UNICODE
ဝေါယာဉ်မြင်းလှည်းလှုပ်တုပ်တုပ်က တုံ့ခနဲ ရပ်တန့်သွားလေတော့ နံဘေးတွင်ထိုင်နေသော Jungkook ဖက်သို့ Jimin လှည့်ကြည့်လိုက်သည်။
ကျောင်းသို့တောင် ရောက်လာပြီလား ?
ပိုဆွန်းကပြန်ခဲ့ပြီးနောက် စကားတစ်ခွန်းမျှမဆိုပဲ တိတ်ဆိတ်ငြိမ်သက်နေသည့်
သခင်လေးJeon သည် ဝေါယာဉ်ရပ်သွားတော့
အောက်သို့ဆင်းသွားသည်။
ထို့ကြောင့် ဆင်းသွားသည့်သခင်လေးJeon ရဲ့နောက်က Jiminလည်း လိုက်၍ဆင်းလိုက်သည်။
ပြီးနောက် ဘေးဘီဝဲယာကို ကြည့်ရင်း
ပါးစပ်ကလေးဟကာ Jimin ငေးနေမိသည်။Jimin ထင်သလို ကျောင်းကိုပြန်ရောက်လာတာမဟုတ်ပဲ ပတ်ဝန်းကျင်တစ်ခုလုံး
လူသူကင်းမဲ့နေသော တောတောင်လိုတစ်နေရာမှာ ရောက်နေခြင်းဖြစ်နေသည်။ဝေါယာဉ်ကတော့ သူတို့ကိုချန်ရစ်ပြီး ထိုနေရာနားမှ ခပ်ခွာခွာဆီထွက်သွားလိုက်ကာ သစ်ပင်ကြီးတစ်ပင်အောက်တွင် သွားရပ်ထားသည်။
ဝေါယာဉ်ပေါ်မှ ဟန်' က သူ့သခင်လေးဆီကို ထူးဆန်းဖွယ်လှမ်းကြည့်လိုက်မိသည်။ဒီနေရာကို မင်းသားလေးသည် မည်သူ့ကိုမှမခေါ်လာခဲ့ဖူးပေ။ 'ဟန်'တောင်မှ စောင့်ရှောက်ဖို့အတွက်မို့လို့သာ နံဘေးမှအမြဲလိုက်ပါပေးနေရတာ ...ထိုသို့လိုက်ပါလျှင်တောင် အခုလိုမျိုး
ခပ်ဝေးဝေးကနေသာ နေပေးရသည်လေ။ထိုပုတုတု၊လုံးတုံးတုံး အကောင်လေးသည်
မင်းသားလေးအတွက် ဘာထူးခြားနေလို့ပါလိမ့်' ဟု 'ဟန်'တွေးနေမိသည် ။တစ်ဖက်တွင်လည်း Jimin သည် တောင်ထိပ်ပေါ်ကနေ မြင်တွေ့နေရသည့် ရင်သပ်ရှုမောဖွယ်
လှပသောမြင်ကွင်းကိုငေးမောနေမိသည်။လိမ္မော်ရောင်တောက်နေသည့်နေမင်းကို
ဤကဲ့သို့ အပေါ်ဖက်ကနေ ထင်ထင်ရှားရှား
မြင်တွေ့နေရသည်က အလွန်လှပလွန်းသည်။
ပြီးတော့ တောင်အောက်တစ်ဝှမ်းလုံးကို
မျှော်ကြည့်ပြန်တော့လည်း စိမ်းလဲ့နေပြီးတော့
တော်တော်လေးနက်မည့်ပုံရသည့်
တောကြီးတစ်ခုဖြစ်ဟန်တူသည်။ဂျိုဆွန်းပြည်မှာ ဒီလို အလွန်လှပကြည်နူးဖွယ် ကောင်းတဲ့ နေရာတွေလည်းတည်ရှိပါလားဟု Jimin ကောက်ချက်ချမိသည်။ သခင်လေး Jeon လည်း တောင်ထိပ်စွန်းနားသို့ တိုးကပ်သွားကာ လက်ကို နောက်ပစ်ထားရင်း
ဝင်ခါနီးနေဝန်းဆီကို ငေးနေသည်ထင်သည်။
YOU ARE READING
တော်ဝင်ချစ်သက်သေ [JIKOOK]
Fanfiction[Unicode+Zawgyi] ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် _9 April / 2018 _ 🟣 sorry...