16

4.8K 719 73
                                    

အပြင်ကနေ တံခါးရွက်ကို ခေါက်သည့် အသံတိုးတိုးကြောင့် လှဲအိပ်ကာ စာအုပ်ဖတ်နေသော Seokjin က ထ၍ထိုင်လိုက်သည်။
စာရေးခုံမှာ ကဗျာရေးနေဟန်တူသည့် Hoseok က နေရာမှထလိုက်ကာ တံခါးဆီကို သွား၍ဖွင့်ကြည့်လိုက်တော့ အခန်းအပြင်မှာ
ကျုံ့ကျုံ့ကလေး ရပ်နေသည့် Jimin ။

"ဘာလို့လဲ .. Jiminie !? "

"Taehyung ဒီအခန်းမှာ ရှိသလားဟင် ..
သူ့အခန်းမှာ မရှိလို့ "

"ဒီမှာလည်း မရှိဘူးရော "

"အာ ..ဟုတ် ..ဘယ်သွားပါလိမ့် "

ခေါင်းကိုကုတ်လိုက်ကာ ပြန်ဖြေသည့် Jimin ကြောင့် Hoseok ဆက်မေးလိုက်သည် ။

"ဘာဖြစ်လို့လဲ .. Jiminie ရဲ့"

"ဟိုဟာလေ မနက်က စာမေးပွဲရှိတာကြောင့်
ရေမချိုးလိုက်ရလို့ .. အဲ့ဒါရေချိုးဆောင်ကို အတူလိုက်မလားလို့ဆိုပြီး သူ့ကို ရှာနေတာ "

"ညကြီးမိုးချုပ်ကို ရေချိုးမလို့တဲ့လား ?"

အတွင်းမှ Seok Jin Hyung က လှမ်းအော်မေးခဲ့တော့ Jimin အထဲကို လှမ်းကြည့်ကာ
ခေါင်းငြိမ့်ပြလိုက်သည်။

"မဟုတ်ရင် အိပ်လို့ပျော်မှာမဟုတ်ဘူး Hyungရဲ့ ဟီး .. ဒါဆို Hyung တို့ ဆက်အနားယူလေ ..
ကျွန်တော်သွားလိုက်တော့မယ် ရတယ် "

နှုတ်ဆက်ပြီး ထွက်ခွာသွားသည့် Jimin ကို
တစ်ခဏမျှ ငေးလိုက်ကာ Hoseok အထဲကို ပြန်ဝင်လာခဲ့သည် ။

"Kim Taehyung က ပျောက်သွားပြန်ပြီ"

"ထုံးစံအတိုင်း လောင်းကစားဝိုင်းကို
ခိုးထွက်တာနေမှာပေါ့"

Seokjin Hyung ရဲ့ အဖြေကြောင့် Hoseok
ခေါင်းကိုခါယမ်းလိုက်သည်။စားပွဲအရှေ့မှာ ပြန်ဝင်ထိုင်လိုက်ပြီး စားပွဲခုံကို လက်ညိုးထိပ်ဖြင့် တစ်တောက်တောက်ခေါက်လိုက်သည် ။

"မဖြစ်နိုင်ဘူး Hyung "

"ဘာလို့ .. ?"

"ဟိုအပတ်က သူအဲ့ဒီလိုပြောသွားလို့
ကျွန်တော်လည်း သူဆော့တယ်ဆိုတဲ့ ဝိုင်းကို
လိုက်သွားကြည့်တယ် ..
အဲ့ဒီမှာ သူမရှိဘူး Hyung .. "

"ဟုတ်လား ..? "

"Kim Taehyung ဆိုတာကိုသိလားလို့
မေးကြည့်တော့လည်း အဲ့ဒီက တစ်ယောက်မှ
ကြားဖူးတဲ့ပုံမပေါ်ဘူး .. ထူးဆန်းတယ် "

တော်ဝင်ချစ်သက်သေ [JIKOOK]Where stories live. Discover now