ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 9 ဂေါတောင်တန်းက နွံတောကြမ်း
Chapter 8 ( မိုးနဂါး အစောင့်အရှောက် အဖြစ် အမှုထမ်းခြင်း )
နောက်တစ်နေ့မနက် ဒက်နော့ တောင်ထိပ်ပေါ်မှာ
"ဂိုဏ်းတူအကိုကြီး ဂျိနင်... ကျွန်မ အကိုကြီးနဲ့ အတူ လိုက်ခဲ့ပါရစေ။ ကျွန်မ အကိုကြီးကို အရက်ငှဲ့ပေးပြီးတော့ အလုပ်အကျွေးပြုပါရစေရှင်။"
တိမ်ကျောက်စိမ်းက နင်ကို မျှော်လင့်ချင်နဲ့ ကြည့်လိုက်မိပါတယ်။
"ငါတို့က လောကဓံ အထုအထောင်းကို ခံပြီး ကိုယ့်ကိုကိုယ် စမ်းသပ်ဖို့ စွန့်စားခန်းခရီးကြမ်းကိုထွက်မှာလေ။ ဒီမှာ အန္တရာယ် အရမ်းများပါတယ်။ ဒါက အလည်ခရီး ထွက်တာ မဟုတ်ဘူးနော်။ မင်းတို့အဖြူအနက် ကောလိပ်မှာ နေခဲ့တာ အကောင်းဆုံးပါပဲ။"နင်က သူ့ရဲ့ နောက်လိုက်တွေ ဖြစ်တဲ့ မန်ရော့၊ တိမ်ကျောက်စိမ်း၊ တိမ်သင်္ဘော၊ ဖောဂတ်၊ ဝေဖန်း နဲက နေငရဲ ကို ကြည့်ပြီးပြောလိုက်ပါတယ်။
"ငါ ဒက်နော့တောင်ထိပ်က ထွက်ခွာသွားတဲ့အချိန်မှာ ကိစ္စအားလုံးကို မန်ရော့က စီမံပေးလိမ့်မယ်။"တိမ်ကျောက်စိမ်းနဲ့ ကျန်တဲ့သူတွေ အားလုံး အံ့အားသင့်သွားကြပါတယ်။ ရော့? သူတို့ထဲမှာ ရော့က အားအနည်းဆုံးပါပဲ။ တခြားလူတွေ အားလုံးက တိုးတက်လာခဲ့ပေမဲ့လည်း ရော့ရဲ့ အခြေခံက ထိခိုက်ခဲ့တာကြောင့် သူက ဖင်းဂေါ့ကျင့်စဉ်ကိုပါ ကျင့်နေရတယ်လေ။ ဒါကြောင့် သူက အားလုံးထဲမှာ လက်ရှိတော့ အားအနည်းဆုံး လူပါပဲ။
"ဟုတ်ကဲ့ပါ.. ဂိုဏ်းတူအကိုကြီး ဂျိနင်..."
တိမ်ကျောက်စိမ်းတို့ အားလုံးနင်ကို ခေါင်းညိတ်လိုက်ကြပါတယ်။
"ရော့ကီ.. ဒက်နော့ တောင်ထိပ်ကို မင်းလက်ထဲ အပ်ခဲ့လိုက်ပြီ။"
ရော့ လေးနက်စွာနဲ့
"ဂိုဏ်းတူအကိုကြီး ဂျိနင် စိတ်မပူပါနဲ့ ခင်ဗျာ။"နင်ခေါင်းမော့ကြည့်လိုက်ပါတယ်။ အဝေးမှာတော့ အလင်းတန်းတစ်ခု သူတို့ဆီကို ပျံသန်းလို့ လာနေပါတယ်။ ဒါကတော့ နဂါးနီကြီးကို စီးထားတဲ့ မူနော့စွန်းပါ။ မူနော့စွန်းက အဝေးကနေ အော်ပြောလိုက်ပါတော့တယ်။
"ဂိုဏ်းတူအကိုကြီး ဂျိနင်.."

BINABASA MO ANG
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...