UNICODE
ထမင်းစားဆောင်အနှံ့ Hyung တွေအုပ်စုကို ရှာကြည့်နေသော်လည်း မတွေ့မိ။
ဗိုက်ထဲကလည်း အချက်တော်တော်ပြနေပြီမို့လို့
တစ်ယောက်တည်းသာထိုင်စားဖို့ ဆုံးဖြတ်လိုက်ရသည်။Park Jimin လေးဟာ စန်းလေးတစ်ခုတော့
ချမ်းသာသည်ထင်၏။ထမင်းခူးခပ်ထည့်ပေးလေ့ရှိသည့် မီးဖိုဆောင်က အန်တီကြီးတွေဟာ Park Jimin ပါဆိုတာနှင့် ဟင်းတွေ အလျှံပယ် ခူးခပ်ထည့်ပေးလေ့ရှိသည်လေ။
ပါးစပ်ဖျားက သားလေး သားလေးဆိုတာပင် မချ ။
ဒီလိုနဲ့ .. များမကြာမီ Park Jimin လေး တစ်ယောက် ဆောင်ကျန်ကွမ်မှာ ကျောင်းတက်ရင်း အဆီတွေပါ တက်လာတော့မှာတော့ အသေအချာပင်။ဟင်းရည်ပန်းကန်လုံးတစ်ခုက အရှေ့သို့
ရောက်လာသည်။ ထမင်းကိုငုံ့ကာစားနေရာမှ ရုတ်တရက်ကြီးရောက်လာသည့် စွပ်ပြုတ်ရည် ပန်းကန်လုံးကြောင့် ကြောင်တောင်တောင်လေး ဖြစ်သွားမိကာ အရှေ့ဖက်ကိုမော့ကြည့်လိုက်သည်။"ငါ ... မကြိုက်လို့ "
သူ ရှိသည့်ဖက်ကိုတောင် တစ်ချက်မကြည့်ပဲ
ထမင်းစားနေရင်း ခပ်တည်တည် ပြောခဲ့လေသော ... သခင်လေး Jeon ?ဘယ်အချိန်ကတည်းက သူ့အရှေ့မှာ လာထိုင်နေပါလိမ့် .. ?? Jimin က ဟင်းရည်ပန်းကန်ကို တစ်လှည့်၊ အရှေ့က သခင်လေး Jeon ကို တစ်လှည့်ကြည့်ကာ စဉ်းစားနေမိသည်။
ဒီလောက် အရသာရှိလှသည့် စွပ်ပြုတ်ရည်ကို
မကြိုက်ဘူးတဲ့ .. အံ့ရော!!တွေးသာတွေးနေတာ ..
လက်က ပန်းကန်လုံးကို ဆွဲယူပြီးနေပြီ ...
သူ့ဟင်းရည်ကလည်း ကုန်ခါနီးနေပြီမဟုတ်လား ။ဆက်စားနေရင်း ခဏအကြာမှာ ပန်းကန်ထဲ ရောက်လာသည့် ငါးကြော်တုံး ..
ဟင် ! သခင်လေး Min ?
ဘယ်အချိန်ကတည်းက သူ့နံဘေးမှာ လာထိုင်နေပါလိမ့် .. သူပဲ သတိမထားမိလိုက်တာလား။
ထမင်းပန်းကန်လုံးထဲနေရာယူထားသည့် ငါးကြော်ကို စိုက်ကြည့်ကာ စကားပြောဖို့အတွက် ..
ပါးစပ်ထဲက ပလုပ်ပလောင်းထမင်းတွေကို အသည်းအသန်ဝါးလိုက်ရသည်။"ငါ .. ငါးမစားဘူး "
မေးဖို့ပြင်နေဆဲမှာ ထွက်လာသည့် အေးစက်စက်အသံကြောင့် ' အာ' ဟု ထောက်ခံပြီး ခေါင်းသာ ငြိမ့်လိုက်နိုင်သည်။
YOU ARE READING
တော်ဝင်ချစ်သက်သေ [JIKOOK]
Fanfiction[Unicode+Zawgyi] ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် _9 April / 2018 _ 🟣 sorry...