12

5.2K 754 83
                                    

UNICODE

တိတ်ဆိတ်သည့်ညအမှောင်ယံမှာ မြင်းခွာသံ သဲ့သဲ့ကိုသာ စည်းချက်ညီညီကြားနေရသည်။

ကိုယ်စီကိုယ်စီ.. မြင်းတွေကို ဖြည်းဖြည်းချင်း စီးနှင်းလာကြသည့် သူတို့ ။

အနောက်နား ခပ်ခွာခွာမှ လိုက်နေသော
Jungkook က မြင်းကို ပို၍ဖြည်းညှင်းစွာဖြင့် သတိထားမောင်းနှင်နေရသည်။ ရင်ခွင်ထဲ
ဝင်လုနီးနီး အရှေ့ကကောင်လေးကြောင့်ပေါ့။

လမ်းတစ်လျှောက်လုံး ငြိမ်ငြိမ်ကလေးထိုင်နေသည့် Jimin ရဲ့မျက်နှာလေးကို အပေါ်စီးကနေ ခိုးခိုးပြီးကြည့်နေရသည်ကလည်း အမောပင်ဖြစ်သည်။ ထိုအခိုက်မှာ ရုတ်တရက်ကြီး သူ့ရင်ဘတ်ဆီကို မှီချခဲ့သည့် Jimin ကြောင့် မြင်းထိန်းကြိုးကို ကိုင်ထားသည့် လက်တို့ပင် ယောင်ယမ်းကာ ရပ်တန့်ကုန်သည်။

Jimin က သူ့ကို မှီထားရင်းနဲ့ အသက်ကို ရှူသွင်း၊ရှူထုတ် လုပ်နေသည်။ အစောပိုင်းက
အဖြစ်အပျက်ကြောင့် လှုပ်ရှားနေသောစိတ်တွေ တည်ငြိမ်သွားစေရန် ဖြစ်မည်ထင်ပါ၏။

ဒီကောင်လေး .. တကယ် အဆင်ပြေရဲ့လား?

"ရလား ... Jimin ??"

"ဟုတ် .. သခင်လေး Jeon "

လေတိုက်ခတ်နေခြင်းကြောင့် Jimin ရဲ့ ဆံနွယ်ရှည်ရှည်လေးတွေက လေထဲ လွှင့်မြောနေသည် ။ ညအိပ်ဝတ်ရုံအဖြူပါးပါးလေးက တဖျပ်ဖျပ်ဖြင့် လေယူရာသို့ တိမ်းညွှတ်နေသေးသည်။

အင်္ကျီမှာ အားဖြင့်ဆွဲဖြဲခံထားရတာကြောင့်ထင့်။ ဖရိုဖရဲဖြစ်ကာ ပုခုံးပေါ်ကနေ အောက်ကို နည်းနည်းလျော၍ ကျနေသေးသည်။

ကျစ် .. !!
ချမ်းနေတော့မှာပဲ !!

"Jimin .. ဒီကြိုးလေး ခဏကိုင်ထား "

"ခင်ဗျာ ! "

"ဘာမှ မဖြစ်ဘူး ..
ဒီလို ငြိမ်ငြိမ်လေး ကိုင်ထားရင် ရတယ် .. "

လက်သေးသေးတွေထဲကို ထိန်းကြိုးအား ခဏ လွှဲပြောင်းပေးလိုက်သည်။ပြီးနောက်
ဝတ်ဆင်ထားသည့် အပေါ်အင်္ကျီကို
ချွတ်လိုက်ကာ ပခုံးသေးသေးနှစ်ဖက်ပေါ်ကို ခြုံလွှားပေးလိုက်သည်။ ပြီးတော့ အင်္ကျီကြိုးစည်းကို ချည်ပေးဖို့ရန် ကောင်လေးရဲ့ ပုခုံးပေါ်ကနေ ကျော်၍ Jungkook လက်တို့ကို
အရှေ့ဖက်သို့ ပို့လိုက်သည်။ ထိုအခါ တစ်ကိုယ်လုံး ရင်ခွင်ထဲကို ပိုလို့တိုး၍ နှစ်ဝင်ကျရောက်လာတာကြောင့် Jungkook မသိမသာ ကျေနပ်သွားမိသည် ။ ခပ်ဖြည်းဖြည်းချင်း ကြိုးကို စည်းနှောင်ပေးလိုက်ရင်း ဆံနွယ်တွေကို မရည်ရွယ်ပါပဲ ဖွဖွနမ်းလိုက်မိသေးသည်။

တော်ဝင်ချစ်သက်သေ [JIKOOK]Where stories live. Discover now