Unicode
လပြည့်ပန်းပွဲတော်မရောက်ခင် တစ်ရက်အလိုတွင် ဖြစ်သည်။
ကင်ထယ်ယောင်းတစ်ယောက်
မအီမသာမျက်နှာလေးနဲ့ သူ့အိပ်ဆောင်ရှေ့ကြမ်းခင်းတွင် သစ်သားတိုင်လုံးကို မှီရင်း
ငုတ်တုတ်ကလေး ထိုင်ကာနေသည်။
မျက်လုံးနှစ်လုံးအောက်မှာကလည်း အကွင်းလိုက်ညိုမဲကာ တစ်ညလုံးအိပ်မရသည်ကြောင့် ထိုင်သာထိုင်နေတာ အိပ်ချင်မူးတူးနှင့်။
ညဝတ်အိပ်သည့် ဝတ်ရုံအဖြူကလည်း
လေတဖြူးဖြူးမှာ ဝေ့ဝဲကာနေသေးသည်။ကျောင်းဆောင်ရဲ့အရှေ့လျှောက်လမ်းတစ်ဖက်က သစ်ပင်စိမ်းစိမ်းအုပ်အုပ်တွေဟာလည်း
လေတိုက်နေတာကြောင့် အရွက်တွေက အတန်ငယ်လှုပ်ယိမ်းလို့နေသည်။မနက်ခင်းခေါင်းလောင်းတစ်ချက်မထိုးခင်ကတည်းက ထယ်ယောင်းထွက်ထိုင်နေတာ
အခုချိန်ထိပင်ဖြစ်သည်။ဘယ်တုန်းကမှ
ခေါင်းလောင်းတစ်ချက်ထိုးသည်နှင့် မထဖူးခဲ့တဲ့သူက အခုကျ အဆောင်ခန်းရှေ့တင်
ခြေငြိမ်ငြိမ်နဲ့ထိုင်ကာ တွေဝေငေးမောနေသည်။ဒီနေ့က ပွဲတော်မတိုင်မှီတစ်ရက်မို့
ကျောင်းပိတ်ရက်ဖြစ်တာကြောင့်
ကျောင်းသားတွေအားလုံး စိတ်လှုပ်ရှားကာ
ပွဲတော်အတွက်ဝတ်ဖို့ဘာညာပြင်ဆင်နေကြသည်။ပြီးတော့ ဤကဲ့သို့ ပွဲတော်ရက်များတွင်
အထူးအခွင့်အရေးအနေနဲ့ အမျိုးသမီးများလည်း ကျောင်းတော်အတွင်းသို့ စိတ်ကြိုက်
ဝင်ထွက်ခွင့်ရသည်မို့ ဆောင်ကျန်ကွမ်ကျောင်းသားများကတော့ ထိုအချက်ကို အထူးတလည်ကြိုက်နှစ်သက်ပျော်ပါးနေကြလေသည်။
သို့သော် ထယ်ယောင်းလေးခမျာမှာတော့ မပျော်နိုင်ပေ။တွေးရင်းငေးနေတုန်း ခပ်လှမ်းလှမ်းကနေ သူ့လို ညအိပ်ဝတ်နဲ့ပင် လုံးတုံးလုံးတုံးနဲ့ မပြေးရုံတမယ်
လျှောက်လာနေသော ဂျီမင်းကို ငိုက်မြည်းစွာနဲ့လှမ်းကြည့်ကာ ရယ်မိသည်။'ဒီကောင်စုတ် ချစ်စရာလေး
ဘဲပေါက်စကလေးကို
ဝတ်ရုံခြုံပေးထားသလားမှတ်ရတယ်
ဒီသူငယ်ချင်းက သူနဲ့ရွယ်တူဆိုတာက
လိမ်များထားသလား ဟားဟား'ခဏလေး
သူ အူမြူးနေဖို့အချိန် မဟုတ်ဘူးလေ ..."ထယ်ယောင်းရေ
ဘယ်လိုဖြစ်တာလဲ မင်းမျက်နှာက...
မနေ့ညက ဟိုအဆောင်ကနေ
ဟိုဆော့ဟျောန်း ပြန်ခေါ်လာတယ်လို့ကြားတာ"
YOU ARE READING
တော်ဝင်ချစ်သက်သေ [JIKOOK]
Fanfiction[Unicode+Zawgyi] ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် _9 April / 2018 _ 🟣 sorry...