ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 9 ဂေါတောင်တန်းက နွံတောကြမ်း
Chapter 20 ( ပတ်ဝန်းကျင် အသွင်ပြောင်းလဲခြင်း )
ဂျိနင်ရဲ့ ဇီဖူ ခရမ်းရောင် နန်းတော်ထဲမှာတော့... ကီစွမ်းအင် ပင်လယ်ပြင်ကြီးက အဆုံးအစ မရှိအောင်ကို ကြီးမားကျယ်ဝန်းလွန်းပါတယ်။ နင်ရဲ့ အတွေးနဲ့ ကီစွမ်းအင် ပင်လယ် ရေမျက်နှာပြင်က တဖြည်းဖြည်း နိမ့်ဆင်းသွားခဲ့ပါပြီ။
ကီစွမ်းအင် ပင်လယ်ပြင်ကြီးရဲ့ အနက်ရှိုင်းဆုံး အောက်ခြေမှာတော့ ကီစွမ်းအင် အမြူတေတွေ ဆက်တိုက်ကို သိပ်သည်းလို့ လာခဲ့ပါတယ်။ ကြယ်တာရာကြီးတွေ တစ်ခုပြီး တစ်ခု မွေးဖွားလာခဲ့ပါပြီ။
ပြောပြမရလောက်အောင် အချိန်တစ်ခုကြာခဲ့ပြီးတဲ့အခါမှာတော့'
ဝေါ ဝေါ ၀ုန်း
ကီစွမ်းအင် ပင်လယ် ရေမျက်နှာပြင်က သိသိသာသာကို ကျဆင်းလာခဲ့ပါပြီ။ ရုတ်တရက် ပင်လယ်တစ်ခုလုံး လည်ပတ်လာပြီးတော့ ကြယ်တာရာတွေ တစ်လုံးပြီး တစ်လုံး ပျံတက်လာခဲ့ပါတော့တယ်။ မရေမတွက်နိုင်တဲ့ ကြယ်တာရာတွေ ပင်လယ်ရေမျက်နှာပြင်အထက်ကို ပျံတက်လာခဲ့ပြီးတော့ စကြာဝဠာ လေဟာနယ်ထဲမှာ တောက်ပလာခဲ့ပါပြီ။
ပျံတက်လာတာ.. ပျံတက်လာတာ... နောက်ဆုံးတော့ မရေမတွက်နိုင်တဲ့ ကြယ်တာရာတွေ ထွက်ပေါ်တာ ရပ်တန့်သွားခဲ့ပါပြီ။ ဇီဖူမှာတော့ တကယ့်ကို မှောင်မိုက်သွားခဲ့ပြီပါပြီ။ ဒီကြယ်တာရာတွေက ညကောင်းကင်မှာ တောက်ပနေတဲ့ သဏ္ဍာန်ဟာ အဆုံးမရှိတဲ့ ပင်လယ်ပြင် နောက်တစ်ခုလိုပါပဲ။
ဒါကတော့ ၀မ်ရှင်းသူတော်စင် အဆင့်ကို ရောက်ရောက်ခြင်း ရဲ့ ပတ်ဝန်းကျင် အသွင်ပြောင်းလဲခြင်းပါပဲ။ မိုးကောင်းကင်မှ ကြယ်တာရာပင်လယ်..
ဝေါ ၀ုန်း
ကီစွမ်းအင်ရေမျက်နှာပြင် ဆက်တိုက်ဆိုသလို နိမ့်ဆင်းလာခဲ့ပါတယ်။ ပင်လယ်ရဲ့ အလယ်ဗဟိုမှာတော့ မရေမတွက်နိုင်တဲ့ ကီအမြူတေတွေက သိပ်သည်းလာခဲ့ပြီးတော့ အင်မတန်မှကို ကြီးမားတဲ့ ကြယ်တာရာကြီး တစ်ခု ဖြစ်လာခဲ့ပါပြီ။ နောက်ထပ် အချိန်အတိုင်းအတာ တစ်ခုကြာပြီးတဲ့ အခါမှာတော့ ဒီကြီးမားလွန်းတဲ့ ကြယ်တာရာကြီးက ပျံတက်လာခဲ့ပါတယ်။ ရေမျက်နှာပြင်ကို ဖောက်ထွက်ပြီးတော့ မိုးကောင်းကင်ကို ပျံတက်သွားခဲ့ပါပြီ။

YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၉)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...