7

5.3K 756 76
                                    

UNICODE

အချိန်ကား အဆောင်ခန်းအတွင်းဝင်ဖို့
ပထမအကြိမ်အချက်ပေးသံပင် မြည်ပြီးဖြစ်သည်။

မှောင်မိုက်နေသည်ကို အားပြုလျက် တစ်ကိုယ်လုံး အမည်းရောင်ဝတ်ဆင်ထားသည့် လူတစ်ယောက်ကား ဆောင်ကျန်ကွမ်ကျောင်း၏ တောင်ဖက်နံရံနားတွင် သူခိုးသူဝှက်သဖွယ်ကပ်ကာ အတွင်းသို့ လှမ်း၍ အကဲခတ်နေလေ၏။
လက်ထဲမှ ဓားရှည်က လရောင်အောက်မှာ လက်ခနဲ တစ်ချက်ဖြစ်သွားသေးသည်။

ရဲမက်တစ်ချို့စောင့်ကြပ်နေသော်လည်း တော်ရုံ
မည်သူမျှ ဤကျောင်းအနားကိုမကပ်ရဲကြသည်မို့ ပေါ့ပေါ့တန်တန်သဘောဖြင့်သာ စောင့်နေကြသည် ထင်သည်။

ဤသည်ကို အခွင့်ကောင်းယူကာ အမည်းရောင်ဝတ်လူသည် နံရံပေါ်ကို ပေါ့ပါးစွာ ကျော်တက်၍ ကျောင်းအတွင်းသို့ဝင်လိုက်သည်။

ထို့နောက် ထောင့်ဆုံးကျကျ အခန်းတစ်ခန်းအနားကို တိတ်တဆိတ်သွားလိုက်ကာ ထိုအခန်းအတွင်းသို့
လျှပ်တပြတ် ဝင်လိုက်ပြီးနောက်တွင် ......

"အား !!!!!! "

* * * * * *

ဖျပ် ဖျပ် ဖျပ်

သူမှီထားသည့်အပင်ပေါ်ရှိ ငှက်တစ်အုပ်က
ရုတ်တရက် ထပျံသွားတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားကာ မျက်ခုံးတွေကို ကြုံ့ပစ်လိုက်သည်။ ရောက်နေသည်က ကျောင်းရဲ့ အနောက်ဖက်ကျကျနားဖြစ်တာကြောင့် ကျောင်းဆောင်တွေရှိရာဖက်သို့ လှမ်းကြည့်လိုက်သည်။ သို့ပေမဲ့ မီးတုတ်မှ ဝိုးတဝါးအလင်းရောင်တစ်ချို့ကိုသာ ထုံးစံအတိုင်း မြင်ရတာကြောင့် ပုခုံးတစ်ချက်တွန့်လိုက်ရင်း လက်ပိုက်လိုက်ကာ အပင်ကိုပြန်မှီတော့မည့်ဟန် ပြင်လိုက်သည် ။

"ဒီနေရာမှာ ဘာလာလုပ်နေတာလဲ ? "

ထွက်လာသည့် ခပ်အက်အက်အသံကြောင့်
အသံလာရာကို သူလှမ်းကြည့်လိုက်သည်။
လရောင်အောက်မှာမြင်တွေ့လိုက်ရသည့် မျက်နှာကြောင့် တစ်ချက်ရယ်လိုက်သည်။

"စကား ပြန်ပြောစေချင်သလား ?"

"မင်းသဘောပဲ "

တော်ဝင်ချစ်သက်သေ [JIKOOK]Where stories live. Discover now