17

7.9K 879 221
                                    

UNICODE

"လပြည့်ပန်းပွဲတော်အတွက် နန်းတွင်းဝင်ခွင့်
စာရင်းတွေ ကျလာပြီ!"

ကျောင်းသားတွေအားလုံး အပြေးအလွှားဖြင့် စာရွက်ကပ်သည့်နေရာဆီသို့ သွားကြသည်။
အဓိက Park Jimin ပေါ့။
ထိပ်ဆုံးကို ရောက်အောင် တိုးဝှေ့ကာပြေးသွားသည်။ ကပ်ထားသောစာရွက်တွင်
သူ့နာမည်ကို အလျင်အမြန် ရှာဖွေကြည့်သည်။ သို့သော်ငြား ...

"စီနီယာအစ်ကိုကြီး ဘာလို့ ကျွန်တော့်နာမည်
မပါတာလဲဟင် ? "

ပြိုတော့မယ့်မိုးလို မျက်နှာငယ်လေးဖြင့်
လှမ်းမေးလိုက်သည့် Jimin ရဲ့ အမေးကို
ဝင်ခွင့်စာရွက်တွေဝေပေးနေသည့် ကျောင်းသားခေါင်းဆောင်က ပြုံးရယ်လျက်ပြန်ဖြေသည်။

"စာမေးပွဲတွေဖြေတိုင်းမှာ ရလဒ်များတာရယ်၊
စည်းကမ်းလိုက်နာတဲ့ ရမှတ်တွေရယ်ကို ပေါင်းပြီး အမှတ်အများဆုံးတဲ့သူတွေပဲ
နန်းတွင်းထဲ ဝင်ခွင့်ရတာ .. ကလေးရဲ့"

ထိုအဖြေကိုကြားပြီးနောက် Jimin ရှုံ့မဲ့၍ လူတွေကြားမှ ပြန်ထွက်လာခဲ့သည်။
Taehyung တို့အုပ်စုက အနောက်နားမှာ
အေးအေးလူလူရပ်နေကြသည်ကို မြင်လိုက်ရ၍ ထိုနေရာသို့ သွားလိုက်သည်။

"Tae ..မင်းကရော ? "

"ပုကျုစ် မင်းမျက်နှာရီးကြည့်ကတည်းက
ဝင်ခွင့်မရမှန်း ငါသိတယ် .. ဟားဟား "

"ရယ်မနေနဲ့ .."

စူပုတ်ပုတ်ဖြင့် Jiminက ပြန်အော်တော့
Taehyung က Jimin ရဲ့ နဖူးကို မနာအောင် ခပ်ဖွဖွ တောက်လိုက်ကာ "အမ်း .. မပူပါနဲ့  မပူပါနဲ့
ငါလည်းမဝင်ရပါဘူး" ဟူ၍ ပြုံးရင်းဆိုသည်။

"ဟမ် ~ တကယ်လား !? "

"အင်း ကြည့်ရတာတော့ ငါတို့နှစ်ယောက်ပဲ မဝင်ရတာ သေချာပြီ .. hoseokie ရော
Jin hyung ရော ဝင်ခွင့်ရတယ် .. "

"ဒါဆို .. Namjoon hyung ရယ်
ဟိုသခင်လေးနှစ်ယောက်ရယ်ကရော ?"

"မသိဘူး ..Namjoon hyung ကတော့ နန်းတွင်းကဆိုတော့ မလိုလောက်ပါဘူးမလား "

"အိုး .. ဟုတ်ပါရဲ့ "

"ဟိုနှစ်ယောက်ရဲ့နာမည်ကိုတော့ ငါမကြည့်ခဲ့ရဘူး ..ပြီးတော့ မနက်ကတည်းက သူတို့ကိုမတွေ့မိဘူးရော "

တော်ဝင်ချစ်သက်သေ [JIKOOK]Where stories live. Discover now