9

5K 722 94
                                    

UNICODE

နန်းဆောင်တစ်ခုလုံးတိတ်ဆိတ်နေသည်။
လခြမ်းကွေးလေးရဲ့ နံဘေးမှာ တိမ်တိုက်တို့ ဖြစ်ထွန်းနေခြင်းကြောင့် အနည်းငယ်မှောင်မိုက်နေပေမယ့် ထောင့်တိုင်းရှိ မီးတိုင်တွေဆီကနေ ပတ်ဝန်းကျင်တစ်ခုလုံးကို လုံလောက်သည့်အလင်းရောင်ပေးထားသည်။

"သက်တော်စောင့် ချူ  "

"ဟုတ်ကဲ့ပါ မင်းကြီး "

"ဟောဒီ အမိန့်စာလွှာကို မီးငှက်ဆီ အရောက်ပို့ပေးစမ်းကွယ် ..ပြီးတော့ အခုလာမယ့် လပြည့်ပန်းပွဲတော်ကိုစီစဉ်ကျင်းပဖို့ Namjoon ကိုလည်း တိတ်တဆိတ်ခေါ်ဆောင်ဦး .. အခုဆို သူလည်း ကျောင်းတော်မှာ တက်ရောက်နေတယ်ဆိုတော့ အလျဉ်းသင့်လိုက်လေခြင်းပါ့"

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး "

သက်တော်စောင့်က ဦးညွှတ်ကာ
ထွက်သွားလေပြီးနောက်တော့ ထယ်ဝမ်မင်းကြီးသည် ရေကန်ပြင်ကျယ်ပေါ် ထင်ဟပ်နေသည့် လခြမ်းငယ်အရိပ်ကို ကြည့်ကာ တစ်ကိုယ်တည်းပြုံးရယ်လိုက်၏။

အရာအားလုံးဟာ ကောင်းကင်ဘုံက ချမှတ်ခဲ့သည့်အတိုင်း ဖြစ်လာမည်ပဲမဟုတ်ပေလော။

* * * * *

" Park Jimin "

"ဟုတ် .. သခင်လေး "

စာအုပ်ထူထူတစ်အုပ်ကို သည်းကြီးမည်းကြီး
ကုန်းဖတ်နေရာက Min Yoongi ရဲ့  ခေါ်သံကြောင့် ထိုသခင်လေးရှိရာဖက်သို့ Jimin လှည့်ကြည့်လိုက်သည်။

"မနက်ဖြန် ကျောင်းပိတ်ရက်မဟုတ်ဘူးလား"

"ဟုတ်တယ် "

"ဘာစာအုပ်မို့လို့ စာအုပ်ထဲ
ဝင်သွားမတတ် ဖတ်နေရသလဲ !? "

"ဟီး .. Tae Hyung ငှားပေးထားတာ ..
စာအုပ်နာမည်က "နောက်ဆုံးမျက်ရည်"တဲ့
အလွန်ကောင်းတဲ့ ဇာတ်လမ်းသိလား
ဖတ်ချင်လို့လား သခင်လေး !? "

အားတက်တရော မေးလိုက်ပေမယ့် ပြန်ရခဲ့သည်က ..
"တော်စမ်းပါ .. " ဟူသတတ်။

"မေးလို့လည်း ဖြေရသေးတယ်
အော်ကလည်းအော်သေးတယ်" ဟု Jimin မကျေမချမ်း ခပ်တိုးတိုးရေရွတ်လိုက်ရင်း ကျောပေးကာ ပြန်ထိုင်လိုက်သည်။

တော်ဝင်ချစ်သက်သေ [JIKOOK]Where stories live. Discover now