UNICODE
ခေါင်းလောင်းသံကြားလိုက်ရတော့
အကြောအခြင်တွေကို ဆန့်ပစ်လိုက်သည် ။
ညောင်းညာသွားသည့် ပုခုံးကို
လက်သီးဆုပ်ကလေးဖြင့် တစ်ချက်နှစ်ချက် ထုရိုက်လိုက်သည်။အနုပညာပိုင်းဆိုင်ရာကဗျာအတန်းဖြစ်တာမို့
Jiminတစ်ယောက် အစမှအဆုံးစိတ်ပါဝင်စားစွာ သင်ယူလိုက်သည်ကြောင့် မျက်လုံးတွေပါ ကိုက်ခဲသွားလေရဲ့ .."Jimin .. ပင်ပန်းသွားပြီလား ? "
အနားသို့ရောက်လာကာ ထိုင်လိုက်သည့် သခင်လေး Kim Namjoon ကြောင့် Jimin အညောင်းဆန့်နေရာမှ ကပြာကယာဖြင့် တည့်မတ်စွာ ထိုင်လိုက်ရသည်။
"အာ .. သခင်လေး Namjoon !"
"တလေးတစားမလုပ်ပါနဲ့ကွာ ..မင်းကလည်း ဟားဟား ဘာလို့လဲ .. နန်းတွင်းကမို့လို့လား?
ငါလည်း ကျောင်းသားတစ်ယောက်ပဲကို ..""မ .. မဟုတ် .. သခင်လေး "
"Hyung လို့ခေါ် ..
Namjoon Hyung လို့ ..""ဗျာ .. ဒါပေမဲ့ ကျွန်တော်မျိုးက ဘယ်လိုလုပ် .. သခင်လေးကို .. "
"မခေါ်ဘူးလား !! "
"ဟုတ်ကဲ့ ... Namjoon Hyung ! "
တစ်ချက်ပဲ ဟန့်လိုက်ရသေးသည်။ ချက်ချင်း Hyung လို့ ဖြစ်သွားတာကြောင့်
Namjoon သဘောကျစွာ ရယ်ချလိုက်မိသည်။
ပြီးနောက် စာသင်ဆောင်ထဲမှ ထွက်ခွာသွားနေသည့် ကျောင်းသားတစ်ချို့ဆီ ဝေ့ဝဲကာ ကြည့်လိုက်ရင်း မေးလိုက်သည်။"တခြားသူတွေရော ..? "
"ဒီနေ့ ဘယ်သူမှ ဒီအတန်းကို မလာကြဘူး
Hyung .. ""တော်တော်ဝါသနာပါကြသကိုးးး ! "
ထိုသို့ ပြောလိုက်တော့ အရှေ့က Jimin မှ ပြီတီတီမျက်နှာပေးကလေးဖြင့် ..
"တခြားသူကို ရှာတာမဟုတ်ပဲ
Seokjin Hyung ကို ရှာတာမဟုတ်လား..?" ဟူ၍ စလေတော့သည်။Jimin ရဲ့ စကားကြောင့် သိသိသာသာကို ရဲခနဲ ဖြစ်သွားသည့် Namjoon Hyung ရဲ့ မျက်နှာ ။
ပြီးနောက်မှာ ချက်ချင်းကို ငြင်းလေတော့သည်။"အဟမ်း .. အဟမ်း !
မဟုတ်ပါဘူးကွာ .. မင်းကလည်း .. ""ဟုတ်ပါတယ်ဗျာ .. ဟီးဟီး !!
မျက်နှာက နီရဲသွားတာပဲ .. Hyung !! "
YOU ARE READING
တော်ဝင်ချစ်သက်သေ [JIKOOK]
Fanfiction[Unicode+Zawgyi] ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် _9 April / 2018 _ 🟣 sorry...