြီးတော့ ကျင့်ကြံ လာတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။

ESTÁS LEYENDO
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)
Fantasíaအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...