10

5.9K 812 63
                                    

UNICODE

"မလှုပ်နဲ့ ... လှုပ်တာနဲ့ .. သတ်ပစ်မယ် "

နား'နားကို ကပ်၍ ခပ်တိုးတိုးတစ်လုံးချင်း ပြောခဲ့တာကြောင့် Jimin တုန်ယင်စွာဖြင့်
ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။
ကျောင်းမှာဖြစ်တဲ့ အမှုကိစ္စရဲ့ လူသတ်တရားခံဟု ထင်ရသည့်လူဟာ ယခု သူ့အနောက်မှာ ရှိနေပါသည်ဆိုသည့်အသိနဲ့တင် Jimin တစ်ကိုယ်လုံးဟာ ပျော့ခွေကျသွားမတတ်။

မြေကြီးပေါ် ဒူးထောက်ရက်သား လက်တွေကို အနောက်ဖက်မှာ ချုပ်ခံရထားရသည်။ လူက
​နည်းနည်းလေးပင် မလှုပ်ရှားနိုင်တာကြောင့် Jimin ပိုပြီး ကြောက်ရွံ့လာမိသည်။အနောက်က ထိုလူက ပတ်ဝန်းကျင်အခြေအနေကို တစ်ချက်ကြည့်လိုက်ကာ Jimin ကို မတ်တပ်ရပ်စေလိုက်သည်။

ပါးစပ်ကို လက်ဖြင့် အုပ်ထားရာမှ လွှတ်ပေးလိုက်သော်လည်း ဓားသွားရှည်က လည်ပင်းပေါ်မှာဆိုတော့ Jimin မှာ အော်ဖို့ဝေးစွ ... အသက်ကိုပင် အနိုင်နိုင်ရှူနေရသည်။

ကျောင်းအတွင်းဖက်မှ မီးတိုင်အလင်းရောင်ကို
ကျောင်းအုတ်နံရံအပေါ်ကနေ လှပ်ခနဲ လှမ်း၍ မြင်တွေ့လိုက်ရသောကြောင့် Jimin ဝမ်းသာစိတ်ကလေး ဖြစ်မိသွားသော်လည်း ကံဆိုးချင်တော့ ထိုသူလည်း အဲ့ဒါကို တွေ့လိုက်လေသည်။

ထိုအခါ .. Jimin ရဲ့ တစ်ကိုယ်လုံးကို အင်္ကျီကနေ ကိုင်၍ ဆွဲယူထစေလိုက်ကာ အရှေ့ကနေ အရင်သွားခိုင်းသည် ။ Jimin ကြောက်ရွံ့စိတ်နဲ့ လမ်းကို သတိထား လျှောက်ရင်း Taehyung တို့ အချိန်မှီ မြန်မြန်ရောက်လာခဲ့ပါစေဟုသာ ဆုတောင်းနေမိသည်။ လည်တိုင်ပေါ်က ဓားသွားရှည်ကလည်း ညအမှောင်ထဲမှာ တစ်ချက်တစ်ချက် လက်ခနဲ ။

ထိုသူက ကျောင်းနှင့်အတန်ငယ်ဝေးပြီး အိမ်ခြေတွေကင်းမဲ့သွားသည့် နေရာတစ်ခုအရောက်မှာ လက်ခေါက်တစ်ချက် မှုတ်လိုက်သည်။ ထိုအခါ အနက်ရောင်မြင်းကြီးတစ်ကောင်က လမ်းနံဘေးရှိ တောအုပ်ထဲကနေ ထွက်လာလေသည်။ ထိုသူက အဲ့ဒီမြင်းပေါ် လွှားခနဲ ခုန်တက်လိုက်ကာ တုန်ယင်နေသည့် Jimin ခန္ဓာကိုယ်ကို စွေ့ခနဲ လှမ်းဆွဲယူပြီး မြင်းပေါ်ကို တင်လိုက်သည်။

တော်ဝင်ချစ်သက်သေ [JIKOOK]Where stories live. Discover now