4

6.3K 847 64
                                    

UNICODE

"ဘာ !!!! "

ကင်မျိုးနွယ်အဆောင်မှူးဆရာရဲ့ အလန့်တကြား အော်သံကြောင့် အရှေ့မှာ ကျုံ့ကျုံ့ကလေးရပ်နေသည့် Jimin ပါ လန့်၍ တုန်တက်သွားမိသည်။

"အ .. အခု ဘယ်လိုပြောလိုက်တာ ?? "

သူ ပြောလိုက်တာက ရိုးရိုးလေးပါ။ ဘာကြောင့်များ ဆရာက ဒီလောက်အထိ တုန်လှုပ်သွားပါလိမ့်ဟု သူ တွေးနေမိသည် ။

"ကျွန်တော် အခန်းနံပါတ်ကိုး မှာ .. နေ .. နေချင်လို့ပါ "

ဆရာဂင်က ခပ်ကျဉ်းကျဉ်းသူ့မျက်လုံးကို မရမက ပြူးကျယ်၍ကြည့်ကာ သူ့တစ်ကိုယ်လုံးကိုလည်း အံ့အားသင့်ဟန်ဖြင့် ကြည့်လေသည်။ ထို့ကြောင့်
Jimin သည် လက်နှစ်ဖက်ကို ပွတ်သပ်ကာ ခပ်ရို့ရို့ရပ်နေရာမှ ပုံစံပြောင်းရပ်ကြည့်သည် ။

"ဘာလို့ အဲ့ဒီအခန်း လိုချင်ရတာလဲ ? မဟုတ်ဘူး .. ရတယ် .. ဟုတ်တယ် အဲ့ဒီ အခန်းပေးမယ် .. ဒါပေမယ့် ဘာအသံမှ ဆရာ မကြားချင်ဘူးနော် ..
ကျောင်းသားက အဲ့ဒီအခန်း နေချင်တယ်ဆိုလို့ ပေးတာနော် .. ဆရာနဲ့ဆိုင်သလား ဒီပြသာနာ? "

"မဆိုင်ပါဘူး ဆရာ .. "

သူ့မှာပါးစပ်ကသာဖြေလိုက်တာ ဆရာဘာကြောင့်များ ဒီလောက်တောင်ထိတ်လန့်နေရတာလဲဟု အဖြေရှာနေမိသည်။ ။
နေဖို့ အခန်းနံပါတ်လေးပြောတာကို ဒီလောက်ကြီး
အံအားသင့်နေစရာ လိုလို့လား ..?

"ဒါဆို ဆရာ ကျွန်တော်သွားလို့ရပြီလား?"

"ဟုတ်ပြီ ရပြီ .. သြော် ခဏလေးနေဦး
ကျောင်းသားနာမည်က ဘယ်သူ .. ? "

"ကျွန်တော် Park Jimin ပါ .. "

"ဟုတ်ပြီ .. Jimin အခန်းနံပါတ်ကိုး မှာ
အဆောင်ခန်း ရယူပြီးနော် .. "

ဆရာကင်က ပြောရင်း စာရွက်ပေါ် စုတ်တံဖြင့် လက်မှတ်ရေးထိုးကာ တံဆိပ်တုံးထုနှိပ်လိုက်သည် ။

"ကဲ .. ကျောင်းသားတံဆိပ်ရော ? "

"ဟို အဲ .. "

Jimin အထစ်ထစ်အငေါ့ငေါ့ဖြစ်ကာ ဟိုသခင်လေး
အား သတိရလိုက်မိသည် ။
နဖူးကို လက်ဖြင့် ဖွဖွ ကုတ်လိုက်ပြီးနောက် ..

တော်ဝင်ချစ်သက်သေ [JIKOOK]Where stories live. Discover now