11

4.6K 731 102
                                    

UNICODE

တောထဲသို့ ဝင်လာခဲ့ပြီး ခဏအကြာမှာ
လှုပ်ရှားသံတစ်ချို့ကို ခပ်သဲ့သဲ့ ကြားလိုက်သည်ကြောင့် သူ မြင်းကိုအရှိန်သတ်လိုက်ပြီး သစ်ရွက်ကြွေတွေသာ ဖုံးလွှမ်းနေသည့်မြေကြီးပေါ်သို့ ဆင်းသက်လိုက်သည်။

မြင်းကိုတစ်ချက်နှစ်ချက် ပွတ်သပ်မြူလိုက်ရင်း ဟိုနှစ်ယောက် ဘယ်နားရှိနိုင်မည်လဲဆိုတာကို တွေးတောကာ
အရှေ့အနောက်မျက်စိကစားနေမိသည်။

Kim Tae Hyung သူက တကယ်ပဲ ဘာလဲ ??
ဒီလိုမျိုး ဖြူစင်တဲ့ ကလေးတစ်ယောက်ကို
တကယ်ပဲ ဆောင်ကြာမြိုင်ခေါ်သွားဖို့
လုပ်လေသလား ..??ဟန်ကုန်းကုန်းပြောသည့် တောအုပ်ထဲသို့ ဝင်သွားသည်ဆိုတာက သူတို့ရော ဟုတ်ရဲ့လား ..??

Jungkook သို့လောသို့လော  .. အမျိုးမျိုး စဉ်းစားနေမိသည်။ တွေးရင်းနဲ့ လမ်းလျှောက်ရင်း ဆွဲလားရမ်းလားဖြစ်နေသလို လူရိပ်တွေကို တွေ့လိုက်ရတော့ သူ့ခြေလှမ်းတို့ တုံ့ခနဲဆို ရပ်တန့်သွားသည်။

"ဒီလို မလုပ်ပါနဲ့ ! "

အသံတိုးတိုးလေးပေမယ့် နားထဲပီသစွာ ကြားလိုက်ရသောကြောင့်
ထိတ်ခနဲ စိုးရိမ်သွားရသည်။

" Park Jimin ? "

Jungkook တုံ့ဆိုင်းမနေပဲ ထိုနေရာသို့ အပြေးသွားလိုက်သည်။ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် မြင်ကွင်းအားပိုမိုသဲကွဲစွာ မြင်လိုက်ရတော့ နှလုံးသွေးတို့က ဆူပွက်လာရသည်။

"လွှတ်လိုက်စမ်း !! "

ထိုလူက အသံကြားတာကြောင့် အံ့သြတကြီး လှည့်ကြည့်ခဲ့ပေမယ့် လက်က သွက်လက်စွာ
မျက်နှာဖုံးကို စွပ်လိုက်တာကြောင့် Jungkook ..
ထိုသူ၏ မျက်နှာအား မမြင်လိုက်ချေ ။

သေချာသည်ကတော့ သူ ထင်ထားသည့်အတိုင်း Kim Taehyung  မဟုတ် ။

သူ့ထံ မျှော်လင့်တကြီးလှမ်းကြည့်လာသည့်
မျက်ရည်တွေပြည့်လျှံနေသော မျက်ဝန်းတို့နှင့် အတူ ..  ဖရိုဖရဲဖြစ်နေသည့် ဝတ်ရုံကို
ဆွဲတည့်မတ်နေသည့် Jimin ။

ထိုမြင်ကွင်းကို မြင်လိုက်သည့်အခါမှာ Jungkook ရင်ဘတ်အတွင်းမှာ ဒေါသမီးများ တဟုန်းဟုန်း တောက်လာခဲ့သည်။ Jungkook ထိုသူဆီ ပြေးဝင်ကာ အားကုန်ထည့်၍
ဆွဲထိုးပစ်သည်။ အခဲမကြေနိုင်စွာ နောက်ထပ် ဆက်တိုက်ကန်ကျောက်လိုက်ပြီးနောက် ပျော့ခွေလဲကျတော့မည့် Jimin ဆီကို အပြေးသွားလိုက် သည်။ထိုအခါ အချိန်ကိုက် သူ့ရင်ခွင်ထဲ ပြိုဆင်းကျလာသည့် ကိုယ်လုံးငယ် ...

တော်ဝင်ချစ်သက်သေ [JIKOOK]Where stories live. Discover now