Untitled Part 6

1.5K 157 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 9 ဂေါတောင်တန်းက နွံတောကြမ်း

Chapter 6 ( ၃နှစ်ကြာပြီးနောက် )

နွေလယ်ရဲ့ အာရုံတက်ချိန်က ထူးထူးခြားခြား အေးမြနေပါတယ်။ ဂျိနင်ကတော့ သားမွေးနက်ကို ၀တ်ဆင်ထားပြီးတော့ အိမ်တော်ကနေ လမ်းလျှောက် ထွက်လာခဲ့ပါတယ်။

"ဂီုဏ်းတူအကိုကြီး ဂျိနင်..."

မန်ရော့လည်း ပိုပြီးတော့ ဗလတောင့်လာခဲ့သလို အသားအရေကလည်း နေလောင်ပြီး ညိုလို့ နေခဲ့ပါပြီ။ သူက ဂျိနင်ကို လှမ်းပြီး နှုတ်ဆက်လိုက်ပါတယ်။


"ရော့ကီ .. ငါ့အတွက်စားစရာ တွေ ပြင်ထားပေးဦး။ ငါတို့တွေ အတူတူအရက်သောက်ကြတာပေါ့။"

နင်က ရယ်မောပြီး ညွှန်ကြားလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်တုန်းက နော့မွန့်ပိုင်ဝေက နောက်ထပ် နောက်လိုက် ၂ယောက်ကို ထပ်ပြီး ပို့ပေးခဲ့တယ်လေ။ ဒါကြောင့် သူ့မှာ အခု နောက်လိုက် ၆ ယောက် ရှိနေပြီပေါ့။ သူ ၆ ယောက်လုံးနဲ့ ရင်းနှီးပေမဲ့လည်း မန်ရော့ကို ပိုပြီး ယုံကြည်ပါတယ်။

မန်ရော့ရဲ့ အခြေခံဟာ ထိခိုက်ခဲ့တဲ့အတွက်လည်း သူက ဖင်းဂေါ့ကျင့်စဉ်ကို ကြိုးစား လေ့ကျင့်ခဲ့ပါတယ်။ ဒါကြောင့် သူ့အသားအရေက နေလောင်သလို ညိုမည်းလာခဲ့တာပါ။
"ဟုတ်ကဲ့ပါ ဂိုဏ်းတူအကိုကြီး ဂျိနင်..."

ရော့က ချက်ခြင်းထွက်ခွာသွားပါတော့တယ်။


"ဂိုဏ်းတူအကိုကြီး ဂျိနင်လည်း ထွက်လာခဲ့ပြီလား။"

လှပတဲ့ မိန်းမပျိုလေး တစ်ယောက် အဝေးကနေ လျှောက်လှမ်း လာနေပါတယ်။ သူကတော့ တိမ်ကျောက်စိမ်းပါ။ သူမအနောက်မှာတော့ ၀တ်စုံနက် ၀တ်ဆင်ထားတဲ့ လူငယ်လေး တစ်ယောက်ပါလာပါတယ်။ ဒီလူငယ်လေးကတော့ ဂျိနင် နောက်လိုက် ၆ ယောက်ထဲက တစ်ယောက် ဖြစ်တဲ့ ဝေဖန်း ပါ။

တိမ်ကျောက်စိမ်းရဲ့ မျက်လုံးတွေဟာ ရတနာတွေလို တလက်လက် တောက်ပလို့ နေပါတယ်။ အဖြူအနက် ကောလိပ်မှာ နေတာ အချိန်ကြာလာတဲ့အတွက် သူမရဲ့ အော်ရာတွေက ပိုပြီးတော့ကို အစွမ်းထက်လာခဲ့ပါပြီ။ သူမရဲ့ ညှို့အားက ပိုပြီးတော့ကို ပြင်းထန်လာခဲ့ပါတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)Tempat cerita menjadi hidup. Temukan sekarang